လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ အိုင်းယက်စ်အသင်းအနေနဲ့ ဒီနှစ်နွေမှာ လီဆန်ဒရို မာတီးနက်ဇ်နဲ့ အန်တိုနီတို့ ၂ ဦးစလုံးကို ထွက်ခွါခွင့်ပေးမှာမဟုတ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းကို သတိပေးသွားခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့မန်နေဂျာသစ်အဖြစ် မကြာသေးမီကမှ အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟာ့ဂ်အနေနဲ့ အသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့အတွက် မာတီးနက်ဇ်ကို ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း မာတီးနက်ဇ်ကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေပြီး ဒီနှစ်နွေမှာ အာဂျင်တိုင်းသား ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၃၀(ပေါင် ၂၅.၈ သန်း)အထိ ပေးချေသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒီတစ်ပတ်ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက အိုင်းယက်စ်အသင်းကို ဘရာဇီးလ်ကလပ် ဆာအို ပါအူလိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် တန်ဟာ့ဂ်လက်အောက်မှာ ထွန်းတောက်လာခဲ့တဲ့ အန်တိုနီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း Daily Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ အိုင်းယက်စ်အသင်းအနေနဲ့ အန်တိုနီကိုရော မာတီးနက်ဇ်ကိုပါ ရောင်းချသွားဖို့အတွက်တော့ ငြင်းဆန်ထားပြီး ဆိုလိုတာကတော့ တန်ဟာ့ဂ်အနေနဲ ယူနိုက်တက်မှာ ဘယ်ကစားသမားကို ပိုလိုချင်လဲဆိုတာကို ရွေးချယ်ကာ ကြိုးစားသွားရမယ့်ပုံပါပဲ။ တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်ခံစစ်မှူး ယူရီရန် တင်ဘာကို ခေါ်ယူဖို့အတွက် အလိုရှိခဲ့ပေမယ့်လည်း ဒီနှစ်နှောင်းပိုင်းမှာကျင်းပမယ့် ကမ္ဘာ့ဖလားမှာ နယ်သာလန်လက်ရွေးစင်အသင်းကြီးနဲ့အတူ ပါဝင်နိုင်ဖို့အတွက် ပွဲကစားခွင့်လိုအပ်တာကြောင့် သေချာတဲ့ အိုင်းယက်စ်အသင်းမှာပဲ ဆက်နေဖို့ကိုသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းကတော့ ဒီနှစ်နွေမှာ အသင်းရဲ့ အဓိက,ကစားသမားအချို့နဲ့ မန်နေဂျာကို ဆုံးရှုံးထားရပြီး တန်ဟာ့ဂ်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သလို အသင်းရဲ့ ကွင်းလယ်ကစားသမား ရိုင်ယန် ဂရာဗန်ဘာ့ချ်ကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းရဲ့ အထောင်တိုက်စစ်မှာ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းကြမ်းခဲ့တဲ့ တိုက်စစ်မှူး ဆီဘက်ရှန် ဟာလားကလည်း ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ကတော့ လက်ရှိမှာ အသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ စပိန်သတင်းဌာနတွေရဲ့ဖော်ပြချက်အရတော့ ယူနိုက်တက်အနေနဲ့ ဒီယွန်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းကို ကမ်းလှမ်းချက်မှာ ကာတာလန်ဒေသခံကလပ်အသင်း လိုချင်တဲ့ပမာဏဖြစ်တဲ့ ပေါင် ၇၂ သန်းထက် ပေါင် ၁၂ သန်းလျော့နည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ပါယ်ချခံခဲ့ရကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီနှစ်နွေမှာ ဒီယွန်းကို ရောင်းချဖို့အတွက် လမ်းဖွင့်ထားဆဲဖြစ်ပြီး ဒတ်ချ်ကွင်းလယ်လူကို ရောင်းလို့ရတဲ့ ပမာဏနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

ZAWGYI: လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ အိုင်းယက်စ်အသင်းအနေနဲ့ ဒီနှစ်နွေမှာ လီဆန်ဒရို မာတီးနက်ဇ်နဲ့ အန်တိုနီတို့ ၂ ဦးစလုံးကို ထွက်ခွါခွင့်ပေးမှာမဟုတ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းကို သတိပေးသွားခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့မန်နေဂျာသစ်အဖြစ် မကြာသေးမီကမှ အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟာ့ဂ်အနေနဲ့ အသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့အတွက် မာတီးနက်ဇ်ကို ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။