ဥရောပ ထိပ်သီး ကလပ် တော်တော်များများ က စတာလင် ဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာပဲ မန်စီးတီး နဲ့ လမ်းခွဲမယ်လို့ ယုံကြည်နေကြပြီး ၊ အဲဒီထဲကမှ ချဲလ်ဆီး ကတော့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့တောင် ချိန်ဆနေပါတယ်။ စတာလင် နဲ့ မန်စီးတီး တို့ အကြား တစ်နှစ် စာချုပ် သက်တမ်းပဲ ကျန်တော့တာပါ။ လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိပေမယ့် ၊ ခေါ်ယူချင်တဲ့ အသင်းတွေ များပြားလာတာ နဲ့ အမျှ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် လမ်းကြောင်း တစ်ခုကို ရွေးချယ်လာဖွယ် ရှိနေပါတယ်။

စတာလင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်္ဂလန် ကလပ်တွေ ထဲမှာတော့ ချဲလ်ဆီး က အတက်ကြွဆုံး ဖြစ်နေပြီး ၊ ရီးရဲ မက်ဒရစ် ကလဲ ကစားသမား ရဲ့ အခြေအနေကို အကဲခတ်နေပါတယ်။ နောက်ပိုင်း အပြောင်းအရွှေ့ ကာလတွေ မှာ ကစားသမားတိုင်း ကို ခေါ်ယူမယ်လို့ သတင်းထွက်လေ့ရှိတဲ့ ဘာစီလိုနာ ကလဲ ဒီကိစ္စမှာ နောက်ကျ ကျန်ရစ်နေခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်း ကဆိုရင် တရားဝင် ချိတ်ဆက်မှုတွေတောင် ရှိခဲ့သလို ၊ လက်ရှိမှာ ဘိုင်ယန် မြူးနစ် ကလဲ မာနေး ရဲ့ အပြောင်းအရွှေ့ ကိစ္စ အဆင်မပြေခဲ့ရင် စတာလင် ကို ဒုတိယ ဦးစားပေး ပစ်မှတ် အဖြစ် ရှုမြင်လျှက် ရှိနေပါတယ်။

စတာလင် ဟာ မန်စီးတီး မှာ သူ့ရဲ့ ကစားခွင့် မီးနစ်တွေ တိုးတက်လာခြင်း မရှိဘူး ဆိုရင် အသင်းပြောင်းဖို့ စဉ်းစားလာနိုင်တဲ့ အကြောင်း အောက်တိုဘာလ အတွင်းမှာ ကတည်းက ပြောဆိုခဲ့ဖူးပါတယ်။ သို့သော်လဲ အခြေနေတွေ ဘယ်လောက်အထိ ပြောင်းလဲမှု ရှိလာလဲ ဆိုတာ စောင့်ကြည့်ချင်သေးတဲ့ အတွက် ၊ ရာသီအကုန် ရောက်မှပဲ ပြန်လည် သုံးသပ်တော့မယ်လို့ ထပ်မံ ပြောဆိုခဲ့တာပါ။ တကယ်လို့ အီတီဟတ် နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချမှတ်မယ် ဆိုရင် စတာလင် က သူ့အတွက် ပုံမှန် ကစားခွင့် အာမခံချက်အပြည့် ပေးနိုင်တဲ့ အသင်းမျိုးလဲ ဖြစ်ချင်စလို ၊ ဆုဖလားတွေ ကို စိန်ခေါ်ဖို့ အဓိက ကစားသမား အဖြစ်နဲ့ ကြိုးစားပြချင်နေတာ ဖြစ်ပါတယ်။

ဒီရာသီ ယှဉ်ပြိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် 38 ပွဲ မှာ 23 ပွဲ အထိ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် ၊ အဓိက ပွဲစဉ်ကြီး ဖြစ်တဲ့ ရီးရဲ မက်ဒရစ် နဲ့ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ နှစ်ကျော့ စလုံးမှာတော့ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ စတာလင်ဟာ ယခင်က နိုင်ငံခြား ထွက်ပြီး ကစားဖို့လဲ ဆန္ဒရှိတယ်လို့ ပြောဆိုဖူးသည့်တိုင်အောင် ၊ သူ ကြီးပြင်း လာခဲ့တဲ့ လန်ဒန် ကို ပြန်လာဖို့ အတွက် ချဲဆီး ရဲ့ ကမ်းလှမ်းမှု က တစ်မျိုးတစ်ဖုံ ဆွဲဆောင်လာနိုင်တယ်လို့ ယုံကြည်ရပါတယ်။

လက်ရှိမှာ သောမတ် တူချယ်ဟာ ခံစစ် အတွက် ဦးစားပေးကာ ဈေးကွက်ထဲမှာ ရှာဖွေနေသည့်တိုင်အောင် ၊ တိုက်စစ်ပိုင်းက သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတွေလဲ ပိုပြီး မြင်ချင်နေပါတယ်။ ချဲလ်ဆီး တာဝန်ရှိသူတွေ အကြားမှာ စတာလင် အပြင် ၊ ဘာစီလိုနာ က ဒမ်ဘီလီ ၊ လိုက်ပ်ဇစ် က အန်ခွန်ခူ ၊ ဘိုင်ယန် နဲ့ လမ်းခွဲတော့မယ့် လီဝန်ဒေါ့စကီး တို့ကိုလဲ သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ ထည့်သွင်းထားပါတယ်။

လူကာကူ ကို အင်တာ မီလန် ပြန်ဖို့ တံခါး ဖွင့်ပေးလိုက်ပြီ ဖြစ်လို့ ၊ ဘယ်လို တိုက်စစ် ကစားသမားတွေ နဲ့ အစားထိုးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ လောလောဆယ် အထောင် တိုက်စစ်မှုးမျိုးထက် ၊ တောင်ပံ အားပြု ကစားတဲ့ တိုက်စစ် ကစားသမားမျိုးတွေကို ဦးစားပေး စဉ်းစားလျှက် ရှိနေပါတယ်။

ZAWGYI: ဥရောပ ထိပ်သီး ကလပ် တော်တော်များများ က စတာလင် ဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာပဲ မန်စီးတီး နဲ့ လမ်းခွဲမယ်လို့ ယုံကြည်နေကြပြီး ၊ အဲဒီထဲကမှ ချဲလ်ဆီး ကတော့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့တောင် ချိန်ဆနေပါတယ်။ စတာလင် နဲ့ မန်စီးတီး တို့ အကြား တစ်နှစ် စာချုပ် သက်တမ်းပဲ ကျန်တော့တာပါ။ လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိပေမယ့် ၊ ခေါ်ယူချင်တဲ့ အသင်းတွေ များပြားလာတာ နဲ့ အမျှ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် လမ်းကြောင်း တစ်ခုကို ရွေးချယ်လာဖွယ် ရှိနေပါတယ်။