ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အသစ်စက်စက်လေး ဖြစ်တဲ့ ရိုင်ယန်စတာလင်းဟာ ချဲလ်ဆီးကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ မန်စီးတီးကို မလေးစားတဲ့ အပြုအမူတွေ ပြုလုပ်ပြနေခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်ရှိနေပြီ ဖြစ်တဲ့ စတာလင်းဟာ မန်စီးတီးအသင်းနဲ့ (၇)နှစ်တာကို အောင်မြင်စွာ ဖြတ်သန်းလာခဲ့ပြီးတဲ့နောက် ဒီတစ်ပတ်အစောပိုင်းမှာ ချဲလ်ဆီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ သေချာသွားချိန်မှာ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းရဲ့ ပရိသတ်တွေနဲ့ မန်စီးတီး အသင်းကို ကျေးဇူးတင်စကားတွေ ပြောဆိုပြီး တော်ကီတွေ ချွေခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းနဲ့ လိုက်ပါလာခဲ့တဲ့ အမေရိကန်ရာသီကြို ခရီးစဉ်မှာတော့ မန်စီးတီး အသင်းပရိသတ်တစ်ဦးက မန်စီးတီးဂျာစီပေါ်မှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်းဟောင်း ပရိသတ်တွေကတော့ စတာလင်းအပေါ် ပေါက်ကွဲခဲ့ကြပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းနဲ့ အမေရိကန် ရာသီကြို ခရီးစဉ်မှာ စတာလင်းဟာ ချဲလ်ဆီးအသင်းပရိသတ်တွေနဲ့ တွေ့ဆုံစဉ်မှာ ချဲလ်ဆီး ဂျာစီပေါ်မှာ လက်မှတ်ထိုးပေးတာတွေ၊ ပရိသတ်တွေနဲ့ ဓာတ်ပုံတွဲရိုက်တာတွေ ပြုလုပ်ခဲ့တာကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပရိသတ်တစ်ဦးကတော့ မန်စီးတီး ဂျာစီကို ယူပြီး စတာလင်းကို လက်မှတ်ထိုးပေးဖို့ ဂျာစီကို ပြထားချိန်မှာ စတာလင်းဟာ လက်မှတ်ထိုးပေးဖို့ ဂျာစီကို ကိုင်ထားပြီးမှ မန်စီးတီး ဂျာစီမှန်း သိချိန်မမှာ လက်မှတ်ထိုးမပေးတော့ပဲ မသိချင်ယောင်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

ငြင်းပယ်ခံလိုက်ရတဲ့ ပရိသတ်ဟာ စတာလင်း ပြန်များလာထိုးပေးမလားဆိုပြီး၊ အတန်ကြာ စတာလင်းနားကို ဂျာစီထိုးပေးထားခဲ့ပေမဲ့ စိတ်မကောင်းစွာပဲ စတာလင်းကတော့ မသိချင်ယောင်ဆောင် သွားခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။ စတာလင်းရဲ့ အပြုအမူကို မန်စီးတီး ပရိသတ်တွေကသာ မက အခြားသော အသင်းပရိသတ်တွေကပါ ဝေဖန်ခဲ့ကြပြီး မြင်ဖူးသမျှထဲမှာ ပရော်ဖက်ရှင်နယ် မဆန်ဆုံး အပြုအမူ ဖြစ်တယ်လို့ ဝေဖန်နေခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးကဆိုရင် ” မန်စီးတီး ဂျာစီကို စတာလင်း လက်မှတ်ထိုးပေးဖို့ ငြင်းပယ်လိုက်တာက တော်တော်လေး ထူးဆန်းပါတယ်၊ ပြီးတော့ လေးစားမှုလည်း သိပ်ပြီး မရှိသလိုပဲ ” လို့ ဝေဖန်သွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” မန်စီးတီးမှာ (၇)နှစ်တောင် နေလာခဲ့တဲ့ စတာလင်းဆီကနေ ဒီလိုမြင်ရတာ တကယ်ပဲ စိတ်မကောင်း ဖြစ်ရတယ်၊ မန်စီးတီး ဂျာစီကို မင်း တကယ်ပဲ လက်မှတ်ထိုးမပေးနိုင်တော့တာလား ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ် တစ်ဦးကတော့ စတာလင်းရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ” မန်စီးတီး ဂျာစီကို လက်မှတ်ထိုးပေးဖို့ ငြင်းပယ်လိုက်တာက စတာလင်းအတွက် ဘာများ မှားယွင်းသွားခဲ့လို့လဲ၊ လူတွေကို သူ့ကို မုန်းတီးဖို့ အကြောင်းအရင်းတွေ ရှာနေသလိုမျိုး ခံစားရတယ် ” လို့ အဆိုပါ ပရိသတ်က ပြောဆိုသွားခဲ့ပါတယ်။ စတာလင်းဟာ ယမန်နေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အမေရိကားအသင်းကို (၂-၁)နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ချဲလ်ဆီးအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပေမဲ့ ဝင်ရောက်ကစားခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

ZAWGYI: ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အသစ်စက်စက်လေး ဖြစ်တဲ့ ရိုင်ယန်စတာလင်းဟာ ချဲလ်ဆီးကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ မန်စီးတီးကို မလေးစားတဲ့ အပြုအမူတွေ ပြုလုပ်ပြနေခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်ရှိနေပြီ ဖြစ်တဲ့ စတာလင်းဟာ မန်စီးတီးအသင်းနဲ့ (၇)နှစ်တာကို အောင်မြင်စွာ ဖြတ်သန်းလာခဲ့ပြီးတဲ့နောက် ဒီတစ်ပတ်အစောပိုင်းမှာ ချဲလ်ဆီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့ပြီပဲ ဖြစ်ပါတယ်။