ပရီးမီးယားလိဂ်ကတော့ အချိန်အကြာကြီး အနားယူပြီးနောက် ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ လိဂ်ရဲ့ နာမည်ကြီး အသင်းတွေကတော့ စိတ်ဝင်စားစရာ ရာသီအကြို ပွဲစဥ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီ အသင်းတွေဟာ ရာသီအသစ်မှာ ကောင်းမွန်တဲ့ အစကို ဘယ်အသင်းက ပိုင်ဆိုင်သွားနိုင်မလဲ စိတ်ဝင်စားစရာပါပဲ။ အာဆင်နယ်ကတော့ ရာသီအကြိုမှာ အထင်ကြီးစရာ အကောင်းဆုံး အသင်းပါ။

ဂျေဆုဟာ ထင်ထားတာထက် ပိုပြီး အသားကျနေပါတယ်။ ယခုအပတ် သူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေကတော့ ကွဲပြားမှာပါ။ ကျွန်တော် အကြိုပွဲစဥ်ပေါင်း များစွာကို ကျော်ဖြတ်ခဲ့ဖူးပြီး သူတို့က ဒီပွဲတွေကိုစဥ် မတူညီတဲ့နည်းလမ်းနဲ့ ချဥ်းကပ်ကြတာပါ။ ပရီးမီးယားလိဂ်ဟာ ကျွန်တော်တို့အတွက် အံ့သြစရာတွေ ပေးစွမ်းလေ့ရှိပြီး ရာသီရဲ့ ပထမဆုံး အပတ်ကတော့ ကွဲပြားမှာပါ။ ကဲ ယခုရာသီရဲ့ပထမဆုံး အပတ်ပွဲစဥ်တွေအတွက် ကျွန်တော့်ရဲ့ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ် VS ခရစ်စတယ်ပဲလေ့။ ။ အာဆင်နယ်က ပြီးခဲ့တဲ့ရာသီ သူတို့ရဲ့ အဖွင့်ပွဲတွေကို ကောင်းကောင်းမစတင်နိုင်ဘူးဆိုတာ သိပေမဲ့ ယခုအပတ်မှာ အာဆင်နယ်ရဲ့ သွင်းဂိုးတွေကို ပဲလေ့စ်က တားဆီးနိုင်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ အာတီတာကတော့ သူ့ရဲ့ စမ်းသပ်ထားတဲ့ အသင်းနဲ့ ကြိုးစားသွားမှာပါ။ ဘန်ဝှို​က်က ရာသီအကြိုမှာ ကွင်းလယ်ပိုင်းက ကစားခဲ့ပေမဲ့ သူက ဂါဘရီရယ်နဲ့အတူ ခံစစ်မှာ ကစားမယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒီ ၂ ယောက်ဟာ အသင်းအတွက် ခြေစွမ်းပြသခဲ့ပါတယ်။ အာတီတာရဲ့ အသင်းမှာ တိုက်စစ်ပိုင်းရွှေးချယ်မှုတွေ ​များပေမဲ့ ဂျေဆု ၊ ဆာကာ နဲ့ မာတီနယ်လီတို့ကိုသာ ရွေးချယ်သင့်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ဂျေဆု အသားကျသွားဖို့ပါ။ အာဆင်နယ်က လက်ရှိ ထုတ်ပြန်ချက်တစ်ခုတော့ လိုလာပါပြီ။ ဒီပွဲစဥ်က သူတို့အတွက် အရေးကြီးပါတယ်။ သူတို့သာ ယခုရာသီ အဆင့် ၄ ဝင်နိုင်ဖို့ဆိုရင် ဒီပွဲကို အနိုင်ရရှိမှ ဖြစ်မှာပါ။ (ခန့်မှန်းချက်: ပဲလေ့ ၁-၃ အာဆင်နယ်)

ဖူဟမ် VS လီဗာပူး။ ။ ဒါဟာ ဖူဟမ်အတွက် သူတို့ရဲ့ ပရီးမီးယားလိဂ် စတင်မှု ပိုဆိုးတဲ့ အရာရှိမှာမဟုတ်တော့ပါဘူး။ သူတို့ဟာ ချန်ပီယံရှစ်မှာ တိုက်စစ်ဆင်ကစားတဲ့ အသင်းပေါင်းများစွာနဲ့ ကစားခဲ့ပါတယ်။ အခုလည်း သူတို့ ၁၁ ယောက်လုံး ခံစစ်မှာ ကစားရပြီး ဒါဟာ ပြသနာတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ယခုပွဲစဥ်မှာ နူနက်ကို စတင်စေမှာပါ။ ဒီလိုပြောတာ ဘာကြောင့်လဲဆိုတော့ ဒါဟာ အသင်းကြီး မဟုတ်လို့ပါ။

လီဗာပူးက ဒီပွဲကို လွှမ်းမိုးသွားမှာပါ။ နူနက်က သူဂိုးသွင်းလို့ရမဲ့ ပွဲစဥ်တွေမှာ ဝင်ကစားဖို့ လိုပါတယ်။ ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်လုပ်လို့ အကောင်းဆုံး ပွဲစဥ်ပါ။ တန်းတက်အသင်းတွေနဲ့ ရာသီ အစမှာ ကစားရတာ ခက်ခဲပါတယ်။ သူတို့နဲ့ ဇန်နဝါရီလမှာ ကစားရတာ ပိုကောင်းပါတယ်။ လီဗာပူးက ဒီပွဲကို အနိုင်ရရှိသင့်ပါတယ်။ (ခန့်မှန်းချက်: ဖူဟမ် ၀-၂ လီဗာပူး)

စပါး VS ဆောက်သမ်တန်။ ။ စပါးက ရာသီအကြိုမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့က လူကောင်းကောင်း ဝယ်ယူနိုင်ခဲ့ပြီး ဒီကစားသမားတွေကို အသင်းတစ်သင်းအဖြစ် အတူတကွပြုလုပ်ဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်မှာ ခင်ဗျားတိူ့ အချိန်အများကြီး ယူလို့မရပါဘူး။ စပါးအသင်းက ဆွန်ဟောင်မင်နဲ့ ကိန်းတို့ကို ကိုင်တွယ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

ဆောက်သမ်တန်က ယခုရာသီ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီပွဲစဥ်အတွက်တော့ ကျွန်တော် ခံစားချက် သိပ်မကောင်းပါဘူး။ စပါးက ကောင်းမွန်တဲ့ လူဝယ်ရာသီကို ပိုင်ဆိုင်ထားပြီး ဒီပွဲစဥ်ကို အနိုင်ရရှိသွားမယ်လို့ ထင်ပါတယ်။ (ခန့်မှန်းချက်: စပါး ၂-၀ ဆောက်သမ်တန်)

အဲဗာတန် VS ချဲလ်ဆီး။ ။ ဒီ ၂ သင်းလုံးက ရာသီအကြိုမှာ ရုန်းကန်ခဲ့ရတာပါ။ အဲဗာတန်က သွားရောက် ရင်ဆိုင်ဖို့ ခက်ခဲတဲ့နေရာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ လကတော့ ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပါတယ်။ ချဲလ်ဆီးက ဟားဗက်ကို အလယ်မှာ ကစားစေသင့်ပါတယ်။ သူက ချဲလ်ဆီးအတွက်ဂိုး ၂၀ ကျော်သွင်းယူနိုင်မယ်လို့ မထင်ပါဘူး။ ချဲလ်ဆီးကတော့ ကွင်းလယ်ကနေ ဂိုးရဖို့ မောင့်ကို အားကိုးနေရတာပါ။

စတာလင်က စီးတီးအတွက် ဂိုးသွင်းယူပေမဲ့ ချဲလ်ဆီးကတော့ မတူညီတဲ့ အနေအထားပါ။ ချဲလ်ဆီးမှာ ဘယ်နေရာက သွင်းဂိုးတွေရလာမလဲ မသိပါဘူး။ ရူဒီဂါနဲ့ ခရစ်စတီယန်ဆန်တို့ ထွက်ခွာသွားတာကြောင့် ပြီးခဲ့တဲ့ရာသီထက် အင်အားနည်းသွားပါပြီ။ ကူလီဘာလီကတော့ အတွေ့အကြုံရှိပေမဲ့ သူကစားခဲ့တဲ့ အီတလီက ပရီးမီးယားလိဂ်လောက် မမြန်ပါဘူး။ အဲဗာတန်က သူတို့အတွက် ခက်ခဲပေမဲ့ ရလဒ်ကောင်း ရရှိမှာပါ။ (ခန့်မှန်းချက်: အဲဗာတန် ၁-၂ ချဲလ်ဆီး)

မန်ချက်စတာယူနိုက်တက် VS ဘရိုက်တန်။ ။ ယူနိုက်တက်ကတော့ ပွဲမစတင်ခင် ဆုံးဖြတ်ချက် အနည်းငယ် ပြုလုပ်ရမှာပါ။ လူတွေက မာရှယ်ပြန်လာပြီလို့ ကျွန်တော့်ကို ပြောကြပါတယ်။ မာရှယ်က ခင်ဗျားတို့နဲ့ ဘာမှ ယူပေးနိုင်မှာမဟုတ်ပါဘူး။ တန်ဟက်က ရော်နယ်ဒိုနဲ့ အခြေအနေ တစ်ခုအထိ ရောက်နေပါတယ်။ သူက သူ့ အစီအစဥ်အတွက် ရော်နယ်ဒိုကို ထွက်စေချင်ပေမဲ့ သူ့နေရာမှာ အစားထိုးဖို့ မရှိပါဘူး။ ဒါဟာ နည်းပြတွေအတွက် ကြီးမားတဲ့ ပြသနာတစ်ခုပါပဲ။ ရော်နယ်ဒိုသာ ဆက်နေမယ်ဆိုရင် ကျွန်တော်ကတော့ မာရှယ်အစား ရော်နယ်ဒိုကို အပတ်တိုင်း ကစားစေမှာပါ။

ကျွန်တော်ကတော့ အသင်းကို နည်းပြအသစ်အဖြစ် ဝင်လာပြီး သူတို့ရဲ့ အသင်းဟောင်းက ကစားသမားတွေကို ခေါ်ယူတာကို မကြိုက်ပါဘူး။ ဘရိုက်တန်က အိုးထရက်ဖို့ကိုသွားပြီး ယူနိုက်တက်ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်မှာ နည်းပြအသစ် ရှိတာကြောင့် သူတို့ အနိုင်ရရှိသွားမယ်လို့ ထောက်ခံပါတယ်။ ဒါပေမဲ့ သူတိူ့ အမှတ်လျော့သွားရင်တောင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ (ခန့်မှန်းချက်: ယူနိုက်တက် ၂-၁ ဘရိုက်တန်)

ဝက်စ်ဟမ်း VS မန်ချက်စတာစီးတီး။ ။ ဒါဟာ ၂ သင်းလုံးအတွက် ခက်ခဲတဲ့ ပွဲစဥ်ပါ။ စီးတီးက ဖိအားပေး ကစားသွားပြီး ဒီပွဲဟာ တန်ပြန်တိုက်စစ် ကစားတတ်တဲ့ ဝက်စ်ဟမ်းအတွက် အလုပ်ဖြစ်သွားနိုင်ပါတယ်။ ဟာလန်းနဲ့ ပတ်သတ်ပြီး ပြောဆိုဖို့က စောလွန်းပါတယ်။ သူက နေရာတိုင်းမှာ ကောင်းကောင်း လုပ်ဆောင်ထားနိုင်တဲ့ လူငယ်လေးပါ။ ဝက်စ်ဟမ်းက ခံစစ်မှာပဲ ၁၁ ယောက်လုံး ကစားသွားပြီး ဟာလန်းရဲ့ လျင်မြန်မှုနဲ့ ခွန်အားက အလုပ်ဖြစ်မလား မသေချာပါဘူး။

ကျွန်တော် ဟာလန်းကို သဘောကျသလို အဲဗာရက်ကိုလည်း သဘောကျပါတယ်။ သူက မတူတဲ့ ကစားသမားပါ။ တစ်ခုတည်းသော ပြသနာက သူဘယ်အချိန် ကစားရမယ် မသိတာပါပဲ။ စီးတီးက ပွဲစဥ်အများအပြားကို ကစားရပြီး သူက အခွင့်အရေး ယူနိုင်ဖို့ လိုပါတယ်။ စီးတီးက ပြီးခဲ့တဲ့ ရာသီကထက် အားနည်းတယ်လို့ ထင်ပါတယ်။ စတာလင်နဲ့ ဂျေဆုတို့က ရာသီတိုင်း ၂၅ ဂိုးလောက် ရှာဖွေပေးပါတယ်။ ဟာလန်းနဲ့ အဲဗာရက်လား? ဘယ်သူသိမှာလဲ? ဒီပွဲစဥ်ကတော့ သရေရလဒ် ထွက်ပေါ်မယ်လို့ ပြောရမှာပါ။ (ခန့်မှန်းချက်: ဝက်စ်ဟမ်း ၁-၁ စီးတီး)

အခြားပွဲစဥ် ခန့်မှန်းချက်များ

ဘုန်းမောက် ၀-၂ အက်စ်တွန်ဗီလာ

နယူးကာဆယ် ၂-၀ နော့တင်ဟမ်

လိဒ် ၁-၁ ဝုဗ်

လက်စတာ ၂-၁ ဘရန်းဖို့