ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ သူနဲ့အတူ အတွဲညီညီ ခြေစွမ်းပြခဲ့တဲ့ လူးဝစ္စ ဆွာရက်ဇ်ရဲ့ အိမ်အပြန်ခရီးကို ဆုတောင်းပေးလိုက်ပြီး၊ ဥရုဂွေးသား တိုက်စစ်မှူးဟာ သူ့ရဲ့ ငယ်ဘဝကလပ် နေစီယွန်နယ် အသင်းထံ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ လူးဝစ္စ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို နေစီယွန်နယ် အသင်းရဲ့ ကွင်းကြီးအတွင်း တခမ်းတနား ပြုလုပ်ဖို့ ကြေငြာထားတာကြောင့် သူ့ရဲ့ ပရိတ်သတ်တွေဟာ ဒီတိုက်စစ်မှူးကို သူရဲကောင်း တဦးလို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပါတယ်။

ဆွာရက်ဇ်ဟာ အဆိုပါ အခမ်းအနားမှာ ပရိတ်သတ်တွေနဲ့ စကားမပြောမီ သူ့ရဲ့ ကလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး၊ ဒီတိုက်စစ်မှူးဟာ အသက် ၁၆နှစ်အရွယ် ကတည်းက နေစီယွန်နယ် အသင်းကနေ ထွက်ခွာကာ ဥရောပမှာ စွန့်စားခန်းဖွင့်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ နေစီယွန်နယ် အသင်းကနေ ထွက်ခွာလာပြီးနောက် ဂရိုနင်ဂျင်၊ အေဂျက်စ်၊ လီဗာပူးလ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့မှာ ပြောင်းရွှေ့ ကစားခဲ့ပြီး၊ ဥရောပမှာ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

ဥရုဂွေးသား တိုက်စစ်မှူးဟာ နူးကမ့်မှာ ကစားခဲ့စဉ်က မက်ဆီနဲ့ အရမ်း ရင်းနှီးတဲ့ အသင်းဖော် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး၊ အာဂျင်တီးနား တိုက်စစ်မှူးက မွေးရပ်မြေကို ပြန်လည် ရောက်ရှိသွားတဲ့ အသင်းဖော်ဟောင်း ဆွာရက်ဇ် အတွက် အခုလို စိတ်လှုပ်ရှားစရာ စကားတွေ ပြောသွားခဲ့ပါတယ်။ “ဆွာရက်ဇ်ရေ မင်း အခု မွေးရပ်မြေကို ပြန်ရောက်သွားပြီပေါ့။ ငါ မင်းကို ပွေ့ဖက် နှုတ်ဆက်ချင်ပါတယ်။ မင်းရဲ့ နောက်ထပ် ကစားသမားဘဝ အသစ်တခုမှာ အကောင်းဆုံးသော အရာတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။”

“မင်းရဲ့ နိုင်ငံ၊ မင်းရဲ့ မွေးရပ်မြေက ကလပ်အသင်း တသင်းဖြစ်တဲ့ နေစီယွန်နယ် အသင်းထံ ပြန်လာဖို့နဲ့ သိပ်မကြာခင် လအနည်းငယ် အတွင်း ကျင်းပတော့မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့က မင်းအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ငါ နားလည်ပါတယ်။ မင်းအတွက် အစစ အရာရာ အဆင်ပြေပြီး အကောင်းဆုံး ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ငါ မင်းကို ဘယ်လောက် ခင်မင်တယ် ဆိုတာကို မင်းသိလား ဆွာရက်ဇ်ရေ၊ အခုကစပြီး မင်း ဘာတွေ လုပ်နေမလဲ ဆိုတာ သိရဖို့ နေစီယွန်နယ် အသင်းရဲ့ လူမှုကွန်ယက် အကောင့်ကို ငါ စောင့်ကြည့်သွားမှာပါ။”

“ငါ ငယ်ငယ်က ကစားခဲ့ဖူးတဲ့ နယူးဝဲလ်အိုးဘွိုင်း အသင်းရဲ့ ပရိတ်သတ်တွေနဲ့ မင်း အခု ကစားရတော့မယ့် နေစီယွန်နယ် အသင်းကြားမှာ အမှတ်ရစရာတွေ သိပ်မရှိပါဘူး။ ဒါပေမယ့် မင်း သိထားဖို့က ငါ မင်းကို ဂရုစိုက်ပြီး၊ မင်း လိုအပ်တာတွေ ကူညီပေးဖို့ အဆင်သင့်ရှိတယ် ဆိုတာပါပဲ။ ဆွာရက်ဇ်ရေ မင်းအတွက် အကောင်းဆုံးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးချင်ပြီး၊ ငါတို့ သိပ်မကြာခင် ပြန်တွေ့ရဖို့လည်း မျှော်လင့်ပါတယ်။ ”

” အဲလို ပြန်တွေ့တဲ့အခါ မင်းကို အားပါးတရ ပွေ့ဖက် နှုတ်ဆက်ချင်ပါတယ်။ အခုတော့ ဒီလောက်ပါပဲ သူငယ်ချင်းရေ။” ဆွာရက်ဇ်ဟာ နေစီယွန်နယ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပေမယ့်၊ ဒီအပြောင်းအရွှေ့မှာ မက်ဆီရဲ့ ကူညီပေးမှုတွေက အရေးပါခဲ့တယ်လို့ ဆိုနိုင်ပြီး၊ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ သူ့ရဲ့ အသင်းဖော်ဟောင်း အတွက် ပေါင်၁၂သန်းတန် ကိုယ်ပိုင်လေယာဉ်ကို ငှါးရမ်းပေးခဲ့ပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ သူနဲ့အတူ အတွဲညီညီ ခြေစွမ်းပြခဲ့တဲ့ လူးဝစ္စ ဆွာရက်ဇ်ရဲ့ အိမ်အပြန်ခရီးကို ဆုတောင်းပေးလိုက်ပြီး၊ ဥရုဂွေးသား တိုက်စစ်မှူးဟာ သူ့ရဲ့ ငယ်ဘဝကလပ် နေစီယွန်နယ် အသင်းထံ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ လူးဝစ္စ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို နေစီယွန်နယ် အသင်းရဲ့ ကွင်းကြီးအတွင်း တခမ်းတနား ပြုလုပ်ဖို့ ကြေငြာထားတာကြောင့် သူ့ရဲ့ ပရိတ်သတ်တွေဟာ ဒီတိုက်စစ်မှူးကို သူရဲကောင်း တဦးလို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပါတယ်။