ယခု နွေရာသီ အပြောင်းအရွှေ့ ကာလ အဓိက ပစ်မှတ် ဒီလစ်ကို ခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်နဲ့ အပြိုင်အဆိုင် ဖြစ်လာချိန်မှာတော့ ချဲလ်ဆီးက မန်စီးတီးနောက်ခံလူ အကီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါပြီ။ ဒီလစ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ချဲလ်ဆီးက ဂျာမန်ဘီလူးကြီးကို အသာရဖို့ ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းဝန်းကျင်သုံးစွဲဖို့ ဆန္ဒရှိနေတာပါ။

လန်ဒန်ကလပ်က နယ်သာလန် နောက်ခံလူကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ အဓိက ပစ်မှတ်လို့ သတ်မှတ်ပြီး ကြိုးပမ်းနေခဲ့ရာ အသင်း တိုက်စစ်မှူး တီမိုဗာနာကိုပါ အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်တပ်စ်ကတော့ သဘောမတူခဲ့ပါဘူး။ အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ် နည်းပြ နာဂယ်စ်မန်းနဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့က နယ်သာလန်ခံစစ်မှူးနဲ့ ပြောဆို ဆွေးနွေးမှုတွေ စလာခဲ့ခြင်းနဲ့အတူ ဒီလစ် အပြောင်းအရွှေ့ တိုက်ပွဲမှာ ပါဝင်လာပါတယ်။

ဂျူဗင်တပ်စ်ကတော့ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၆၈.၉ သန်း လိုချင်နေပေမယ့် ဘိုင်ယန်မြူးနစ်ဘက်ကတော့ ဒီငွေကြေး ပမာဏအထိ သုံးစွဲဖို့ မရည်ရွယ်ထားဘဲ ကလပ်အသင်း နှစ်ခုကြားမှာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု တစုံတရာ ဖြစ်ပေါ်လာစေဖို့ မျှော်လင့်ချက် အပြည့် ရှိနေပါတယ်။ ဒီလစ် အပြောင်းအရွှေ့မှာ အခက်အခဲတွေ ရှိလာချိန် ချဲလ်ဆီးကတော့ ကစားသမားဟောင်း အကီကို စတမ်းဖို့ဘရစ်ချ်ဆီ ပြန်ခေါ်ဖို့ အာရုံစိုက်လာခဲ့ပါပြီ။

ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ အခု နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာသွားပြီးနောက် နည်းပြတူချယ်က အရည်အသွေးမြင့် ဗဟိုနောက်ခံ လူတစ်ဦး ခေါ်ယူနိုင်ရေး ဆန္ဒပြင်းပြနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ လူငယ် ကစားသမားအဖြစ် ချဲလ်ဆီးဆီ ရောက်ရှိလာခဲ့တဲ့ နသန်အကီက အသင်းမှာ ၂၀၁၇ ခုနှစ်အထိ ရှိနေခဲ့ပြီး အငှား ကစားသမား ဘဝမှာပဲ ကျင်လည်ခဲ့ရပါတယ်။ အဲ့ဒီကာလအတွင်း ချဲလ်ဆီးစီနီယာ အသင်းအတွက် အကီက ၁၇ ပွဲကစားပေးခဲ့ပြီး ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဘုန်းမောက်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အကီကို ၂၀၂၀ ခုနှစ်မှာ မန်စီးတီးက အရခေါ်ယူခဲ့ပြန်ပါတယ်။ အကီအနေနဲ့ ပြီးခဲ့တဲ့ရာသီ၊ ပက်ဂွါဒီယိုလာ အသင်းအတွက် ပရီးမီးယားလိဂ် ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ မန်စီးတီးက အကီကို ရောင်းချဖို့အစီအစဉ်မရှိဘူးလို့ ချဲလ်ဆီးဆီ ပြတ်ပြတ်သားသား သတိပေးထားလို့ ချဲလ်ဆီးရဲ့ အကီကို စတမ်းဖို့ဘရစ်ချ်ဆီ ပြန်လည် ခေါ်ယူနိုင်ရေး လုပ်ငန်းကလည်း လွယ်ကူဖို့မရှိပါဘူး။

အခု နွေရာသီ အစောပိုင်းတုန်းကလည်း နယူးကာဆယ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ စီးတီးဆီ ချဉ်းကပ်ခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ ဒီပမာဏမျိုးနဲ့ ချဲလ်ဆီးက စီးတီးဆီ ကမ်းလှမ်းခဲ့မယ် ဆိုရင်တောင်မှ စီးတီးအနေနဲ့ အကီရဲ့နေရာအတွက် အစားထိုးနိုင်မယ့် ကစားသမားမျိုး ရရှိမှသာ အကီရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာမယ့် အခြေအနေရှိပါတယ်။ ချဲလ်ဆီးက အကီရဲ့ ကလပ်အသင်းဖော်၊ စီတီးတောင်ပံ တိုက်စစ်သမား စတာလင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ZAWGYI: ယခု နွေရာသီ အပြောင်းအရွှေ့ ကာလ အဓိက ပစ်မှတ် ဒီလစ်ကို ခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်နဲ့ အပြိုင်အဆိုင် ဖြစ်လာချိန်မှာတော့ ချဲလ်ဆီးက မန်စီးတီးနောက်ခံလူ အကီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါပြီ။ ဒီလစ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ချဲလ်ဆီးက ဂျာမန်ဘီလူးကြီးကို အသာရဖို့ ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းဝန်းကျင်သုံးစွဲဖို့ ဆန္ဒရှိနေတာပါ။