ညက ကစားသွားခဲ့ကြတဲ့ နာမည်ကြီး ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၄)မှာ အိမ်ရှင်ပြင်သစ်တို့ဟာ မိုဒရစ်ဦးဆောင်လာတဲ့ ခရိုအေးရှား အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုး မရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ တွေ့ဆုံမှု သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ဆုံး (၁၀)နှစ်အတွင်း ပြင်သစ်တို့ဟာ ခရိုအေးရှားကို တကြိမ်တခါမှ ရှုံးနိမ့်ထားခဲ့ခြင်းမရှိသေးပဲ ကမ္ဘာ့ဖလား၊ နေရှင်လိဂ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ စုစုပေါင်း (၅) ကြိမ်အထိ တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၅)ကြိမ်မှာ ပြင်သစ်တို့ဟာ ခရိုအေးရှားကို (၃)ကြိမ် အထိ အနိုင်ရရှိထားခဲ့ပြီး၊ (၂)ပွဲ သရေကျထားခဲ့ကာ တစ်ပွဲမှ ရှုံးနိမ့်ထားခဲ့ခြင်းတော့ မရှိခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်မြေမှာ တင် ဒူးထောက် အရှုံးပေးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး ပြင်သစ်တို့ အနေနဲ့ မိုဒရစ်ရဲ့ ပွဲကစားချိန်(၅)မိနစ်မှာတင် ရရှိခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး အုပ်စုပွဲစဉ်(၄) ပွဲကစားပြီးတဲ့ အချိန်ထိ နိုင်ပွဲ တစ်ပွဲမှ ရယူနိုင်ခဲ့ခြင်းမရှိသေးပဲ အုပ်စုတွင်း အောက်ဆုံးအဆင့်မှာ ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။

ညက ပွဲစဉ်မှာဆိုရင် ပြင်သစ်တို့ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ အမ်ဘာပေတို့လို အဓိက တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာဆိုရင်လည်း အန်ကန်ကု၊ ကမာရာ၊ ဂွမ်ဒူဇီနဲ့ ရာဘီရော့တို့လို အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်တန်းမှာဆိုရင်လည်း ကော့ဒီ၊ ကိုနာတီ၊ ကင်ပါဘီနဲ့ ဒစ်နီတို့လို ကစားသမားတွေ အစုံ အလင်နဲ့ ပွဲထွက်လာပြီး၊ ဂိုးသမားနေရာမှာတော့ မိုင်နန်းက ပွဲထွက်လာခဲ့တာကြောင့် တော်တော်လေး တောင့်တင်းတဲ့ လူစာရင်းတရပ်နဲ့ ပွဲထွက်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ခရိုအေးရှားကတော့ အဓိက ကစားသမား အစုံ အလင်နဲ့ ပွဲထွက်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပေမဲ့ ပြင်သစ် အသင်းရဲ့ လူစာရင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် ခရိုအေးရှားတို့အနေနဲ့ ပြင်သစ်ကို ယှဉ်နိုင်စရာ အကြောင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကစားချိန်မှာတော့ ပြင်သစ်တို့ဟာ အိမ်ရှင် အသင်း ဖြစ်နေပေမဲ့ ခရိုအေးရှားကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားနေခဲ့ရတာ ဖြစ်ပြီး၊ ခရိုအေးရှားတစ်သင်းလုံးရဲ့ ဟန်ချက် ညီနေတဲ့ ကစားဟန်တွေ့ ပြင်သစ်ကို အခက်အခဲ ဖြစ်စေခဲ့တာပါ။

ဘောလုံး ပိုင်ဆိုင်မှု အသာ ဂိုးပေါက်ကန်သွင်းမှု အသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေလည်း ခရိုအေးရှားနောက်တန်းနဲ့ ဂိုးသမားကိုတော့ ကျော်လွန်နိုင်ခဲ့ ခြင်းမရှိပဲ ဂိုးကန်သွင်းမှု (၁၇)ကြိမ်မှာ ဂိုးပေါက်တည့်မတ်မှုဟာ (၄)ကြိမ်သာ ရှိခဲ့တဲ့ အထိ ခရိုအေးရှားနောက်တန်းက လုံခြုံခဲ့ပါတယ်။ ခရိုအေးရှား ဂိုးသမား မိုင်နန်းဆိုရင် ပြင်သစ်တို့ရဲ့ ကန်ချက်တွေထဲကမှ တော်တော်လေး ကောင်းမွန်လှတဲ့ ကန်ချက် (၂)ကြိမ်လောက်ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ၊ ကန်တီနဲ့ ဂရစ်မန်းတို့ ပါဝင်လာခဲ့ ခြင်းမရှိတာကြောင့် ပြင်သစ် အသင်းရဲ့ ကွင်းလယ်ပိုင်းကို တိုက်စစ်ကို ပံ့ပိုးမှု အပိုင်းမှာ အနည်းငယ် အားနည်းချက်တွေရှိနေခဲ့ပေမဲ့ ဘန်ဇီမာဆိုရင် ပွဲချိန်အတွင်း ဂိုးကန်သွင်းမှု (၁)ကြိမ် သာ ပြုလုပ်နိုင်ခဲ့တာကတော့ ဆိုးရွားလွန်းတယ်လို့ ဆိုရမှာပါ။ အမ်ဘာပေ အနေနဲ့ ဂိုးပေါက် ကန်သွင်းမှု (၆)ကြိမ် ပြုလုပ်ပြီး အခွင့်အရေးကောင်း တစ်ကြိမ် ရခဲ့ပေမဲ့ အဆုံးသတ် မသေချာခဲ့တာကြောင့် ဂိုးရရှိဖို့အတွက်တော့ နစ်နာခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြင်သစ်တို့ အနေနဲ့ ခရိုအေးရှားရဲ့ မာကျောကျစ်လစ်တဲ့ အသင်းလိုက်ကစားပုံကို ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပွဲပြီးဆုံးချိန်မှာတော့ (၁)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ နေရှင်လိဂ်မှာ အုပ်စုကနေ ပြန်လှည့်ရမယ့် အနေအထားကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်(၄)ပွဲ ကစားပြီးချိန်မှာ (၂)ပွဲ သရေ (၂)ရှုံးနဲ့ ရမှတ် (၂)မှတ်သာ ရရှိထားခဲ့သေးကာ အုပ်စုတွင်း အဆင့်(၁)နေရာက ဒိန်းမတ်နဲ့ (၇)မှတ် အထိ ကွာဟနေလို ဒုတိယနေရာက ခရိုအေးရှားနဲ့ (၅)မှတ် ကွာဟနေတာကြောင့် ပြင်သစ်တို့အတွက် နောက်တစ်ဆင့်တက်ရောက်ရေးဟာ ဝေဝါးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ နာမည်ကြီး ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၄)မှာ အိမ်ရှင်ပြင်သစ်တို့ဟာ မိုဒရစ်ဦးဆောင်လာတဲ့ ခရိုအေးရှား အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုး မရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ တွေ့ဆုံမှု သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ဆုံး (၁၀)နှစ်အတွင်း ပြင်သစ်တို့ဟာ ခရိုအေးရှားကို တကြိမ်တခါမှ ရှုံးနိမ့်ထားခဲ့ခြင်းမရှိသေးပဲ ကမ္ဘာ့ဖလား၊ နေရှင်လိဂ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ စုစုပေါင်း (၅) ကြိမ်အထိ တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၅)ကြိမ်မှာ ပြင်သစ်တို့ဟာ ခရိုအေးရှားကို (၃)ကြိမ် အထိ အနိုင်ရရှိထားခဲ့ပြီး၊ (၂)ပွဲ သရေကျထားခဲ့ကာ တစ်ပွဲမှ ရှုံးနိမ့်ထားခဲ့ခြင်းတော့ မရှိခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်မြေမှာ တင် ဒူးထောက် အရှုံးပေးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး ပြင်သစ်တို့ အနေနဲ့ မိုဒရစ်ရဲ့ ပွဲကစားချိန်(၅)မိနစ်မှာတင် ရရှိခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး အုပ်စုပွဲစဉ်(၄) ပွဲကစားပြီးတဲ့ အချိန်ထိ နိုင်ပွဲ တစ်ပွဲမှ ရယူနိုင်ခဲ့ခြင်းမရှိသေးပဲ အုပ်စုတွင်း အောက်ဆုံးအဆင့်မှာ ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။

ညက ပွဲစဉ်မှာဆိုရင် ပြင်သစ်တို့ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ အမ်ဘာပေတို့လို အဓိက တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာဆိုရင်လည်း အန်ကန်ကု၊ ကမာရာ၊ ဂွမ်ဒူဇီနဲ့ ရာဘီရော့တို့လို အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်တန်းမှာဆိုရင်လည်း ကော့ဒီ၊ ကိုနာတီ၊ ကင်ပါဘီနဲ့ ဒစ်နီတို့လို ကစားသမားတွေ အစုံ အလင်နဲ့ ပွဲထွက်လာပြီး၊ ဂိုးသမားနေရာမှာတော့ မိုင်နန်းက ပွဲထွက်လာခဲ့တာကြောင့် တော်တော်လေး တောင့်တင်းတဲ့ လူစာရင်းတရပ်နဲ့ ပွဲထွက်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ခရိုအေးရှားကတော့ အဓိက ကစားသမား အစုံ အလင်နဲ့ ပွဲထွက်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပေမဲ့ ပြင်သစ် အသင်းရဲ့ လူစာရင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် ခရိုအေးရှားတု့ိအနေနဲ့ ပြင်သစ်ကို ယှဉ်နိုင်စရာ အကြောင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကစားချိန်မှာတော့ ပြင်သစ်တို့ဟာ အိမ်ရှင် အသင်း ဖြစ်နေပေမဲ့ ခရိုအေးရှားကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားနေခဲ့ရတာ ဖြစ်ပြီး၊ ခရိုအေးရှားတစ်သင်းလုံးရဲ့ ဟန်ချက် ညီနေတဲ့ ကစားဟန်တွေ့ ပြင်သစ်ကို အခက်အခဲ ဖြစ်စေခဲ့တာပါ။