ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ချန်ပီယံဆုအတွက်လည်း မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့ပါတယ်။ လီဗာပူးလ်က နယူးကာဆယ်ကို အဝေးကွင်းမှာ (၁)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သလို မန်စီးတီးကလည်း လိဒ်ကို အဝေးကွင်းမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မန်စီးတီးက အမှတ်ပေးဇယားထိပ်မှာ (၁)မှတ်အသာနဲ့ ဦးဆောင်နေပြီး၊ လီဗာပူးလ်ကလည်း ကပ်လျက် ဖိအားပေးနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အရှင်သခင်က ဘယ်သူဖြစ်မလဲဆိုတာက နောက်ဆုံးအချိန်ထိ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် သရဖူ လုပွဲလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်တာကောတာ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲဖြစ်ပြီး၊ စပါးနဲ့ အာဆင်နယ်တို့က အဓိက ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ကတော့ သင်္ချာနည်းအရ မျှော်လင့်ခွင့်ရှိသေးပေမဲ့ လက်တွေ့မှာတော့ ဖြစ်နိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီနေ့ စူပါဆန်းဒေးမှာတော့ အဆင့် (၃)နေရာက ချဲလ်ဆီးက အဲဗာတန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး စပါးကတော့ လက်စတာကို အိမ်ကွင်းမှာ ကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လှလှပပ အနိုင်ရရှိသွား ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးတို့ဟာ အဆင့်(၃)နေရာက ချဲလ်ဆီးနဲ့ (၅)မှတ်သာ ကွာဟနေတော့ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံး ဖို့ကလည်း (၄)ပွဲလောက်အထိ လိုနေသေးတာကြောင့် စပါးတို့အနေနဲ့ အဆင့်(၃)နေရာအထိ မျှော်မှန်းလို ရနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စပါးဟာ ကွန်တီလက်အောက်မှာ ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့ အသင်းတစ်သင်းဖြစ်လာနေပြီးတော့ တိုက်စစ်ပိုင်းမှာ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးသွင်းနှုန်းတွေကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားလာနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ အခြေအနေမှာ တဖက်မှာ ပြိုင်ဘက် အာဆင်နယ်ရဲ့ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံပြီး ပွဲကြပ်နေမှုကို အခွင့်ကောင်းယူကာ စပါးတို့ဟာ လက်စတာကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ လက်စတာတို့က (၆၀)ရာခိုင်နှုန်းလောက်အထိ ပိုင်ဆိုင်ပြီး စပါးကို ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ကွန်တီကတော့ အနိုင်(၃)မှတ်အတွက် သွင်းဂိုးတွေရဖို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရစရာ မလိုဘူးဆိုတာကို ရော်ဂျာကို သင်ကြာပေးခဲ့ပါတယ်။

စပါးတို့ဟာ ပွဲကစားချိန် (၂၂)မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ကိန်းက ခေါင်းတိုက်ပြီးတော့ ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန် (၅၅)မိနစ်အရောက်မှာ လူးကပ်မော်ရာ အစား ကူလူဆဗ်စကီ ဝင်လာပြီးတဲ့နောက်ပိုင်း စပါးတို့ရဲ့ တိုက်စစ်ပိုင်းက ပိုအသက်ဝင်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆွန်ဟောင်မင်၊ ကိန်း၊ ကူလူဆဗ်စကီတို့ရဲ့တိုးအားတွေ အောက်မှာ မြေခွေးတို့ ဖရိုဖရဲဖြစ်နေပုံက မဗဒါ မြေလူးနေသလိုပါပဲ။ ဒီအခြေအနေတွေကြောင့်ပဲ ပွဲကစားချိန် (၆၀)မိနစ်ကို အရောက်မှာ ကူလူဆဗ်စကီရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဆွန်က ချိန်သားကိုက် ပြေးဝင်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို ရယူပေးသွားနိုင်ခဲ့ပါတယ်။

တကယ်တော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အဖြစ် ရပ်တည်နေတဲ့ စပါးတိုက်စစ်ကို (၂)ဂိုးလောက်နဲ့ ပွဲပြီးလိုက်ရဖို့အတွက် လက်စတာတို့မှာ အခွင့် မရှိခဲ့ပဲ ပွဲကစားချိန် (၇၉)မိနစ်မှာ ကူလူဆဗ်စကီရဲ့ ဖန်တီးပေးမှုကနေတဆင့်ပဲ ဆွန်က အနိုင်သေချာစေမယ့် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ (၃)ဂိုးပေးလိုက်ရပြီးတဲ့နောက် မြေခွေးတို့ဟာ တောထဲက ပြန်လာနိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အိုင်ဟီနာချိုရဲ့ မိနစ်(၉၀)အရောက် နှစ်သိမ့် ဂိုးတစ်ဂိုးနဲ့ အတူပဲ ဒီရာသီ ယူရိုပါလိဂ်တော့ မဝင်နိုင်တော့တဲ့ နေရာတစ်ခုဆီကို ရောက်ရှိသွားခဲ့ရပါတော့တယ်။

စပါးတို့ဟာ (၂၀၂၂)အတွင်း မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့ထက်ကို ပရီးမီးယားလိဂ် သွင်းဂိုးပိုများနေခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းသွားနေတယ်လို့ဆိုရမှာပါ။ လက်ရှိ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက် အာဆင်နယ် အသင်းကလည်း ဝက်ဟမ်း အသင်းကို အမှားမခံပဲ အနိုင်ရယူ ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အားပြိုင်မှုကနေ ချဲဆီး၊ အာဆင်နယ်နဲ့တော့တင်ဟမ်တို့တသင်းထဲက ဘယ်အသင်း နှုတ်ဆက် ရမလဲ နောက်ဆုံးချိန်ထိ အဖြေရှာရဖို့ ရှိနေပါတယ်။ ဒီတပတ်မှာ ရှုံးပွဲ ကြုံခဲ့တဲ့ ချဲဆီး အသင်းကြောင့် အာဆင်နယ် အသင်းနဲ့ တော့တင်ဟမ်တို့ဟာ ရာသီကုန် အဆင့် ၃နေရာထိ မျှော်လင့်လို့ရနေသေးပြီး ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

ZAWGYI: ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ချန်ပီယံဆုအတွက်လည်း မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့ပါတယ်။ လီဗာပူးလ်က နယူးကာဆယ်ကို အဝေးကွင်းမှာ (၁)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သလို မန်စီးတီးကလည်း လိဒ်ကို အဝေးကွင်းမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မန်စီးတီးက အမှတ်ပေးဇယားထိပ်မှာ (၁)မှတ်အသာနဲ့ ဦးဆောင်နေပြီး၊ လီဗာပူးလ်ကလည်း ကပ်လျက် ဖိအားပေးနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အရှင်သခင်က ဘယ်သူဖြစ်မလဲဆိုတာက နောက်ဆုံးအချိန်ထိ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။