ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ပြီးတဲ့နောက် လီဗာပူးလ်တိုက်စစ် ကစားသမား မာနေးဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်းကို တရားဝင်ပြောကြားမှု တွေ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးလ်မှာ(၆)နှစ်ကြာ ကစားခဲ့ပြီး ထိပ်တန်းအဆင့် ခြေစွမ်းတွေပြသခဲ့တဲ့ မာနေးရဲ့နေရာကို အစားထိုးဖို့ဆိုတာ လီဗာပူးလ်တို့အတွက် မှန်ကန်တဲ့ လူခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာနေးရဲ့ နေရာကို အစားထိုး နိုင်ဖွယ်ရှိနေတဲ့ ကစားသမား များများ စားစား မရှိပဲ ဒီထဲကမှ လီဗာပူးလ်တို့ အတွက် မာနေးနေရာကို အစားထိုးဖို့ အသင့်တော်ဆုံးလို့ ယူဆရတဲ့ ကစားသမား(၅)ဦးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁)ရာဖေးလ် လီအို(အေစီမီလန်)။ ။လီအိုဟာ မာနေးနေရာကို အစားထိုးဖို့အတွက် လီဗာပူးလ်တို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး အလိမ်အခေါက် စွမ်းရည်တွေက လက်ဖျားခါလောက်စရာ ကောင်းပါတယ်။ မြန်နှုန်းမြင့်တဲ့ တောင်ပံတိုက်စစ် ကစားသမားတစ်ယောက် ဖြစ်ပြီး အေစီမီလန်ရဲ့ တိုက်စစ်ပိုင်းမှာ မပါ မဖြစ်တ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီက အေစီမီလန်အတွက် ပြိုင်ပွဲစုံ (၄၂)ပွဲ အထိတောင် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ (၄၂)ပွဲမှာ လီအိုဟာ သွင်းဂိုး (၁၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၂)ကြိမ် အထိပြုလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းစာတရပ်ရဲ့ အဆိုအရ လီဗာပူးလ်တို့ဟာ လီအိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လျက်ရှိနေတယ်လို့ သိရပါတယ်။

(၂) ဘိုဝမ်(ဝက်စ်ဟမ်း)။ ။ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး (၆)သင်းအပြင်ဘက်က အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘိုဝမ်ဟာ တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုဝမ်ဟာ ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံ (၅၁)ပွဲ အထိပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၁၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၅)ကြိမ် အထိပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ဟာလည်း ဘိုဝမ်ကို သဘောကျတဲ့ သူဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်။

(၃)နူနက်ဇ်(ဘင်ဖီကာ)။ ။ဥရောပရဲ့ အသင်းကြီးတွေ အပြိုင်လိုက်နေကြတဲ့ ကစားသမားလေး တစ်ယောက် ဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးပြီး ပြီးခဲ့တဲ့ ရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲ အထိ ပါဝင်ကစား ပေးထားခဲ့ သူပဲ ဖြစ်ပါတယ်။ သွင်းဂိုး (၃၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အထူးခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ကစားသမားတစ်ယောက် ဖြစ်ပြီး တိုက်စစ်နေရာစုံမှာ ကစားနိုင်သူ ဖြစ်ပါတယ်။

(၄)အန်ကန်ကု(လိုက်ဇစ်)။ ။ (၂၀၂၁-၂၂)ဘောလုံးရာသီထဲ အတောက်ပဆုံး ကစားသမားတွေထဲမှာ အန်ကန်ကု ပါဝင်ခဲ့ပါတယ်။ ဘွန်ဒက်လီဂါရဲ့ ရာသီတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ သူဖြစ်ပြီး မာနေးနေရာကို ကောင်းကောင်း အစားထိုးနိုင်စွမ်း ရှိနေတဲ့ သူပါ။ ပြိုင်ပွဲစုံ (၅၁)ပွဲမှာ သွင်းဂိုး (၃၅)ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် (၂၀) အထိ ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ အန်ကန်ကုကိုတော့ မန်ယူနိုက်တက် အပါအဝင် ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားလျက်ရှိနေကြတာ ဖြစ်ပါတယ်။

(၅)ဟယ်ရီကိန်း(စပါး)။ ။ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ထဲမှာ မန်စီးတီးက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့စပါးအသင်းမှာပဲ ဆက်နေခဲ့တဲ့ သူဖြစ်ပါတယ်။ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတော့ ရရှိဖူး ခြင်းမရှိသေးပါဘူး။ ဟယ်ရီကိန်းဟာ မာနေးလို ကစားသမားတော့ မဟုတ်ပဲ တိုက်စစ်မှူး စစ်တစ်ယောက် ဖြစ်ပါတယ်။ ဒီယက်ဇ်၊ ဆာလာတို့ ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ကိန်းကို သာခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာမှာပါ။

ZAWGYI: ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ပြီးတဲ့နောက် လီဗာပူးလ်တိုက်စစ် ကစားသမား မာနေးဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်းကို တရားဝင်ပြောကြားမှု တွေ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးလ်မှာ(၆)နှစ်ကြာ ကစားခဲ့ပြီး ထိပ်တန်းအဆင့် ခြေစွမ်းတွေပြသခဲ့တဲ့ မာနေးရဲ့နေရာကို အစားထိုးဖို့ဆိုတာ လီဗာပူးလ်တို့အတွက် မှန်ကန်တဲ့ လူခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာနေးရဲ့ နေရာကို အစားထိုး နိုင်ဖွယ်ရှိနေတဲ့ ကစားသမား များများ စားစား မရှိပဲ ဒီထဲကမှ လီဗာပူးလ်တို့ အတွက် မာနေးနေရာကို အစားထိုးဖို့ အသင့်တော်ဆုံးလို့ ယူဆရတဲ့ ကစားသမား(၅)ဦးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။