ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဖရန့်ရစ်ဘာရီဟာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကစားသမား သစ် မာနေးတစ်ယောက် အသင်းသစ်မှာ တောက်ပနိုင်ဖို့ လိုအပ်တဲ့ အကြံပြုမှုတွေကို မျှဝေပေးသွားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးလျမှာ (၆)ရာသီကွာ ကစားခဲ့ပွီး၊ ပရီးမီးယားလိဂျနဲ့ ခနွပြီယံလိဂြ အပါအဝငျ ဆုဖလားပေါငျး (၆)လုံး အထိ ရရှိခဲ့တဲ့ သူပဲ ဖွဈပါတယျ။ ပွီးခဲ့တဲ့ လကပဲ ဘိုငယြနထြံကိုေ ပွာငျးရှှေ့ကွေး ပေါငျ(၃၅.၁)သနျးနဲ့ ပွောငျးရှှေ့လာခဲ့တာ ဖွဈပါတယျ။

ဘိုင်ယန်နဲ့ (၃)နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး၊ မာနေးတစ်ယောက် ဂျာမန်မြေမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ (၂၃)ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်းတီးမှု ၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို မာနေးတစ်ယောက် ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ (၆)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆၉)ပွဲ အထိ မာနေးဟာ ကစားပေးခဲ့တာပါ။

အဆိုပါ ၂၆၉ ပွဲမှာ မာနေးဟာ လီဗာပူးလ်အတွက် သွင်းဂိုး ၁၂၀ နဲ့ ဂိုးဖန်တီးမှု ၄၈ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးတစ်ယောက် ဘိုင်ယန်ဆီ ရောက်ရှိလာတဲ့အပေါ်မှာ ရစ်ဘာရီ တစ်ယောက်ကတော့ စိတ်လှုပ်ရှားလျက်ရှိနေပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုနဲ့အတူ မာနေးကို ဘိုင်ယန်မှာ အောင်မြင်ဖို့ ပြုလုပ်ရမယ့် နည်းလမ်းတွေကို ပြောပြ သွားခဲ့ပါတယ်။ ရစ်ဘာရီက ” ဆာဒီယိုမာနေးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်ကို ကျွန်တော် ဂုဏ်ပြုပါတယ်၊ ဒါက ဘွန်ဒက်လီဂါ တစ်ခုလုံးအတွက်ကို ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ၊ ”

“ဘွန်ဒက်လီဂါ ပြိုင်ပွဲက ကြီးမားပါတယ်၊ ဒါပေမဲ့ မာနေးက စွယ်စုံရတဲ့ ကစားသမားတစ်ယောက်ပါ၊ သူက ဘယ်တောင်ပံမှာတင်မဟုတ်ပဲ နေရာစုံမှာ ကစားနိုင်တဲ့သူပါ၊ ကျွန်တော် ဘိုင်ယန်ကို ပြောင်းခဲ့တဲ့ အချိန်ကို မှတ်မိပါသေးတယ်၊ မာနေးအတွက်တော့ မျှော်လင့်ချက်တွေက ကြီးမားကြပါတယ်၊ ဒါပေမဲ့ သူအောင်အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ မာနေး အနေနဲ့ ဘိုင်ယန်နဲ့အတူ ကောင်းမွန်တဲ့ စတင်မှုတွေ ရှိဖို့က အရမ်း အရေးကြီးပါတယ်၊ ”

“အသင်းပရိသတ်တွေက ပိုလွယ်ကူတဲ့ ပွဲထွက်ဖြစ်အောင် လုပ်ပေးနိုင်တာကို ကျွန်တေယ့်အတွေ့အကြုံကနေ တဆင့် သိထားပါတယ်၊ ဘာလို့လဲဆိုတော့ ဘိုင်ယန်ပရိသတ်တွေက အသင်းဆီရောက်လာတဲ့ လူတိုင်းကို နွေးထွေးစွာ ကြိုဆိုတတ်ကြပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးလ်မှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင် ကစားခဲ့ပေမဲ့ ဘိုင်ယန်မှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ မာနေး အနေနဲ့ ကျောနံပါတ် ၁၇ ကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

မာနေးက ကျွန်တော် ဘိုင်ယန်မှာ လစ်လပ်နေတဲ့ ကျောနံပါတ် ၁၇ ကို ရွေးချယ်ခဲ့ပါတယ်၊ ဒီကျောနံပါတ်နဲ့အတူ ဒီအသင်းမှာ အောင်မြင်မှုတွေ အများကြီး ရယူဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်၊ မကြာမီမှာ ကျွန်တော့်ရဲ့ အသင်းဖော်သစ်တွေနဲ့အတူ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကျွန်တော် စောင့်မျှော်နေပါပြီ လို့ ပြောကြားသွားခဲ့ပါတယ်။ ဘိုင်ယန်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို လာမယ့် ရက်အနည်းငယ်အတွင်း ပြန်လည် စတင်သွားတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဖရန့်ရစ်ဘာရီဟာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကစားသမား သစ် မာနေးတစ်ယောက် အသင်းသစ်မှာ တောက်ပနိုင်ဖို့ လိုအပ်တဲ့ အကြံပြုမှုတွေကို မျှဝေပေးသွားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးလျမှာ (၆)ရာသီကွာ ကစားခဲ့ပွီး၊ ပရီးမီးယားလိဂျနဲ့ ခနွပြီယံလိဂြ အပါအဝငျ ဆုဖလားပေါငျး (၆)လုံး အထိ ရရှိခဲ့တဲ့ သူပဲ ဖွဈပါတယျ။ ပွီးခဲ့တဲ့ လကပဲ ဘိုငယြနထြံကိုေ ပွာငျးရှှေ့ကွေး ပေါငျ(၃၅.၁)သနျးနဲ့ ပွောငျးရှှေ့လာခဲ့တာ ဖွဈပါတယျ။

ဘိုင်ယန်နဲ့ (၃)နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး၊ မာနေးတစ်ယောက် ဂျာမန်မြေမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ (၂၃)ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်းတီးမှု ၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို မာနေးတစ်ယောက် ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ (၆)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆၉)ပွဲ အထိ မာနေးဟာ ကစားပေးခဲ့တာပါ။

အဆိုပါ ၂၆၉ ပွဲမှာ မာနေးဟာ လီဗာပူးလ်အတွက် သွင်းဂိုး ၁၂၀ နဲ့ ဂိုးဖန်တီးမှု ၄၈ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးတစ်ယောက် ဘိုင်ယန်ဆီ ရောက်ရှိလာတဲ့အပေါ်မှာ ရစ်ဘာရီ တစ်ယောက်ကတော့ စိတ်လှုပ်ရှားလျက်ရှိနေပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုနဲ့အတူ မာနေးကို ဘိုင်ယန်မှာ အောင်မြင်ဖို့ ပြုလုပ်ရမယ့် နည်းလမ်းတွေကို ပြောပြ သွားခဲ့ပါတယ်။ ရစ်ဘာရီက ဆာဒီယိုမာနေးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်ကို ကျွန်တော် ဂုဏ်ပြုပါတယ်၊ ဒါက ဘွန်ဒက်လီဂါ တစ်ခုလုံးအတွက်ကို ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ၊

ဘွန်ဒက်လီဂါ ပြိုင်ပွဲက ကြီးမားပါတယ်၊ ဒါပေမဲ့ မာနေးက စွယ်စုံရတဲ့ ကစားသမားတစ်ယောက်ပါ၊ သူက ဘယ်တောင်ပံမှာတင်မဟုတ်ပဲ နေရာစုံမှာ ကစားနိုင်တဲ့သူပါ၊ ကျွန်တော် ဘိုင်ယန်ကို ပြောင်းခဲ့တဲ့ အချိန်ကို မှတ်မိပါသေးတယ်၊ မာနေးအတွက်တော့ မျှော်လင့်ချက်တွေက ကြီးမားကြပါတယ်၊ ဒါပေမဲ့ သူအောင်အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ မာနေး အနေနဲ့ ဘိုင်ယန်နဲ့အတူ ကောင်းမွန်တဲ့ စတင်မှုတွေ ရှိဖို့က အရမ်း အရေးကြီးပါတယ်၊

အသင်းပရိသတ်တွေက ပိုလွယ်ကူတဲ့ ပွဲထွက်ဖြစ်အောင် လုပ်ပေးနိုင်တာကို ကျွန်တေယ့်အတွေ့အကြုံကနေ တဆင့် သိထားပါတယ်၊ ဘာလို့လဲဆိုတော့ ဘိုင်ယန်ပရိသတ်တွေက အသင်းဆီရောက်လာတဲ့ လူတိုင်းကို နွေးထွေးစွာ ကြိုဆိုတတ်ကြပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးလ်မှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင် ကစားခဲ့ပေမဲ့ ဘိုင်ယန်မှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ မာနေး အနေနဲ့ ကျောနံပါတ် ၁၇ ကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။