ချဲလ်ဆီး အသင်းဟာ ယနေ့ မနက်က ကစားခဲ့တဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ရဲ့ အပိတ် ခြေစမ်းပွဲ အဖြစ် အာဆင်နယ် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာ ၊ မိနစ် ၉၀ လုံးလုံး အဖက်ဖက် က မယှဉ်နိုင်ပဲ ၊ ၄ – ၀ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာလည်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ မတူညီတဲ့ အသင်း ၂သင်း ပုံစံမျိုး ခွဲကစားခဲ့တာ မှန်ပေမယ့် ၊ အချို့ ပွဲထွက် ကစားသမားတွေဟာ ဒုတိယပိုင်းက မိနစ် တစိတ်တပိုင်း ပါဝင်ခွင့် ရခဲ့ပါတယ် ။

ပွဲချိန် တပိုင်းစီကို မတူညီတဲ့ နည်းစနစ် ချဉ်းကပ်မှုတွေနဲ့ ကစားခဲ့ပေမယ့် ၊ ချဲလ်ဆီးတို့ ဂိုးပြတ် အရှုံးရလဒ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါဟာ လာမယ့် ရက်သတ္တပတ် ၂ပတ် အတွင်း စတင်တော့မယ့် ပရီးမီးယားလိဂ် ရာသီသစ် အတွက် ချဲလ်ဆီးတို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာ ကြီးကြီးမားမား မီးမောင်း ထိုးပြနေခြင်းလည်း ဖြစ်ပါတယ် ။ အူးဒီးနိစ် အသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲမှာမှ ခြေစွမ်း တည်ငြိမ်မှု မရှိခဲ့ရင်တော့ ချဲလ်ဆီးတို့ အတွက် မကြာခင် စတင်တော့မယ့် ရာသီသစ်သာ အထူး စိုးရိမ်စရာကောင်းလာမှာလည်း ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ၄င်းတို့ဟာ ယနေ့ပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ခြေပြတ် ရှုံးဖို့ ထိုက်တန်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရင်း ၊ အတောင့်တင်းဆုံး ပွဲထွက်စာရင်းကို မသုံးခဲ့ခြင်းက လွဲပြီး တခြား ဆင်ခြေပေးစရာ မရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ် ။ တူချယ် က ” ဒီရလဒ်ဟာ အေးအေးဆေးဆေး ဖြစ်တာနဲ့ အဝေးကြီးပါ ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဒီနေ့ပွဲကို ရှုံးဖို့ ထိုက်တန်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်း လုံလုံလောက်လောက် မကောင်းနေတာ ရှင်းနေလို့ပါ ။ ဒီနေ့မှာ ကျွန်တော်တို့ ပြိုင်ဆိုင်လိုစိတ် လုံးဝ ပျောက်ဆုံးနေခဲ့ပါတယ် ။ ”

” စိုးရိမ်စရာကောင်းတဲ့ အပိုင်းက အသင်းအပေါ် ပေးဆပ်မှု အဆင့်အတန်းပါ ။ စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါပေါ့ ။ ဒီနေ့ပွဲဟာ အရှေ့က ခြေစမ်းပွဲ ၂ပွဲနဲ့ လုံးဝ မတူပါဘူး ။ အာဆင်နယ် ဟာ ကျွန်တော့ထက် အစစအရာရာ အမြင့်ကြီး သာနေခဲ့ပါတယ် ။ ကျွန်တော်တို့ဖက်က ဆင်ခြေပေးချင်ရင် ၊ အတောင့်တင်းဆုံး ပွဲထွက်စာရင်း မသုံးခဲ့ဘူးလို့ ဆင်ခြေပေးကောင်း ပေးလို့ရပါတယ် ။ အာဆင်နယ် ဟာ ဒီနေ့မှာ အကောင်းဆုံး ကစားသမား အင်အားနဲ့ ပွဲထွက်ခဲ့ပြီး ၊ သူတို့ဟာ လူစုံတက်စုံ ရှိနေခဲ့တာ ရက်သတ္တပတ် အတော်ကြာခဲ့ပါပြီ ။ ”

” ဒါ့အပြင် သူတို့ဟာ လက်ရှိ အသင်းကို အင်အား ထပ်ဖြည့်ထားသလို ၊ တူညီတဲ့ ကစားကွက် အခင်းအကျင်းကို ဆက်လက် အသုံးပြုဆဲပါ ။ ဒီနေ့ပွဲမှာ သူတို့ ထုတ်သုံးသွားတဲ့ Line-up ဟာ ပရီးမီးယားလိဂ် ပွဲတပွဲ ကစားလို့ ရတဲ့ အဆင့်အတန်းမှာ ရှိပါတယ် ။ ကျွန်တော်တို့ကတော့ အတောင့်တင်းဆုံး ကစားသမား စာရင်းကို မသုံးခဲ့ပါဘူး ။ ဒါက ကျွန်တော် ရှင်းပြနေခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် လူစုံထုတ်တာ မထုတ်တာက အသေးအဖွဲ့ အစိတ်အပိုင်းသာ ဖြစ်ပါတယ် ။ တခြား တဖက်မှာတော့ စိုးရိမ်စရာတွေ ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ရာသီသစ် အတွက် ၄င်းတို့ အဆင်သင့် မဖြစ်သေးကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောသွားပြန်ပါတယ် ။ တူချယ် က ” ရာသီသစ် အတွက် အသင့်ဖြစ်မဖြစ် ကျွန်တော် အာမမခံပေးနိုင်ပါဘူး ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ ကိုယ်ပိုင် ကစားကွက် အိုင်ဒီယာမှာ လုံးဝ အံကိုက်နေတဲ့ အာဆင်နယ် အသင်းကို မြင်တွေ့ခဲ့ရပြီး ၊ ကြံ့ခိုင်မှု အဆင့်အတန်းမှာ ကျွန်တော်တို့ သူတို့ကို ဘာမှ မယှဉ်နိုင်ခဲ့ပါဘူး ။ ကစားသမား တချို့တဝက်ဟာ သူတို့ရဲ့ အနာဂတ် အကြောင်း စဉ်းစားခန်းလွန်ရင်း ၊ ဒွိဟတွေ ဖြစ်နေကြတာကြောင့် အသင်း အပေါ် သူတို့ရဲ့ ပေးဆပ်မှုတွေက ပျောက်ဆုံးနေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ယနေ့ မနက်က ကစားခဲ့တဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ရဲ့ အပိတ် ခြေစမ်းပွဲ အဖြစ် အာဆင်နယ် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာ ၊ မိနစ် ၉၀ လုံးလုံး အဖက်ဖက် က မယှဉ်နိုင်ပဲ ၊ ၄ – ၀ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာလည်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ မတူညီတဲ့ အသင်း ၂သင်း ပုံစံမျိုး ခွဲကစားခဲ့တာ မှန်ပေမယ့် ၊ အချို့ ပွဲထွက် ကစားသမားတွေဟာ ဒုတိယပိုင်းက မိနစ် တစိတ်တပိုင်း ပါဝင်ခွင့် ရခဲ့ပါတယ် ။