မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ ကို အီတာကူရာအနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းဖြစ်တဲ့ ဘော်ရူစီယေး မိုချန်ဂလက်ဘက်ချ်ရဲ့ အလိုရှိခြင်းကို ခံနေရကြောင်း Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂျပန်နိုင်ငံသား ခံစစ်မှူးအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ရောက်ရှိခဲ့ပေမယ့် ဒတ်ချ်ကလပ် ဂရိုနင်ဂျင်အသင်းကို ၂ ရာသီအငှါးစာချုပ်နဲ့ ထွက်ခွါကစားခဲ့ရသလို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ အသင်းဖြစ်တဲ့ ရှော်လ်ကာအသင်းကို အငှါးထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

အီတာကူရာအနေနဲ့ နောက်နှစ်ဘောလုံးရာသီပြန်လည်မစတင်မီမှာ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွါဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး ဖူလ်ဟမ်နဲ့ ဘုန်းမောက်အသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ ဒါပေမယ့် မိုချန်ဂလက်ဘက်ချ်အသင်းကတော့ အီတာကူရာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကို လောလောလတ်လတ်တန်းတက်လာတဲ့ အသင်း ၂ သင်းထက်စာရင် ဦးဆောင်နေနိုင်ကြောင်း Sky Sports သတင်းဌာနရဲ့သတင်းထောက် လီယဲလ် သောမက်စ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရှော်လ်ကာအသင်းအနေနဲ့ ဘဏ္ဍာရေးရှုပ်ထွေးမှုအခြေအနေတွေကြောင့် အီတာကူရာကို ယူရို ၆ သန်းတည်းနဲ့ ခေါ်ယူခွင့်ရှိခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အဆိုပါကစားသမားကို ခေါ်ယူဖို့ လမ်းကြောင်းကနေ သွေဖည်သွားခဲ့ရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းကြီး စကော့ထ် ကာဆန်အနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တတိယဦးစားပေး ဂိုးသမားဖြစ်ဖို့အတွက် အသင်းနဲ့ ၁ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို တိုးမြှင့်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပက်ပ် ဂွါဒီယိုလာရဲ့လက်အောက်မှာ ၂ ပွဲသာ ကစားခဲ့ရပေမယ့် အသက် ၃၆ နှစ်အရွယ် ဝါရင့်ဂိုးသမားကြီးအနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို အတွေ့အကြုံတွေများစွာ သယ်ဆောင်လာနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ကာဆန်က “ကျွန်တော့်အနေနဲ့ စီးတီးနဲ့ နောက်ထပ်ဘောလုံးရာသီတစ်ခု ဆက်နေနိုင်မှာဖြစ်တဲ့အတွက် ပျော်ရွှင်ပါတယ်”

“ပက်ပ်နဲ့ အလုပ်လုပ်ဖို့အတွက်၊ နည်းပြတွေနဲ့ ပင်ကိုယ်အရည်အသွေးကောင်းမွန်တဲ့ အသင်းဖော်တွေနဲ့ အလုပ်လုပ်ဖို့အတွက်ကတော့ တကယ့်ကို ဂုဏ်ယူစရာဖြစ်သလို နေ့တိုင်း ကျွန်တော်ကတော့ သဘောကျနှစ်သက်နေမိပါတယ်။ ဒီမှာရှိနေတဲ့ ကျွန်တော့်အချိန်တွေကနေ ကျွန်တော့်အနေနဲ့ အများကြီးရရှိခဲ့တာတွေရှိပါတယ်။ အသင်းရဲ့ အခြားဂိုးသမားတွေကို သူတို့ရဲ့အကောင်းဆုံးဖြစ်လာနိုင်သလောက်အထိ ဖြစ်လာအောင် ဆက်ပြီး ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ ကို အီတာကူရာအနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းဖြစ်တဲ့ ဘော်ရူစီယေး မိုချန်ဂလက်ဘက်ချ်ရဲ့ အလိုရှိခြင်းကို ခံနေရကြောင်း Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂျပန်နိုင်ငံသား ခံစစ်မှူးအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ရောက်ရှိခဲ့ပေမယ့် ဒတ်ချ်ကလပ် ဂရိုနင်ဂျင်အသင်းကို ၂ ရာသီအငှါးစာချုပ်နဲ့ ထွက်ခွါကစားခဲ့ရသလို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ အသင်းဖြစ်တဲ့ ရှော်လ်ကာအသင်းကို အငှါးထွက်ကစားခဲ့ရတာဖြစ်ပါတယ်။