လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့အတွက် ပေါင် ၂၅ သန်း တန်ကြေးသတ်မှတ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လုပ်ရပ်ကြောင့် မပျော်မရွှင်ဖြစ်နေပြီး လာမယ့်နွေမှာ ဆီနီဂေါသားကို ထွက်ခွါခွင့်ပေးရမယ်ဆိုရင်တောင် အဆိုပါပမာဏထက် အများကြီးမြင့်တဲ့ ပမာဏထားရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။ မာနေးအနေနဲ့ မာဆေးဆိုဒ်ကနေ ထွက်ခွါချင်နေကြောင်း ခန့်မှန်းထားရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ဦးဆောင်နေတာဖြစ်ပါတယ်။

မာနေးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က လျော့ပါးသွားတဲ့ အရိပ်အယောင်တောင်မပြသခဲ့ဘဲ မကြာသေးမီကမှ ပြီးဆုံးသွားခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ မန်နေဂျာ ယာဂင်မ် ကလော့ပ်အနေနဲ့ မာနေးကို ထိန်းသိမ်းထားဖို့အတွက် ဦးစားပေးချင်ပေမယ့် စိန်ခေါ်မှုအသစ်တွေရှာဖွေချင်တဲ့ ဆန္ဒကို လေးစားတာကြောင့် သွားခွင့်ပြုမှာဖြစ်ပြီး မာနေးကို ထွက်ခွါခွင့်မပြုမီမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို ခေါ်ယူအားဖြည့်ထားချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါက အဆိုပါညီမျှခြင်းရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး The Times သတင်းဌာနရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမားအတွက် ပေါင် ၂၅ သန်းတည်းသာ ပေးချေလိုနေကြောင်း သိရပါတယ်။ အဆိုပါတန်ကြေးသတ်မှတ်မှုကတော့ လီဗာပူးလ်အသင်းရဲ့ မာနေးအပေါ် တန်ကြေးသတ်မှတ်မှုထက် အများကြီး နိမ့်ပါးနေတာဖြစ်ပြီး ကြိုးကြာနီတို့ကတော့ မာနေးကို အဆိုပါပြောင်းရွှေ့ကြေးလိုမျိုး နိမ့်ပါးတဲ့ ကမ်းလှမ်းမှုမျိုးကိုတော့ လက်ခံစဉ်းစားသွားချင်စိတ်မရှိတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ မာနေးကို ဆောက်သမ်ပ်တန်အသင်းကနေ ခေါ်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၄ သန်းအသုံးပြုခဲ့ရတာဖြစ်ပြီး သူ့ရဲ့တန်ကြေးက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း တောက်လျှောက် သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ မာနေးကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် မျှော်လင့်နေပေမယ့်လည်း ဆီနီဂေါတိုက်စစ်ကစားသမားကတော့ အန်ဖီးလ်ဒ်မှာ ၆ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မယ့်အချိန်ကျရောက်ပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ မာနေးကို ခေါ်ယူတုန်းကတောင် ပေါင် ၃၄ သန်းပေးချေခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင် ၂၅ သန်းတန်ကြေးသတ်မှတ်မှုက လက်မခံနိုင်စရာဖြစ်ခဲ့တာပါ။ ဒါ့အပြင် နေမာကို အရောင်းစာရင်းတင်ထားတဲ့ ပီအက်စ်ဂျီနဲ့ အခြားအသင်းတွေ ကြားဝင်မလာခင်မှာ လီဗာပူးလ်အသင်း လက်သင့်ခံနိုင်မယ့် ကမ်းလှမ်းမှုမျိုးကို မကမ်းလှမ်းနိုင်ခဲ့ရင်တော့ မာနေးကို ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်မဟုတ်တဲ့ အခြားအသင်းဂျာစီနဲ့ မြင်ရတော့မှာဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့အတွက် ပေါင် ၂၅ သန်း တန်ကြေးသတ်မှတ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လုပ်ရပ်ကြောင့် မပျော်မရွှင်ဖြစ်နေပြီး လာမယ့်နွေမှာ ဆီနီဂေါသားကို ထွက်ခွါခွင့်ပေးရမယ်ဆိုရင်တောင် အဆိုပါပမာဏထက် အများကြီးမြင့်တဲ့ ပမာဏထားရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။ မာနေးအနေနဲ့ မာဆေးဆိုဒ်ကနေ ထွက်ခွါချင်နေကြောင်း ခန့်မှန်းထားရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ဦးဆောင်နေတာဖြစ်ပါတယ်။