ကင်းပါဝါစတေဒီယမ်မှာ လက်စတာတို့ကို ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ နိုင်ပွဲတပွဲကိုကိုင်ဆွဲထားခဲ့ခြင်းအားဖြင့် ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲကနေ အဲဗာတန်တို့ ပြန်ကုန်းတက်လာခဲ့ကြပါတယ်။ ဗစ်တားလီမစ်ကိုလန်ကိုရဲ့ မင်သက်စရာဗော်လီဂိုးနဲ့ မေဆန်ဟိုးဂိတ်ရဲ့ခေါင်းတိုက်ဂိုးတွေက ဖရန့်လမ်းပတ်ရဲ့အသင်းကို ငါးပွဲအတွင်း တတိယမြောက်နိုင်ပွဲကိုပေးခဲ့ပြီး လက်ကျန်လေးပွဲမှာ ကိုယ့်ကြမ္မာကိုယ်အဆုံးသတ်ဖို့ ကွန်ထရိုးကို သူတို့လက်ထဲမှာပဲဆက်ရှိနေဖို့ သေချာစေခဲ့ပါတယ်။

အဲလက်စ်အီဝိုဘီရဲ့ဖြတ်တင်ပေးပို့မှုကို မစ်ကိုလန်ကိုက အကောင်းစားအဆုံးသတ်ပြီး ၆ မိနစ်မှာတင် အဲဗာတန်တို့ဦးဆောင်မှုရခဲ့ပေမဲ့ နောက် ၅ မိနစ်အကြာမှာတော့ ဂျော်ဒန်ပစ်ဖို့ဒ်ကို ခေါင်းတိုက်ပြန်ချပေးဖို့ကြိုးစားတဲ့ ယာရီမီနာရဲ့ခေါင်းတိုက်ချက်ကို ပတ်ဆန်ဒါကာက အခွင့်ကောင်းယူပြီး လက်စတာတို့အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ နာရီဝက်မှာတော့ ထောင့်ကန်ဘောကနေ ရစ်ချာလီဆန်ရဲ့ ကနဦးခေါင်းတိုက်ချက်ကို ကတ်စပါရှမိုက်ကယ်က ပုတ်ထုတ်လိုက်ပြီးနောက် မာကင်လွတ်နေတဲ့ဟိုးလ်ဂိတ်က အမြန်ဆုံးတုံ့ပြန် ခေါင်းတိုက်သွင်းပြီး အဲဗာတန်တို့ရဲ့ဦးဆောင်မှုကို ပြန်ယူခဲ့ပါတယ်။

နောက်ထပ်ချေပဂိုးကို မဖြစ်မနေရှာခဲ့ရတာဖြစ်လို့ ဒုတိယပိုင်းအများစုမှာ လက်စတာတို့ကကြီးစိုးခဲ့ပါတယ်၊ ဒါပေမဲ့ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်က ဒီနေ့မှာလည်း စိတ်အားထက်သန်နေတဲ့ပုံစံကောင်းမှာရှိနေခဲ့ပါတယ်။ တနင်္ဂနွေနေ့တုန်းက ချယ်လ်ဆီးတို့နဲ့ပွဲမှာ တရာသီလုံးအကောင်းဆုံးကာကွယ်မှုတွေထဲက တခုဖြစ်နိုင်တဲ့ကာကွယ်မှုကိုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သူ့အသင်းရဲ့ကျဉ်းမြောင်းတဲ့ဦးဆောင်မှုကိုကာကွယ်ဖို့ မန်ဒီနဲ့ ဟာဗေးဘန်းစ်တို့ကို ကွက်တိကွက်ကျကာကွယ်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်တို့က အာဆင်နယ်ကို ၂-၁ နဲ့ရှုံးခဲ့တာကြောင့် အဆင့် ၁၈ ကိုကျသွားခဲ့ပြီး အဲဗာတန်တို့က ဘန်လေနဲ့ လိဒ်တို့နဲ့ တမှတ်အကွာ အဆင့် ၁၆ ကိုတက်သွားခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်တို့က တပွဲလျော့ကစားထားတာပါ။ လက်စတာတို့ကတော့ ဒီအရှုံးကြောင့် ပရီးမီးယားလိဂ်နိုင်ပွဲမဲ့လမ်းကြောင်း ၅ ပွဲအထိ ရှည်လျားသွားခဲ့ပြီး အဆင့် ၁၄ အထိကျဆင်းသွားခဲ့ပါတယ်။ “လက်ရှိအချိန်မှာ ပွဲတိုင်းက စိတ်ခံစားချက်ပြင်းထန်တဲ့ပွဲတွေချည်းဖြစ်နေပါတယ်၊ ပွဲတွေမှာ အများကြီးတွေ ဖြစ်ပျက်နေကြပါတယ်။”

“ကျနော်တို့ အတူတကွတိုက်ခိုက်နေကြပါတယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲနဲ့ ခက်ခဲတဲ့ပြိုင်ဘက်ပါ၊ ဒါပေမဲ့ ဒါနဲ့ ကျနော်တို့ထိုက်တန်ပါတယ်။ အခွင့်အရေးတွေဖန်တီးခဲ့တယ်၊ တခါတရံမှာ ကိုယ့်ကံကိုခိုစီးခဲ့တယ်။ ဒီလိုအခိုက်အတံ့တွေကို ကျေနပ်ခံစားကြဖို့အရေးကြီးပါတယ်၊ ဒါပေမဲ့ လုပ်စရာအလုပ်တွေအများကြီး ရှိနေပါတယ်။” လို့ အဲဗာတန်မန်နေဂျာ ဖရန့်လမ်းပတ်က စကိုင်းစပေါ့စ်ကိုပြောပါတယ်။ အသင်းနောက်မှာ အမြဲရှိနေတဲ့ပရိသတ်တွေနဲ့ပတ်သတ်ပြီးလည်း

“သူတို့က အမေးဇင်းပဲ။ မနေ့တုန်းက လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့အတွက် သူတို့လုပ်ပေးခဲ့တာ၊ ဒီလိုနဲ့တူတဲ့ဘယ်လိုအရာမျိုးကိုမှ ကျနော်မကြုံတွေ့ဖူးခဲ့ပါဘူး။ အဆုံးထိတိုင်ပံ့ပိုးအားပေးခြင်း၊ ကွင်းထဲကို ကျနော်ပြန်ထွက်လာခဲ့တာ ဘာလို့လဲဆိုတော့ သူတို့တွေက မယုံနိုင်စရာကောင်းလွန်းလို့ဖြစ်ပြီး သူတို့နဲ့ပတ်သတ်ပြီး ကျနော်တို့ဘယ်လိုခံစားရတယ်ဆိုတာ သူတို့သိဖို့လိုအပ်တာကြောင့်ပါ။ လုပ်စရာအလုပ်တွေ ကျနော်တို့မှာရှိနေဆဲပါ။” လို့ ဆိုပါတယ်။ လိဒ်တို့ရှုံးသွားတဲ့နဲ့ပတ်သတ်ပြီးတော့လည်း “ဘုတ်ပေါ်မှာ ဒါက ဆက်တိုက်တက်နေခဲ့တာပါ၊ ဒီတော့ ကျနော်ဒါကိုသတိထားမိခဲ့ပါတယ်။ အဓိကကိစ္စကတော့ ကိုယ့်ကိုယ်ကိုယ်အပေါ် အာရုံစိုက်ဖို့ပါပဲ။” လို့ ဆိုပါတယ်။

ZAWGYI…ကင်းပါဝါစတေဒီယမ်မှာ လက်စတာတို့ကို ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ နိုင်ပွဲတပွဲကိုကိုင်ဆွဲထားခဲ့ခြင်းအားဖြင့် ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲကနေ အဲဗာတန်တို့ ပြန်ကုန်းတက်လာခဲ့ကြပါတယ်။ ဗစ်တားလီမစ်ကိုလန်ကိုရဲ့ မင်သက်စရာဗော်လီဂိုးနဲ့ မေဆန်ဟိုးဂိတ်ရဲ့ခေါင်းတိုက်ဂိုးတွေက ဖရန့်လမ်းပတ်ရဲ့အသင်းကို ငါးပွဲအတွင်း တတိယမြောက်နိုင်ပွဲကိုပေးခဲ့ပြီး လက်ကျန်လေးပွဲမှာ ကိုယ့်ကြမ္မာကိုယ်အဆုံးသတ်ဖို့ ကွန်ထရိုးကို သူတို့လက်ထဲမှာပဲဆက်ရှိနေဖို့ သေချာစေခဲ့ပါတယ်။