ဘာဆီလိုနာကစားသမား ဖရန်ကီဒီယောင်ကိုခေါ်ဖို့ မန်ချက်စတာယူနိုက်တက်ရော ချယ်လ်ဆီးတို့ကပါ စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့တိုက်ပွဲမှာ ချယ်လ်ဆီးတို့က အသာစီးရနိုင်ချေရှိပါတယ်။ ချယ်လ်ဆီးတို့က ဒီယောင်ကိုခေါ်ဖို့ ဘာဆီလိုနာတို့နဲ့ တိုက်ရိုက်စကားပြောနေပြီလို့ သိရပါတယ်။ နယ်သာလန်ကွင်းလယ်ကစားသမား၊ ၂၅ နှစ်ဟာ မန်ချက်စတာယူနိုက်တက်တို့နဲ့ သတင်းထွက်နေတာ လပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။

မန်ယူတို့က ဘာဆီလိုနာတို့နဲ့ ပြောင်းရွှေ့ကြေးသဘောတူပြီးသားဖြစ်တယ်လို့ ယုံကြည်ရပေမဲ့ ကစားသမားက မန်ချက်စတာကိုလာဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ပြီးမြောက်ဖို့ ခက်ခဲနေခဲ့တာဖြစ်ပြီး ချယ်လ်ဆီးတို့ ခေါင်းလျှိုဝင်လာဖို့ ခွင့်ပြုခဲ့ရတာပါ။ ဘာကာတို့ကတော့ သူတို့ရဲ့ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေဖို့အတွက် ဒီဈေးကွက်မှာတင် ဒီယောင်ကို ထွက်ခွာစေချင်နေတာဖြစ်ပါတယ်။

သူတို့ခေါ်ထားတဲ့ ရာဖင်းညာ၊ လီဝမ်ဒေါစကီး၊ ခွန်ဒေ စတဲ့ ကစားသမားသစ်တပြုံတခေါင်းကို မှတ်ပုံတင်နိုင်ဖို့အတွက် သြဂုတ် ၁၃၊ လာလီဂါရဲ့ ဈေးကွက်နောက်ဆုံးနေ့မတိုင်ခင် လက်ရှိကစားသမားအရောင်းတွေ လုပ်ကိုလုပ်မှဖြစ်မယ့်အနေအထားပါ။ ဘာကာဘော့စ်ဇာဗီအတွက်ကတော့ ကွင်းလယ်ကစားသမားတယောက်ကို ရောင်းလို့အဆင်ပြေတဲ့အနေအထားမှာရှိနေပါတယ်။ ဂါဗီ၊ ပက်ဒရီ၊ ဆာဂျီရောဘတ်တို၊ နစ်ကိုဂွန်ဇာလက်စ်၊ ဆာဂျီယိုဘူးစကွက်စ်၊ လူသစ် ဖောင့်န်စ်ကက်ဆီယယ် စတဲ့ကစားသမားတွေက ဒီယောင်ရဲ့ကွက်လပ်ကို အသာအယာဖြည့်နိုင်ကြတဲ့သူတွေချည်းဖြစ်နေတာပါ။

ဒီယောင်သာထွက်ခွာမယ်ဆိုရင် သူ့ကိုရောင်းလို့ရမယ့်ပိုက်ဆံရော သူ့အတွက်လစာဘေလ်လျော့သွားမှာရောနဲ့ ဘာကာတို့ အများကြီးအသက်ရှူချောင်လာမှာဖြစ်ပါတယ်။ သူက ကလပ်ရဲ့လစာအမြင့်ဆုံးကစားသမားတွေထဲက တဦးဖြစ်သလို ဈေးကွက်ထဲမှာ ဝယ်လိုအားရှိနေတဲ့ကစားသမားဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက်လည်း ရဦးမှာပါ။ ဒီယောင်အတွက် ဘာဆီလိုနာတို့နဲ့အရောင်းအဝယ်တခုဖြစ်ဖို့ ချယ်လ်ဆီးတို့က အကောင်းမြင်နေတယ်လို့ အက်သလက်တစ်သတင်းရဲ့အဆိုအရ သိရပါတယ်။

ချယ်လ်ဆီးတို့က ကူလီဘယ်လီ၊ ရာဟင်စတားလင်း၊ ခြူကွယ်မီကာ၊ ဂေဘရီယယ်ဆလွန်နီနာ စတဲ့ကစားသမားတွေကိုခေါ်ယူထားပြီးဖြစ်ပေမဲ့ သူတို့ရဲ့အင်အားကိုတိုးချဲ့ဖို့ ဆက်လက်ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီသတင်းကတော့ မန်ယူဖန်တွေ အမှန်တကယ်စိတ်ပူသင့်တဲ့သတင်းတခုပါ။ ဘာလို့လဲဆိုတော့ ဘာဆီလိုနာတို့တောင်းသလောက်၊ မန်ယူတို့ပေးသလောက်ပေးဖို့ ချယ်လ်ဆီးတို့သာသဘောတူခဲ့ရင် ကစားသမားက ချယ်လ်ဆီးကိုပဲရွေးမှာ သေချာသလောက်မို့ဖြစ်ပါတယ်။ ချယ်လ်ဆီးတို့က ချန်ပီယံလိဂ်ဘောလုံးကိုပေးနိုင်ပါတယ်။ သူရဲနီတို့မပေးနိုင်တဲ့အရာတခုပေါ့။

နောက်တခုကတော့ မန်ချက်စတာအစား လန်ဒန်မှာနေရတဲ့အခွင့်အလန်းဖြစ်ပါတယ်။ ဒီအချက်ဟာ ဘောလုံးသမားအများအပြားကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်တခုဖြစ်ပါတယ်။ စပိန်ဘက်ကလာတဲ့သတင်းများအရလည်း ကစားသမားက တကယ်လို့ အသင်းကနေ မဖြစ်မနေထွက်ခွာရမယ်ဆိုရင် ချယ်လ်ဆီး သို့မဟုတ် ဘိုင်ယန်ကိုပဲသွားချင်တယ်လို့ ယခင်ကတည်းကအသံထွက်ထားပါတယ်။ ဘာလို့လဲဆိုတော့ မန်ချက်စတာဒေသကို သဘောမကျသလို မန်ယူတို့ရဲ့အုပ်ချုပ်စီမံခန့်ခွဲမှုပိုင်းကို သူကမယုံကြည်တာကြောင့်လို့ဆိုပါတယ်။

ဒါ့အပြင် လန်ဒန်၊ မြူးနစ်တို့လို မြို့တော်ရပ်ဝန်းတွေမှာသာနေလိုတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးတို့က မန်ယူတို့ကမ်းလှမ်းထားတဲ့ လစာကမ်းလှမ်းချက်ကို လိုက်မီဖို့လည်း ယုံကြည်မှုရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူတို့ဘက်ကအားသာချက်ကတော့ အိုင်းယက်စ်မန်နေဂျာဟောင်း အဲရစ်တန်ဟဂ်ဖြစ်ပြီး ကစားသမားဆီက အကောင်းဆုံးကို ဘယ်လိုထုတ်ယူရမလဲဆိုတာ အတိအကျသိသူဖြစ်ပါတယ်။ ဒါ့အပြင် ရပ်တည်မှုဂုဏ်သိက္ခာ၊ အမည်နဲ့ သမိုင်းကြောင်းပိုင်းများအရ မန်ချက်စတာယူနိုက်တက်တို့က ပိုကြီးမားတဲ့ကလပ်ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ပါ။ မန်ယူကစားသမားတယောက်ဖြစ်လာရတာက တစုံတရာအဓိပ်ပါယျရှိနဆေဲဖွဈပါတယျ။

ZAWGYI: ဘာဆီလိုနာကစားသမား ဖရန်ကီဒီယောင်ကိုခေါ်ဖို့ မန်ချက်စတာယူနိုက်တက်ရော ချယ်လ်ဆီးတို့ကပါ စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့တိုက်ပွဲမှာ ချယ်လ်ဆီးတို့က အသာစီးရနိုင်ချေရှိပါတယ်။ ချယ်လ်ဆီးတို့က ဒီယောင်ကိုခေါ်ဖို့ ဘာဆီလိုနာတို့နဲ့ တိုက်ရိုက်စကားပြောနေပြီလို့ သိရပါတယ်။ နယ်သာလန်ကွင်းလယ်ကစားသမား၊ ၂၅ နှစ်ဟာ မန်ချက်စတာယူနိုက်တက်တို့နဲ့ သတင်းထွက်နေတာ လပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။