အာဆင်နယ် အသင်းက ဇင်ချန်ကို ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေငြာလိုက်တဲ့ တစ်ပြိုင်နက် မန်စီးတီး ကလဲ အဲဒီနေရာ အတွက် ပြန်လည် အစားထိုးဖို့ ဘရိုတ်တန် အသင်းက စပိန် နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ ပေါင် သန်း 30 နဲ့ တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ သို့သော် ဘရိုတ်တန် အသိုင်းအဝိုင်း ကတော့ မန်စီးတီး က ကနဦး ကမ်းလှမ်းလာတဲ့ ပမာဏဟာ “ရယ်စရာကောင်းလွန်းတယ်” လို့ မှတ်ချက်ပေးကာ ၊ ချက်ခြင်း ပယ်ချသွားခဲ့ ပါတယ်။

ဘရိုတ်တန် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ကမှ ဂီတာဖေး အသင်းကနေ ပေါင် 15 သန်း နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ စာချုပ် 5 နှစ် သက်တမ်း ဟာလဲ တစ်နှစ်ပဲ ကုန်သေးတာ ဖြစ်လို့ ၊ ကစားသမား ကို ဆက်ထိန်းထားဖို့ ဘာဖိအားမှ မရှိပြန်ပါဘူး။ ကူကူရယ်လာ ဟာ မနေ့ကပဲ 24 နှစ် ပြည့်မြောက်ခဲ့ကာ ၊ ဘရိုတ်တန် အတွက် ပထမဆုံး ပါဝင် ကစားခဲ့တဲ့ ရာသီမှာပဲ ခြေစွမ်းပြနိုင်ခဲ့လို့ “Player of the Season” ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီ ဆု လက်ခံယူတဲ့ အခမ်းအနားမှာတုန်းက သူဟာ အင်္ဂလိပ် စကားကို ရေရေလည်လည် မပြောတတ်သေးတာကြောင့် ၊ နောက်နှစ် ရောက်ရင် ဒီလို ပွဲမျိုးတွေ တက်ပြီး စကားမပြောချင်လို့ နည်းပြ ဂရာဟမ် ပေါ်တာ အနေနဲ့ သူ့ကို အရန်ခုံတန်းမှာပဲ ထားပေးပါ ဆိုပြီး ဟာသနှော လိုက်တာကြောင့် ၊ ဘရိုတ်တန် ပရိသတ်တွေ အကြား ပွဲကျသွားခဲ့ဖူးပါတယ်။ ဘရိုတ်တန် ဟာ သူတို့ အတွက် ဘယ်လို အရေးပါတဲ့ ဘောလုံးသမားမျိုး ဖြစ်ပါစေ ကြိုက်ဈေးရရင် အချိန် ၊ နေရာ မရွေးပဲ ရောင်းထုတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။

မနှစ်က အာဆင်နယ် ဆိုရင် ဘရိုတ်တန် ခံစစ်မှုး ဘန်ဝှိုက် ကို ခေါ်ယူဖို့ အတွက် အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေ လုပ်ခဲ့သည့်တိုင်အောင် ၊ ဘရိုတ်တန် က သူတို့ တောင်းတဲ့ ဈေးကို လုံး၀ မလျှော့ပဲ တင်းခံပြခဲ့ဖူးပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ သူတို့ လိုချင်တဲ့ ပေါင် 50 သန်း အထိ ပေးလိုက်မှ ၊ အပြောင်းအရွှေ့ ကိစ္စတွေက အဆင်ပြေခဲ့တာပါ။ လက်ရှိ ကူကူရယ်လာ ရဲ့ အပြောင်းအရွှေ့မှာလဲ အလားတူ အခင်းအကျင်းတွေ ပေါ်ပေါက်လာဖို့ အတွက် တာစူလျှက်ရှိနေပါတယ်။

မန်စီးတီး ကလဲ ပေါင် သန်း 30 နဲ့ ကမ်းလှမ်းသည့်တိုင်အောင် ၊ ဘရိုတ်တန် လိုချင်တဲ့ ပေါင် သန်း 50 အထိ ပေးဖို့တော့ အစီအစဉ် မရှိဘူး ဆိုတဲ့ အသံမျိုး လွှင့်ထားပါတယ်။ သို့သော် အဲဒီ ပမာဏ နှစ်ခ အကြား ကွာဟချက် က ပေါင် 20 ထိတောင် ရှိနေတာပါ။ နည်းပြ ပက်ဂွာဒီယိုလာ ကတော့ “ အဲဒီ အပြောင်းအရွှေ့ ဖြစ်မလာရင်လဲ ကျနော်တို့ မှာ ကန်ဆယ်လို ၊ Wilson-Esbrand လို လူငယ် ခြေတက်လေးတွေ ရှိပါတယ်။ အကီလဲ ကစားပေးနိုင်တာပဲလေ” လို့ ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။

ဒါကြောင့်မို့ မန်စီးတီး နဲ့ ဘရိုတ်တန် တို့အကြား ကစားမယ့် Game က အချိန် အတိုင်းအတာ တစ်ခုထိ ကြာနိုင်ဦးမယ်လို့ ယူဆရပါတယ်။ Executive Level ပိုင်းမှာတော့ နှစ်ဖက် တာဝန်ရှိသူတွေ အကြား နွေးထွေးတဲ့ ဆက်ဆံရေး ရှိထားတာမို့ ၊ ဘယ်လို အခင်းကျင်းတွေ ပြောင်းလဲ လာမလဲ စောင့်ကြည့်ရပါမယ်။ ဘရိုတ်တန် အတွက်လဲ ကစားသမား အထွက် များနေတဲ့ အပြင် ၊ အားကစား ဒါရိုတ်တာ ကိုပါ လက်လွှတ်ပေးထားရလို့ ၊ ယခင် ကလို ကစားသမားတွေ ဆက်တိုက် ရောင်းချပေးပါ့မလား ဆိုတာ စိတ်ဝင်စားစရာပါ။

ZAWGYI: အာဆင်နယ် အသင်းက ဇင်ချန်ကို ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေငြာလိုက်တဲ့ တစ်ပြိုင်နက် မန်စီးတီး ကလဲ အဲဒီနေရာ အတွက် ပြန်လည် အစားထိုးဖို့ ဘရိုတ်တန် အသင်းက စပိန် နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ ပေါင် သန်း 30 နဲ့ တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ သို့သော် ဘရိုတ်တန် အသိုင်းအဝိုင်း ကတော့ မန်စီးတီး က ကနဦး ကမ်းလှမ်းလာတဲ့ ပမာဏဟာ “ရယ်စရာကောင်းလွန်းတယ်” လို့ မှတ်ချက်ပေးကာ ၊ ချက်ခြင်း ပယ်ချသွားခဲ့ ပါတယ်။