အင်္ဂလန် နောက်ခံလူဟောင်း ပယ်ရီဂရော့ဗ်က လာမယ့် ဘောလုံးရာသီ မတိုင်မီ လီဗာပူးလ် အသင်းကနေ မာနေး ထွက်ခွာချင် နေလိမ့်မယ်လို့ ပြောလိုက်ပြီး၊ ဘာကြောင့် ထွက်ခွာချင်ရသလဲ ဆိုတာကိုလည်း သုံးသပ် ပြောဆိုခဲ့ပါတယ်။ အသက် ၃၀အရွယ် ဆီနီဂေါ လက်ရွေးစင်ဟာ အန်းဖီးလ်မှာ စာချုပ်သက်တမ်း တနှစ် ကျန်ရှိနေသေးပေမယ့်၊ ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မာနေးရဲ့ ဆုံးဖြတ်ချက်ဟာ ကြိုးကြာနီတို့ရဲ့ အဓိက ကစားသမား အဖြစ် သတ်မှတ်ခြင်း မခံရတာကြောင့် ဖြစ်လိမ့်မယ်လို့ အာဆင်နယ် အသင်းမှာ ၁၉၈၆ခုနှစ်ကနေ ၁၉၉၂ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ အသက် ၅၇နှစ်အရွယ် ပယ်ရီဂရော့ဗ်က အခုလို သုံးသပ်ထားပါတယ်။ “မာနေးဟာ လီဗာပူးလ် အသင်းမှာ အဓိက ကစားသမား ဖြစ်ချင်နေလိမ့်မယ်လို့ ခင်ဗျားတို့လည်း တွေးမိကြပါမှာ။ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် လီဗာပူးလ် အသင်းမှာ ဆာလာက မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်နေပါတယ်။”

“လီဗာပူးလ် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရော်ဘတ်တို ဖာမီနို ကစားနေပြီး၊ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရောက်လာတဲ့ လူးဝစ္စဒီယာ့ဇ် ရှိနေတဲ့အပြင် ဒီယေဂို ဂျိုတာကလည်း အချိန်မရွေး ဝင်ကစားဖို့ အဆင်သင့် ရှိနေပါတယ်။ အဲဒီ ကစားသမား ၃ယောက်က လီဗာပူးလ် အသင်းရဲ့ တိုက်စစ်ပိုင်း နေရာ၃ခုမှာ ကစားနိုင်တာကြောင့် အမြဲတမ်း အလှည့်ကျ ကစားခိုင်းလို့ ရနေပါတယ်။ ဒါပေမယ့် ဆာလာက လီဗာပူးလ် အသင်းရဲ့ တိုက်စစ်ပိုင်း နေရာ၃ခုမှာ ပထမ ဦးစားပေး ကစားသမားပါ။”

“ဆာလာရဲ့နောက်မှာ ဒုတိယ ဦးစားပေး ကစားသမားက မာနေးဖြစ်ပြီး သူတို့ အသင်းမှာ ဖာမီနိုဟာ အရင်က အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့်၊ အခုနောက်ပိုင်းမှာ လီဗာပူးလ် အသင်းအတွက် သူ့ရဲ့ အရေးပါမှုက နည်းပါလာခဲ့ပါတယ်။ သူဟာ လီဗာပူးလ် အသင်းအတွက် နေရာစုံမှာ ကစားနိုင်ခဲ့သူ ဖြစ်ပြီး၊ အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် ဖာမီနိုက လီဗာပူးလ် အသင်းမှာ ၂ပွဲကစားပြီးတိုင်း ၁ဂိုးရအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ တွေ့ရပါလိမ့်မယ်။”

“မာနေးဟာ ဆောက်သမ်တန် အသင်းကနေ ရောက်ရှိလာချိန် ကတည်းက လီဗာပူးလ် အသင်းရဲ့ တိုက်စစ်ပိုင်း နေရာ၃ခုမှာ ဝင်ကစားခွင့် ရခဲ့ပေမယ့်၊ သူဟာ အသင်းရဲ့ အဓိက ကစားသမား အနေနဲ့ ပွဲထွက်ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သူဟာ နောက်ပိုင်းမှာ ပိုမို တည်ငြိမ်လာခဲ့ပြီး၊ သူ့ကိုယ်သူ အရင်ကထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။”

“ဟုတ်ပါတယ် မာနေးဟာ အရင်က လီဗာပူးလ် အသင်းရဲ့ သာမန် ကစားသမား တယောက် အနေနဲ့သာ ရှိခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ အခြေအနေတွေကို သူကိုယ်တိုင် အဆုံးသတ်နိုင်ခဲ့ပြီး သာမန် ကစားသမား အနေအထားကနေ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ပါပြီ။”လို့ ပယ်ရီဂရော့ဗ်က ထုတ်ပြော သွားခဲ့ ပါတယ်။

ZAWGYI: အင်္ဂလန် နောက်ခံလူဟောင်း ပယ်ရီဂရော့ဗ်က လာမယ့် ဘောလုံးရာသီ မတိုင်မီ လီဗာပူးလ် အသင်းကနေ မာနေး ထွက်ခွာချင် နေလိမ့်မယ်လို့ ပြောလိုက်ပြီး၊ ဘာကြောင့် ထွက်ခွာချင်ရသလဲ ဆိုတာကိုလည်း သုံးသပ် ပြောဆိုခဲ့ပါတယ်။ အသက် ၃၀အရွယ် ဆီနီဂေါ လက်ရွေးစင်ဟာ အန်းဖီးလ်မှာ စာချုပ်သက်တမ်း တနှစ် ကျန်ရှိနေသေးပေမယ့်၊ ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။