အမေရိကန်မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းအနေနဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ရီကီ ပွစ်ဂျ်ကို ဘာစီလိုနာအသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့မန်နေဂျာ ဂျာဗီ ဟာနန်ဒက်ဇ်အနေနဲ့ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွေမှာလည်း ပွစ်ဂျ်ကို ခေါ်ဆောင်လာခဲ့ခြင်းမရှိခဲ့ဘဲ အရေးပေးမှုလည်း မရှိခဲ့သလို အခုအချိ်နမှာတော့ ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အသင်းပေးပြောင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပွစ်ဂျ်ကတော့ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားလို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ စီနီယာအသင်းကြီးအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာစီနီယာအသင်းကြီးအတွက် ကစားခဲ့တဲ့ ပွဲ ၆၀ အတွင်း သွင်းဂိုး ၂ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွစ်ဂျ်အနေနဲ့ ယခုအပြောင်းအရွှေ့မှာတော့ ၃ နှစ်ခွဲစာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်မှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ပြန်လည်ဝယ်ယူခွင့်လည်းပါဝင်သလို ပြန်လည်ရောင်းချခဲ့ရင်လည်း ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးရဲ့ တစ်ဝက်ကို ရရှိသွားမှာဖြစ်ပါတယ်။ LA ဂလက်ဆီအသင်းရဲ့ နည်းပြချုပ် ဂရက်ဂ် ဗန်းနီက “ကျွန်တော်တို့အနေနဲ့ ပွစ်ဂျ်ကို LA ဂလက်ဆီအသင်းဆီ ကျေကျေနပ်နပ်ကြီးကို ကြိုဆိုပါတယ်။ ရီကီအနေနဲ့ အတော်လေး နည်းစနစ်ပိုင်းကောင်းမွန်ပြီး သင်ယူမှုများတဲ့ ကစားသမားဖြစ်သလို သူ့အရွယ်နဲ့ဆို အံ့မခန်းအတွေ့အကြုံတွေရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အစုအဖွဲ့နဲ့ ကျွန်တော်တို့ ကစားဟန်နဲ့မှာ သူ့အနေနဲ့ အလျင်အမြန်ပဲ အံဝင်ခွင်ကျဖြစ်သွားပါလိမ့်မယ်”လို့ ပြောလာခဲ့ပါတယ်။

ပွစ်ဂျ်အနေနဲ့ ဥရောပကလပ်အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဖော်ဟောင်း ဗစ်တာ ဗက်ဇ်ကက်ဇ်ရဲ့ အဆွယ်ကောင်းတာကြောင့် မေဂျာလိဂ်ကို ရောက်ရှိကာ ဂလက်ဆီအသင်းနဲ့ စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ LA ဂလက်ဆီအသင်းကတော့ လက်ရှိမှာ မေဂျာလိဂ်အနောက်ပိုင်း ကွန်းဖရန့်စ်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ၂၂ ပွဲ ကစားအပြီးမှာ ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁၀ ပွဲရှုံးဆိုတဲ့ ရလဒ်ကို ရရှိထားတာဖြစ်ပါတယ်။

ZAWGYI: အမေရိကန်မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းအနေနဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ရီကီ ပွစ်ဂျ်ကို ဘာစီလိုနာအသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့မန်နေဂျာ ဂျာဗီ ဟာနန်ဒက်ဇ်အနေနဲ့ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွေမှာလည်း ပွစ်ဂျ်ကို ခေါ်ဆောင်လာခဲ့ခြင်းမရှိခဲ့ဘဲ အရေးပေးမှုလည်း မရှိခဲ့သလို အခုအချိ်နမှာတော့ ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အသင်းပေးပြောင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။