ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း ရော်ဘတ်တို ကားလို့စ်က ဘာနေဗျူးကနေ ထွက်ခွာလာတဲ့ မာဆယ်လို တယောက် လာမယ့် ဘောလုံးရာသီမှာ ဘယ်လို အသင်းမျိုးဆီ ပြောင်းရွှေ့ ကစားနိုင်လဲ ဆိုတာကို ကြိုသိနေတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၃၄နှစ်အရွယ် မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၁၅နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ၁၃ရက်နေ့က အသင်း ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစရာ နှုတ်ဆက်ပွဲတခု နဲ့အတူ လမ်းခွဲခဲ့ပါတယ်။

ဒီဝါရင့် နောက်ခံလူဟာ ယခုလကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား တယောက် ဖြစ်လာခဲ့ပါတယ်။ မာဆယ်လိုဟာ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ် ဇန်နဝါရီလမှာ ဖလူမီနီးစ် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ရောက်ရှိ လာခဲ့ပြီး၊ ဘာနေဗျူးမှာ ကစားခဲ့စဉ် ကာလအတွင်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တဦးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

ဒီဘရာဇီးလ်သားဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၄၆ပွဲကစား ပေးခဲ့ပြီး၊ ၃၈ဂိုးသွင်းယူကာ ၁၀၃ဂိုးဖန်တီး ပေးနိုင်ခဲ့တဲ့အပြင် လာလီဂါ ချန်ပီယံဆု၆ကြိမ်၊ ကိုပါဒယ်ရေး ချန်ပီယံဆု၂ကြိမ်၊ ချန်ပီယံလိဂ် ချန်ပီယံဆု၅ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ် အသင်း သမိုင်းတလျှောက် ဆုဖလားအများဆုံး ရယူနိုင်တဲ့ ကစားသမား တယောက် အနေနဲ့ ဘာနေဗျူးက ထွက်ခွာမှာဖြစ်ပြီး၊ ပရိတ်သတ်တွေနဲ့ နှုတ်ဆက်ပွဲမှာ ကစားသမား ဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ မာဆယ်လိုကို တူရကီလိဂ်မှ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ရော်ဘတ်တို ကားလို့စ်က ထုတ်ဖော် ပြောကြားခဲ့ပြီး၊ သူ့ရဲ့ အသင်းဖော်ဟောင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်ကြောင်း အခုလို ပြောခဲ့ပါတယ်။ “တူရကီလိဂ်က အသင်းတွေ မာဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ ကျွန်တော် ကြားမိပါတယ်။ သူ့အသက်က ငယ်သေးတယ်လို့ ဆိုနိုင်ပြီး နောက်ထပ် ၃နှစ် ၄နှစ်လောက် ထိပ်တန်း အဆင့်မှာ ကစားနိုင်ဦးမယ် ထင်ပါတယ်။”

“သူ တူရကီလိဂ်ကို ပြောင်းရွှေ့ ကစားခဲ့ရင် ဘယ်လို အခွင့်အရေးတွေ ရလာမလဲ ဆိုတာတော့ ကျွန်တော် အသေအချာ မသိပါဘူး။ သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆတဲ့နေရာကို သူကိုယ်တိုင်ပဲ ရွေးချယ်တာ ပိုကောင်းပါတယ်။ မာဆယ်လိုရဲ့ ကစားသမား ဘဝတလျှောက် မှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် သူ့ရဲ့ ခြေစွမ်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်နေဆဲပဲလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။”လို့ ရော်ဘတ်တို ကားလို့စ်က ပြောခဲ့ပါတယ်။

စပိန် သတင်းစာ မာကာရဲ့ ဖော်ပြမှုအရ မာဆယ်လိုဟာ ဥရောပ ကလပ်အသင်းတွေ၊ တူရကီ ကလပ်အသင်းတွေ၊ ယူအေအီး နိုင်ငံတွေမှ ကလပ်အသင်းတွေ အပါအဝင် ကာတာ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဒီကမ်းလှမ်းမှု တွေထဲက တူရကီလိဂ် ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ထရာဇွန်စပေါ် ဒါမှမဟုတ် ဖီနာဘာချီ အသင်းတို့ထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားဖို့ အခွင့်အရေး ရှိလာမှာ ဖြစ်ပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း ရော်ဘတ်တို ကားလို့စ်က ဘာနေဗျူးကနေ ထွက်ခွာလာတဲ့ မာဆယ်လို တယောက် လာမယ့် ဘောလုံးရာသီမှာ ဘယ်လို အသင်းမျိုးဆီ ပြောင်းရွှေ့ ကစားနိုင်လဲ ဆိုတာကို ကြိုသိနေတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၃၄နှစ်အရွယ် မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၁၅နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ၁၃ရက်နေ့က အသင်း ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစရာ နှုတ်ဆက်ပွဲတခု နဲ့အတူ လမ်းခွဲခဲ့ပါတယ်။