စီးရီးအေကလပ် ရိုးမားအသင်းဟာ မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူ စာချုပ်ချုပ်နိုင်ဖို့ အတွက် အရာရာတိုင်းကို ကြိုးစားသွားမယ်လို့ အီတလီက လာတဲ့ သတင်းရင်းမြစ်တွေ အရ သိရပါတယ်။ စီရောနြယဒြိုဟာ ပွီးခဲ့တဲ့ ရာသီက မနျယူနိုကျတကျနဲ့ အတး စိတပြကွစြရာ ဘောလုံးရာသီတဈခုကို ပိုငျဆိုငျခဲ့ရပွီးတဲ့နောကျ လကျရှိနှရောသီ အပွောငျးအရှှေ့ ဈေးကှကျထဲမှာ မနျယူနိုကျတကျမှာပဲ ဆကျနမေလား အသငျးပဲ ပွောငျးမလား အားလုံးက စိတျဝငျစားနကွေတဲ့ သူဖွဈပါတယျ။

စီရော်နယ်ဒိုနဲ့ နီးစပ်တဲ့ သူတွေရဲ့ ပြောကြားချက်အရ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပေမဲ့ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ စီရော်နယ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းတွေ့ များပြားလျက် ရှိနေပါတယ်။ စီရော်နယ်ဒို အနေနဲ့ လာမယ့် ဘောလုံးရာသီသစ်မှာ မန်ယူနိုက်တက်နဲ့ အတူ တိုက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပေမဲ့ လက်ရှိ နွေဈေးကွက်ထဲမှာ မန်ယူနိုက်တက်ရဲ့ ရည်ရွယ်ချက် မရှိတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကိုတော့ စိတ်ပျက်လျက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားအတိုင်းသာ ဆက်သွားမယ်ဆိုရင် စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်ကို စွန့်ခွာဖို့ အဆင်သင့် ဖြစ်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ အသက်(၃၇)နှစ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုကို ဘိုင်ယန်ထံ ပြောင်းရွှေ့ဖို့ အတွက် စီရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူတွေက ဘိုင်ယန်မြူးနစ်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေက ဆိုခဲ့ကြပြန်ပါတယ်။ အခုလက်ရှိမှာတော့ အီတလီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အီတလီကလပ် ရိုးမား အသင်းဟာ စီရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ အရာရာတိုင်းကို ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဖော်ပြလာခဲ့တာပါ။

ရိုးမား အသင်းရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ ဖေဘီယို ပတ်ထရုဇီက သူ့ဆီမှာ ရိုးမားအသင်းက စီရော်နယ်ဒိုကို စိတ်ဝင်စားနေတယ်ဆိုတဲ့ အချက်အလတ်တွေနဲ့ ပတ်သက်တဲ့ သတင်းအရင်းအမြစ်တွေ ရရှိထားတယ်လို့ အခိုင်အမာပြောကြားသွားခဲ့တာပါ။ စီရော်နယ်ဒိုအနေနဲ့ ရိုးမား အသင်းထံ ပြန်လည်ပြောင်းရွှေ့မှုက ကစားသမားဘ၀ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပြသခဲ့တဲ့ အချိန်က ရီးရဲလ်မှာ လက်တွဲခဲ့တဲ့ ဆရာဟောင်း မော်ရင်ဟိုနဲ့ ပြန်လည် တွေ့ဆုံဖို့လည်း ဖြစ်လာမှာပါ။

ဒါပေမဲ့ တစ်ခုထည့်သွင်းစဉ်းစား စရာ ရှိလာတဲ့ အချက်က ရိုးမားအသင်းဟာလည်း မန်ယူနိုက်တက်လိုပဲ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ထားခဲ့တဲ့ အသင်းဖြစ်တာကြောင့် စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့ ရိုးမားကို ပြောင်းရွှေ့ မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။ စီရော်နယ်ဒို အနေနဲ့ စီးရီးအေမှာ ဂျုဗင်တပ်နဲ့ အတူ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပြသထားခဲ့ပြီးတော့ ဂျုဗင်တပ်မှာ ရှိနေခဲ့တဲ့ အချိန်အတွင်း (၁၃၄)ပွဲမှာ သွင်းဂိုး (၁၀၁)ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂျုဗင်တပ်နဲ့ အတူ စကူဒက်တို ဖလားကို (၂)ကြိမ် ရရှိထားခဲ့ သူဖြစ်ပါတယ်။

တူရင်ကနေ မန်ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ ချိန်မှာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၄)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ထိပ်တန်းအဆင့်မှာ ရှိနေဆဲ ဆိုတာကို သက်သေပြထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကလည်း လူပြောများနေတဲ့ အရာ ဖြစ်ပြီး ဘယ်အသင်းကို ပြောင်းရွှေသွားမလဲ၊ မန်ယူနိုက်တက်မှာပဲ ဆက်ရှိမလားဆိုတာက စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: စီးရီးအေကလပ် ရိုးမားအသင်းဟာ မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူ စာချုပ်ချုပ်နိုင်ဖို့ အတွက် အရာရာတိုင်းကို ကြိုးစားသွားမယ်လို့ အီတလီက လာတဲ့ သတင်းရင်းမြစ်တွေ အရ သိရပါတယ်။ စီရောနြယဒြိုဟာ ပွီးခဲ့တဲ့ ရာသီက မနျယူနိုကျတကျနဲ့ အတး စိတပြကွစြရာ ဘောလုံးရာသီတဈခုကို ပိုငျဆိုငျခဲ့ရပွီးတဲ့နောကျ လကျရှိနှရောသီ အပွောငျးအရှှေ့ ဈေးကှကျထဲမှာ မနျယူနိုကျတကျမှာပဲ ဆကျနမေလား အသငျးပဲ ပွောငျးမလား အားလုံးက စိတျဝငျစားနကွေတဲ့ သူဖွဈပါတယျ။