မန်စီးတီးတို့ရဲ့ ၂၀၂၂-၂၃ တိုက်စစ်ကိုဦးဆောင်ဖို့ အဓိကလူအဖြစ် ဒီနွေရာသီမှာ မန်စီးတီးကို အာလင်းဟာလန်းဦးတည်လာနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ယူလီယန်အယ်လ်ဗာရက်စ်ဆီကပြိုင်ဆိုင်မှုကို အက်တီဟက်မှာ ဆုံတွေ့ရဖို့ရှိနေပါတယ်။ စူပါစတားဖြစ်လာမယ့်သူလို့ အာဂျင်းတီးနားအသင်းဖော်ဖြစ်တဲ့ အမ်မီမာတီနက်ဇ်က တစ်ပေးခံထားရတဲ့သူပေါ့။ မန်စီးတီးတို့ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ စောစောစီးစီးလှုပ်ရှားထားတာဖြစ်ပြီး ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းစာချုပ်ဖျက်သိမ်းကြေးနဲ့ အာလင်းဟာလန်းကိုခေါ်ထားပြီးဖြစ်ပါတယ်။

တောင်အမေရိကလူငယ်ကစားသမား အယ်လ်ဗာရက်စ်ကလည်း ဇန်နဝါရီတုန်းက ပေါင် ၁၄ သန်းတန်စာချုပ်ရထားပြီး အင်္ဂလန်ကိုလာဖို့ လမ်းကြောင်းရှိနေပါတယ်။ အဆင့်မြင့်မြင့်သတ်မှတ်ခံထားရတဲ့ သူ့ရဲ့နိုင်ငံအသင်းဖော်ကို အက်စ်တန်ဗီလာမှာ လာရောက်ပူးပေါင်းစေချင်ခဲ့တဲ့ အမ်မလီယာနိုမာတီနက်ဇ်က ပါရမီရှင် ၂၂ နှစ်သားဟာ မန်စီးတီးမှာ ကြီးမားတဲ့သက်ရောက်မှုတခုဖန်တီးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

မန်စီးတီးမှာ ယူလီယန်အယ်လ်ဗာရက်စ်အောင်မြင်မှာလား။ ။ ဥရောပဘောလုံးလောကမှာ အစမ်းသပ်မခံရသေးတဲ့ကစားသမားတယောက်အနေနဲ့ အယ်လ်ဗာရက်စ်ရဲ့အလားအလာကို မန်စီးတီးတို့က အလောင်းအစားလုပ်ပြီးယုံကြည်ခဲ့တာပါ၊ ဒါပေမဲ့ ကိုပါလစ်ဘာတိုဒေါရက်စ်ပွဲမှာ ရေးဗားပလိတ်တို့အတွက် တယောက်တည်း ၆ ဂိုးသွင်းခဲ့တာကို လတ်တလောလေးတင် မြင်ခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းအတွက်လည်း မက်ဆီတို့လိုကစားသမားတွေနဲ့အတူတွဲပြီး စီနီယာပွဲပေါင်း ၉ ပွဲကစားပြီးဖြစ်ပါတယ်။

သူဟာ မန်စီးတီးတို့အတွက် ပါးနပ်လိမ္မာတဲ့ရင်းနှီးမြှုပ်နှံမှုတခုဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ အယ်လ်ဗာရက်စ်ရဲ့ နိုင်ငံအသင်းဖော်ဖြစ်တဲ့အယ်လ်ဗာရက်စ်က အလားအလာကောင်းတဲ့တိုက်စစ်ကစားသမားနဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။ “ယူလီယန်မှာရှိတဲ့ပါရမီကို ကျနော်တို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူစတေးလေ့ရှိပြီး သူအခုရှိနေတဲ့နေရာကိုရောက်ဖို့ အပြင်းအထန်အလုပ်ကြိုးစားခဲ့တဲ့ အရမ်းနှိမ့်ချတတ်တဲ့လူတယောက်ဖြစ်ပါတယ်။”

“စီးတီးမှာ သူက ကောင်းကောင်းမွန်မွန်အလုပ်ဖြစ်မှာပါ၊ တကယ်ပြောရရင် သူက စူပါစတားတယောက်ဖြစ်လာတော့မှာပါ။ အက်စ်တန်ဗီလာဆီ သူ့ကို လာစေချင်ခဲ့တာပါ။ မနှစ်တုန်းက ကိုပါအမေရိကားမကန်ခင် ကျနော်တို့နဲ့လာပူးပေါင်းဖို့ သူ့ကို ကျနော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ စီးတီးတို့က နေရာယူထားပြီးဖြစ်နေပြီဆိုတာ ရှင်းလင်းခဲ့ပါတယ်။ အဲဒီမှာ ယူလီယန် ကောင်းကောင်းအဆင်ပြေမှာပါ။ ကမ္ဘာမှာအကောင်းဆုံးနည်းပြတွေထဲကတယောက်နဲ့ အလုပ်အတူတူလုပ်ရမယ့် သူ့အကြောင်းကို ကျနော်တို့ပြောနေကြတာပါ။”

အရည်အသွေးတွေအများကြီး သူသယ်လာပေးမှာပါ၊ ဒါတင်မကဘဲ အသင်းအတွက် အားစိုက်မြှုပ်နှံမှုတွေလည်း အများကြီးပေးဦးမှာပါ။” လို့ သူကဆိုပါတယ်။ မန်စီးတီးတို့နဲ့ ယူလီယန်အယ်လ်ဗာရက်စ် ဘယ်တော့ပူးပေါင်းမှာပါလဲ။ ။ အယ်လ်ဗာရက်စ်ကို နွေရာသီအထိ အသင်းမှာဆက်ရှိနေခွင့်ပေးဖို့ မန်စီးတီးတို့သဘောတူခဲ့ပြီးနောက် နောက်ထပ်ကိုပါလစ်ဘာတာဒိုးစ်သရဖူတခုရဖို့ ကြိုးစားနေတဲ့ ရေးဗားပလိဂ်တို့က၂၀၂၃ ဇန်နဝါရီအထိ လူငယ်ကြယ်ပွင့်လေးရဲ့လုပ်အားကို ဆက်ရနိုင်ဖို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Velez Sarsfield တို့နဲ့ကန်ရမယ့် ရှုံးထွက် ၁၆ သင်းအဆင့်ပွဲအထိပဲ သူတို့နဲ့အတူ ရှိနေတော့မှာပါ။ အဲဒီနောက်မှာတော့ လူငယ်လေးက အင်္ဂလန်ကိုသွားဖို့ အထုပ်ပြင်ရတော့မှာဖြစ်ပါတယ်။ ဇူလိုင် ၆ မှာစတင်မယ့် မန်စီးတီးတို့ရဲ့ ရာသီကြိုလေ့ကျင့်ရေ့းအစမှာ အသင်းနဲ့လာရောက်ပူးပေါင်းဖို့ အချိန်ဇယားကျထားပါတယ်။

ZAWGYI: မန်စီးတီးတို့ရဲ့ ၂၀၂၂-၂၃ တိုက်စစ်ကိုဦးဆောင်ဖို့ အဓိကလူအဖြစ် ဒီနွေရာသီမှာ မန်စီးတီးကို အာလင်းဟာလန်းဦးတည်လာနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ယူလီယန်အယ်လ်ဗာရက်စ်ဆီကပြိုင်ဆိုင်မှုကို အက်တီဟက်မှာ ဆုံတွေ့ရဖို့ရှိနေပါတယ်။ စူပါစတားဖြစ်လာမယ့်သူလို့ အာဂျင်းတီးနားအသင်းဖော်ဖြစ်တဲ့ အမ်မီမာတီနက်ဇ်က တစ်ပေးခံထားရတဲ့သူပေါ့။ မန်စီးတီးတို့ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ စောစောစီးစီးလှုပ်ရှားထားတာဖြစ်ပြီး ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းစာချုပ်ဖျက်သိမ်းကြေးနဲ့ အာလင်းဟာလန်းကိုခေါ်ထားပြီးဖြစ်ပါတယ်။