ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ အပယ်ခံ တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ကို အလိုက်ပေးပြီး အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲတွေနဲ့ ရလဒ်တွေ ဆိုးဝါးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ နည်းပြသစ် တန်ဟက်ဂ်နဲ့အတူ အသင်းကို အစအဆုံး ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေပြီး သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့လည်း ပါဝင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ကာဗာနီ ၊ ရိုနယ်ဒို ၊ ရက်ဖို့ဒ် ၊ မာရှယ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရိုနယ်ဒိုက အသက်အရွယ်ကြောင့် ပွဲတိုင်း ပါဝင် ကစားဖို့ မဖြစ်နိုင်တော့သလို ကာဗာနီကလည်း အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ရက်ဖို့ဒ်နဲ့ မာရှယ်တို့က ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေကာ အသင်းနဲ့ အနာဂတ် မရေရာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ သတင်းစုစည်း ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်ရှိမှာ စပိန်လာလီဂါကလပ် ဆီဗီးလားထံ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို အလိုက်ပေးပြီး အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို အင်တာမီလန်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ် အတွက် မာရှယ် + ယူရို ၄၅သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ် ၊ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂျီးဆပ်နဲ့ အဲဗာတန် တိုက်စစ်မှူး လီဝင်တို့ သုံးဦးကို စောင့်ကြည့်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ နီးစပ်နေတဲ့ အာဆင်နယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ အထောင်တိုက်စစ်မှူး မရှိပဲ လာကာဇက်နဲ့ အန်ခီးတီးယားတို့လို အရန် တိုက်စစ်မှူးတွေကိုသာ အားကိုးနေရတာကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ကွက်လပ်ကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာ အာဆင်နယ်က သူတို့အသင်းရဲ့ ကင်းထောက်တွေကို ဥရောပ တလွှားဆီ စေလွှတ်ကာ တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေပေမယ့် အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ မာတီနက်ဇ် ၊ ဂျီးဆပ်နဲ့ လီဝင်တို့ သုံးဦးသာ ရှိနေပြီး အဆိုပါသုံးဦးထဲက တဦးကို ခေါ်ယူဖို့ စီစဉ်နေသလို နောက်ထပ် အရန် တိုက်စစ်မှူး တဦးကိုပါ ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက ဆိုပါတယ်။

မာတီနက်ဇ် ၊ ဂျီးဆပ်နဲ့ လီဝင်တို့ သုံးဦးစလုံးဟာ အသက်အရွယ်အရ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေတဲ့ ကစားသမားတွေ ဖြစ်ကြပြီး အဆိုပါ သုံးဦးအနက် မာတီနက်ဇ်က ခြေစွမ်းပိုင်း အထက်မြတ်ဆုံး ဖြစ်နေပေမယ့် ဂျီးဆပ်နဲ့ လီဝင်တို့က ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူးတွေ ဖြစ်ကြတာကြောင့် သူတို့နှစ်ဦးစလုံးက အာဆင်နယ်နဲ့ လိုက်ဖက်ညီကြတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးအပိုင်းကို ကြည့်ရှုရင်လည်း သုံးဦးစလုံးရဲ့ တန်ကြေးဟာ ယူရို ၆၀သန်း ဝန်းကျင်သာ ရှိနေပါတယ်။

ဒါ့ကြောင့် အာဆင်နယ်အနေနဲ့ သူတို့သုံးဦးထဲက တဦးကို ခေါ်ယူနိုင်ဖွယ် ရှိနေပြီး အကယ်၍ အဲဗာတန်ကသာ တန်းဆင်းသွားခဲ့ရင် အာဆင်နယ်က လီဝင်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့တင် ခေါ်ယူနိုင်မှာပါ။ ဒါပေမယ့် တဖက်မှာ အာဆင်နယ်ရဲ့ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားရင် မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် ပြိုင်ဆိုင်ရဖို့ ရှိနေပြီး အာဆင်နယ်က ဂျီးဆပ်နဲ့ လီဝင်တို့ နှစ်ဦးစလုံးကိုတော့ ပြိုင်ဘက်မရှိတဲ့ အနေအထား တရပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနိုင်မှာလည်း ဖြစ်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ အပယ်ခံ တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ကို အလိုက်ပေးပြီး အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲတွေနဲ့ ရလဒ်တွေ ဆိုးဝါးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ နည်းပြသစ် တန်ဟက်ဂ်နဲ့အတူ အသင်းကို အစအဆုံး ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေပြီး သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့လည်း ပါဝင်ပါတယ်။