ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ တော်ရီးယားဟာ ဒီနွေရာသီမှာ အာဆင်နယ် အသင်းကနေ ကျိန်းသေပေါက် ထွက်ခွာမှာ ဖြစ်ပြီး ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ ရှိတဲ့ အသင်းထဲမှာ မော်ရင်ဟို ရဲ့ ရိုးမား အသင်းလည်း ပါဝင်ကြောင်း ဆိုပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၈ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စီရီးအေ ကလပ် ဆမ်ဒိုးရီယား အသင်း ကနေ တော်ရီးယား ကို ခေါ်ယူ ခဲ့တာ ဖြစ်ပြီး ၊ ဥရုဂွေးသား ဟာ ရောက်ရောက်ချင်း နှစ်မှာ ပွဲထွက် ကစားခွင့် အမြောက်အမြားရရှိ ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှု ရရှိ ခဲ့ပါတယ် ။

ဒါပေမယ့် ဒုတိယရာသီမှာတော့ တော်ရီးယား ဟာ ပွဲထွက် ကစားခွင့် အနည်းငယ် သာ ရရှိတော့ပြီး လူစာရင်းကနေ မကြာခဏ ဆိုသလို ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ တော်ရီးယား ကို စပိန် ကလပ် အေတီကိုမက်ဒရစ် အသင်းထံ အပြီးသတ်ဝယ်ယူခွင့် မပါတဲ့ အငှားစာချုပ် နဲ့ ထွက်ခွာခွင့်ပြု ခဲ့ပါတယ် ။ ဒါပေမယ့်လည်း တော်ရီးယား ဟာ အက်သလက် တီကို မက်ဒရစ် အသင်းမှာလည်း ပုံမှန် ပွဲထွက် ကစားခွင့် ရရှိ ခဲ့ခြင်း မရှိပါဘူး ။

ပြီးခဲ့တဲ့ရာသီမှာတော့ တော်ရီးယားကို ဖီအိုရင်တီးနား အသင်းထံ ထပ်မံ အငှားချခဲ့ပြီး အဓိက ကစားသမား အဖြစ် ကစားခွင့် ရရှိ ခဲ့ပါတယ် ။ ဒါ့အပြင် တော်ရီးယား ဟာ ဖီအိုရင်တီးနား အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၃ ကြိမ်တိုင် ရရှိခဲ့ပါတယ် ။ ပြီးခဲ့တဲ့ လတုန်းက တော်ရီးယားဟာ ဖီအိုရင်တီးနား အသင်းကို အပြီးသတ် ပြောင်းရွှေ့ချင်ပေမယ့် အာဆင်နယ် အသင်း နဲ့ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေးကို ဈေးဆစ် နေတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ် သွားခဲ့ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ဖူးပါတယ် ။

ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား ကိို ယူရို ၁၅ သန်း (ပေါင် ၁၂.၈သန်း) နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိ နေပေမယ့် စီရီးအေ ကလပ်ဟာ အဆိုပါ ပမာဏကို မပေးချေချင်ဘဲ ယူရို ၇ သန်း(ပေါင် ၆ သန်း) နဲ့သာ ကမ်းလှမ်းခဲ့ပါတယ် ။ တော်ရီးယား က ဥရုဂွေး မီဒီယာ တစ်ခု နဲ့ အင်တာဗျူးမှာ မော်ရင်ဟို ရဲ့ ရိုးမား အသင်းကို ပြောင်းရွှေ့မှာလား ဆိုတဲ့ မေးခွန်းကို ” ရိုးမားလား ၊ ဒါပေါ့ဗျာ ၊ ဖြစ်နိုင်ချေ ရှိပါတယ် ၊ သိပ်မကြာသေးခင်က ကျွန်တော် မော်ရင်ဟို နဲ့ စကားပြောဖြစ် ခဲ့ပါတယ် ။”

” သူက ကျွန်တော် လေးစားရတဲ့ နည်းပြ တစ်ဦးပါ ၊ ဒီအခွင့်အရေးကို ကျွန်တော် သဘောကျနှစ်သက်ပါတယ် ၊ ဒါပေမယ့် ဖြစ်လာဖို့က သိပ်တော့ မလွယ်ကူပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ တော်ရီးယား ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဂန်းနားတို့ဟာ ဒီနွေရာသီမှာ အသုံးစရိတ် ထွက်လာအောင် အပြီးသတ် ရောင်းချ ချင်နေပါတယ်။

ZAWGYI: ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ တော်ရီးယားဟာ ဒီနွေရာသီမှာ အာဆင်နယ် အသင်းကနေ ကျိန်းသေပေါက် ထွက်ခွာမှာ ဖြစ်ပြီး ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ ရှိတဲ့ အသင်းထဲမှာ မော်ရင်ဟို ရဲ့ ရိုးမား အသင်းလည်း ပါဝင်ကြောင်း ဆိုပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၈ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စီရီးအေ ကလပ် ဆမ်ဒိုးရီယား အသင်း ကနေ တော်ရီးယား ကို ခေါ်ယူ ခဲ့တာ ဖြစ်ပြီး ၊ ဥရုဂွေးသား ဟာ ရောက်ရောက်ချင်း နှစ်မှာ ပွဲထွက် ကစားခွင့် အမြောက်အမြားရရှိ ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှု ရရှိ ခဲ့ပါတယ် ။