ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်အတွက် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို စတင် ပြုလုပ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ရန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းနေတဲ့ အသင်းတသင်းပါ။

အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေရာ မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေပြီး အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းကို ဂျီးဆပ်ရဲ့ အေးဂျင့်ဖြစ်သူ ပက်တီနက်တီက အတည်ပြုထားပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးနဲ့ ဆက်သွယ်ကာ ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဂျီးဆပ်ကို ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက ရေးဗားပလိတ် တိုက်စစ်မှူး အယ်ဗာရက်နဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူထားနိုင်တာကြောင့် ဂျီးဆပ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းထားတဲ့ ပေါင်၅၀သန်း ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိတာကြောင့် ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက လာမယ့် နွေအပြောင်းအရွှေ့မှာ သူ့ကို စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုလိုက်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားရာ ၄၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ဘက်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ရော်ဘတ် လီဝမ်ဒေါစကီးကို လုပ်ခလစာ တိုးမြှင့်ပေးကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ထပ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် လီဝမ်ဒေါစကီးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး အဆင်မပြေသလို စိန်ခေါ်မှု အသစ်တွေကို ထပ်မံ ရင်ဆိုင်ချင်တာကြောင့် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာကာ စပိန်မြေဆီ ခရီးနှင်ဖို့ ဆုံးဖြတ်ထားပါတယ်။ နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ Bildနဲ့ Kicker သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တရားဝင် တောင်းဆိုခဲ့သလို အသင်းကသာ သူ့ကို ထွက်ခွာခွင့် မပေးရင် သူ့ဆီက ခြေစွမ်းကောင်းတွေကို မျှော်လင့်ဖို့ မဖြစ်နိုင်တော့ကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

လီဝမ်ဒေါစကီးရဲ့ တောင်းဆိုချက်အား ကြားခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို လက်လွှတ်ဖို့ စတင် စဉ်းစားလာပြီး လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင်သာ ရမယ် ဆိုရင် လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ပါ ဆုံးဖြတ်ထားကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ တဖက်မှာတော့ ဘာစီလိုနာက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် လီဝမ်ဒေါစကီးကို အမိအရ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး လီဝမ်ဒေါစကီးကို ခေါ်နိုင်ဖို့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ရောင်းထုတ်ဖို့ပါ ပြင်ဆင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ရိုမဲရိုးက ဖော်ပြထားပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်အတွက် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို စတင် ပြုလုပ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ရန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းနေတဲ့ အသင်းတသင်းပါ။