မနေ့က ညက ကစားသွားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်တို့ဟာ မိနစ်(၉၀)ကျော်မှ မယုံနိုင်စရာ သွင်းဂိုးတွေနဲ့ come back ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ လူစားဝင်ကစားသမားလေး ရိုဒရီဂိုဟာ ရီးရဲလ်တို့ကို အချိန်ပို မိနစ်(၃၀)အထိရောက်စေနိုင်မယ့် အရေးပါတဲ့ အဓိက သွင်းဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဘန်ဇီမာကတော့ အချိန်ပို(၉၅)မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဗိုလ်လုပွဲဆီတက်ရောက်နိုင်မယ့် သွင်းဂိုးကို သွင်းယူပေးသွားခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့ကို အနိုင်ရရှိခဲ့တဲဲ့ ပွဲစဉ်တွေမှာလည်း ရီးရဲလ်ကို ကယ်တင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာကို ချီးကျူးပြောဆိုမှုတွေ ပိုပြီးတော့ ပြုလုပ်ခဲ့ကြပေမဲ့ လူငယ်ကစားသမားလေး ရိုဒရီဂိုကြောင့်သာ အခုလို ပြန်လာနိုင်ခဲ့တာလို့ဆိုရမှာပါ။ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်တုန်းကလည်း ပွဲကစားချိန် မိနစ်(၈၀)အထိ ချဲလ်ဆီးကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ရာမှ မိနစ်(၈၀)အရောက်မှာ ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့အတူ (၄-၄)သရေကျနိုင်မယ့် ရလဒ်တစ်ခု ရီးရဲလ်တို့ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် အချိန်ပို ဆက်ကစား ခဲ့ရာမှာ ဘန်ဇီမာက နောက်တဆင့် တက်ရောက်နိုင်စေမယ့် ဂိုးကို သွင်းယူပြီး ရီးရဲမက်ဒရစ် အသင်းကို ဆီမီးဖိုင်နယ်ဆီ တက်လာစေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်တုန်းကလည်း ရိုဒဂရီဂိုဟာ ရီးရဲလ်ကို ကယ်တင်ခဲ့သလို မန်စီးတီးနဲ့ ပွဲမှာလည်း ကယ်တင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီပွဲစဉ်မှာ ဘန်ဇီမာ အနေနဲ့ ပင်နယ်တီကန်ဖို့ တာဝန်ယူထားခဲ့ရတဲ့ သူဖြစ်ပေမဲ့လည်း ဘန်ဇီမာရဲ့ အပြုအမူက တော်တော်လေးကို အတုယူ သဘောကျစရာ ကောင်းနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ (၂)ဂိုးသွင်းထားတဲ့ ရိုဒရီဂိုကို ပင်နယ်တီရရှိခဲ့ချိန်မှာ ပင်နယ်တီကန်ဖို့အတွက် ပြောကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ကင်မရာ ပြကွက်တွေမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေမှာ ဘန်ဇီမာဟာ ပင်နယ်တီဧရိယာထဲ လဲကျသွားပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ဖို့ သက်မှတ်ပေးလိုက်ချိန်မှာ ရိုဒရီဂိုကို “You want” ဆိုပြီး မေးခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး(၂)ဂိုးနဲ့ အတူ အသင်ကို ကယ်တင်ထားခဲ့ပြီးဖြစ်တဲ့ ရိုဒရီဂိုအတွက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်လိုပွဲမျိုးရဲ့ တကယ့်အရေးပါဆုံးအချိန်မှာ ဟက်ထရစ်သာ ရယူနိုင်ခဲ့မယ်ဆိုရင် ရိုဒရီဂိုရဲ့ ဘဝအတွက် မယုံနိုင်စရာအခိုက်အတန့်တွေ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်သွား စေမှာပါ။

ဒါပေမဲ့ တဖက်မှာလည်း ဒီလိုအဆင့်ပွဲစဉ်မျိုးရဲ့ အရေးပါလွန်းတဲ့ ပင်နယ်တီကို ကန်ဖို့ အသက်(၂၀)ကျော်လူငယ်လေးတစ်ယောက်အတွက် ဖိအားတွေအရမ်းများလွန်းနေမှာ ဖြစ်သလို မဝင်ခဲ့ရင် ရရှိလာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း မနည်းလှဘူးလို့ ဆိုရမှာပါ။ ဒါ့ကြောင့်ပဲ ရိုဒရီဂိုကတော့ ပင်နယ်တီကန်ဖို့ ငြင်းဆန်သွားခဲ့ပြီး ဘန်ဇီမာကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ကာ ရီးရဲလ်မက်ဒရစ်တို့ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ ပို့ဆောင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒစ်ရဲ့လူငယ်တိုက်စစ်ကစားသမားလေးရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ရိုဒရီဂိုဟာ လာလီဂါ(၂၉)ပွဲမှာ သွင်းဂိုး (၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်သာ ပြုလုပ် ထားနိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်အတွက် (၁၀)ပွဲပါဝင်ကစားပေးထားခဲ့ပြီး သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ် ပေးထားနိုင် ခဲ့တာကြောင့် ရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ် ခရီးစဉ်တစ်လျှောက် ရိုဒရီဂိုက အရေးပါတဲ့ နေရာက ပါဝင်လျက် ရှိနေတယ် ဆိုတာ ပြသ နေပါတယ်။ ရီးရဲလ်တို့ဟာ ဗိုလ်လုပွဲမှာတော့ (၂၀၁၈)ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၃-၁)နဲ့ အနိုင်ရရှိထား ခဲ့ဖူးတဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်သွားရမှာပါ။ လီဗာပူးလ်ကိုသာ အနိုင်ရရှိ ခဲ့မယ်ဆိုရင် ရီးရဲလ်တို့ဟာ (၁၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိ ပိုင်ဆိုင် သွားတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: မနေ့က ညက ကစားသွားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်တို့ဟာ မိနစ်(၉၀)ကျော်မှ မယုံနိုင်စရာ သွင်းဂိုးတွေနဲ့ come back ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ လူစားဝင်ကစားသမားလေး ရိုဒရီဂိုဟာ ရီးရဲလ်တို့ကို အချိန်ပို မိနစ်(၃၀)အထိရောက်စေနိုင်မယ့် အရေးပါတဲ့ အဓိက သွင်းဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဘန်ဇီမာကတော့ အချိန်ပို(၉၅)မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဗိုလ်လုပွဲဆီတက်ရောက်နိုင်မယ့် သွင်းဂိုးကို သွင်းယူပေးသွားခဲ့ကြပါတယ်။