တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးကို သူ့အသင်းခရီးသွားတဲ့အခါ သူ့ရဲ့ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ပတ်သတ်ပြီး ဖန်တွေပူပန်စရာမရှိကြောင်း အက်စ်တန်ဗီလာဘော့စ်စတီဗင်ဂျာရတ်က ဖန်တွေကို ထပ်လောင်းအာမခံလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဇယားအလယ်မှာ နေရာအနည်းငယ်မြင့်တက်သွားဖို့ နိုင်ပွဲတပွဲကလုပ်ပေးနိုင်မယ်ဆိုတာသိထားရင်းနဲ့ မန်ချက်စတာကို ဗီလာတို့ခရီးသွားကြမှာဖြစ်ပါတယ်။ ဂျာရတ်ရဲ့အသင်းက ဂွာဒီယိုလာရဲ့အသင်းကိုအသာရခဲ့ရင် ဂျာရတ်ရဲ့အသင်းဟောင်း လီဗာပူးတို့ကို သုံးရာသီအတွင်း ဒုတိယမြောက်ပရီးမီးယားလိဂ်သရဖူယူပေးဖို့လည်း ကူညီပေးနိုင်ပါတယ်။

ရာသီရဲ့နောက်ဆုံးပွဲကိုချဉ်းကပ်လာချိန်မှာ လီဗာပူးတို့က မန်စီးတီးတို့နောက် တမှတ်အကွာနဲ့ရပ်တည်နေပါတယ်။ အိမ်ကွင်းမှာဝုဗ်တို့နဲ့ရင်ဆိုင်ရမယ့် လိဂ်နောက်ဆုံးပွဲဖြစ်တဲ့ သူတို့လက်ထဲကအလုပ်ကိုသာ သူ့အသင်းက အာရုံစိုက်နိုင်မှာဖြစ်တယ်လို့ ယာဂင်ကလော့က ရှင်းလင်းပြောပြထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အက်တီဟက်မှာ ဗီလာတို့ကသာ စပရိုက်တခုလုပ်နိုင်ခဲ့ရင် ဖန်တွေက သူတို့ကိုသိခွင့်ပေးကြမှာလည်း သေချာပေါက်ပါပဲ။ လီဗာပူးတို့ကဝုဗ်တို့ကိုအနိုင်ရပြီး မန်စီးတီးအိမ်ကွင်းမှာ ဗီလာတို့က စီးတီးတို့ကိုသရေဆွဲထားနိုင်ရုံနဲ့ လီဗာပူးတို့ချန်ပီယံဖြစ်ဖို့ လုံလောက်မှာဖြစ်ပြီး အင်္ဂလိပ်ဘောလုံးမှာကြုံခဲ့ဖူးသမျှ သမိုင်းတင်စရာအကောင်းဆုံးအောင်မြင်မှုအတွက် ဆက်လက်ရှင်သန်စေမှာလည်းဖြစ်ပါတယ်။ တကြိမ်တခါမျှမကြုံဖူးသေးသော ဖလားလေးလုံး Quadruple ပါ။

ဗီလာပါ့ခ်ကို လီဗာပူးတို့ လတ်တလောလေးတင် လာထားခဲ့စဉ်က အသင်းဟောင်းနဲ့ စတီဗင်ဂျာရတ်တို့ဆုံထားပြီးဖြစ်ပါတယ်။ လီဗာပူးတို့က နိုင်ပွဲနဲ့ပြန်လာခဲ့ကြပေမဲ့ လီဗာပူးတို့အတွက် မယုံနိုင်လောက်စရာခက်ခဲအောင် အိမ်ရှင်တို့ကဖန်တီးခဲ့ကြပါတယ်။ သူ့နှလုံးသားထဲမှာ အနီးကပ်ဆုံးထည့်ထားတဲ့ကလပ်အပေါ်မှာ ဂျာရတ်က သက်သက်ညှာညှာလွှတ်ပေးလိုက်မှာပါ ဆိုတဲ့စွပ်စွဲချက် အထင်အမြင်တွေ ကွာကျခဲ့ကြပါတယ်။ မန်စီးတီးတို့နဲ့ပွဲမှာရော အလားတူနည်းလမ်းအတိုင်း သူချဉ်းကပ်မှာလားလို့ သတင်းထောက်တွေက မေးခွန်းမေးတဲ့အခါ ဗီလာဘော့စ်က bein အားကစားကို အခုလိုပြောခဲ့ပါတယ်။

“ကျနော့်ကိုဖြစ်စေ၊ ကျနော်တို့ကစားသမား မည်သူမဆိုကိုဖြစ်စေ၊ အက်စ်တန်ဗီလာတို့ကိုဖြစ်စေ ခင်ဗျားစကားပြောတဲ့အခါ ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ပတ်သတ်ပြီး ခင်ဗျား ဘယ်တော့မှစိတ်ပူစရာလိုမယ်လို့ ကျနော်မထင်ပါဘူး။ ဒီစကားလုံး သို့မဟုတ် ဒီလိုမေးခွန်းက တရားမျှတတယ်လို့ ကျနော်မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရနိုင်နေတဲ့သုံးမှတ်အတွက် တိုက်ခိုက်ဖို့ ကျနော်တို့လုပ်နိုင်သမျှအရာအားလုံးကို ကျနော်တို့လုပ်သွားကြမှာဖြစ်လို့ပါပဲ။”

လို့ စတီဗင်ဂျာရတ်က ပြန်ဖြေခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲနဲ့ပတ်သတ်တဲ့မေးခွန်းကို ဂျာရတ်က ရှင်းလင်းပြောပြထားပြီးသားလည်းရှိပါတယ်။ “(မန်စီးတီးတို့အတွက်) ကျနော်တို့တတ်နိုင်သမျှ ခက်ခဲနိုင်သမျှခက်ခဲအောင်လုပ်ဖို့ ကျနော်တို့ကြိုးစားမှာပါ၊ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ကမ္ဘာ့အဆင့်မန်နေဂျာတယောက် သူတို့မှာရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်၊ ဒါပေမဲ့ အဝေးခရီးသွားလမ်းပေါ်က ကျနော်တို့ရဲ့ပုံစံက အတော်လေးကောင်းပါတယ်။”

“ကိုယ်တတ်နိုင်သမျှ စုစည်းနိုင်သမျှစုစည်းမိအောင် ကျနော်တို့ကြိုးစားကြမှာဖြစ်ပြီး ကိုယ်တတ်နိုင်သမျှခက်ခဲအောင်ဖန်တီးကြမှာပါ၊ ဒါပေမဲ့ ကျနော်တို့ရှုထောင့်ဘက်ကကြည့်ရင် ရအောင်ကစားဖို့သုံးမှတ်ရှိနေပြီး အဲဒီသုံးမှတ်ရဲ့တမှတ်ချင်းစီတိုင်းအတွက် ကျနော်တို့တိုက်ခိုက်ချင်ကြပါတယ်။” လို့ သူကဆိုပါတယ်။ ဒါပေမဲ့ ချန်ပီယံလုပွဲနဲ့ပတ်သတ်တဲ့မေးခွန်းတွေကိုတော့ သူကလက်မခံခဲ့ပါဘူး။ “(တနင်္ဂနွေနေ့၊ မန်စီးတီးတို့နဲ့ပွဲမှာ ကောင်းမွန်တဲ့ပါဖောမန့်တခု) ကျနော်တို့ပရိသတ်တွေ ဒါနဲ့ထိုက်တန်ကြပါတယ်။ ကျနော်တို့က အဆင့် ၁၄ ပါ။ ဖန်တွေက အမြဲတမ်းအံ့မခန်းပါပဲ၊ နီးနီးဝေးဝေး ကျနော်တို့ကို လိုက်ပါအားပေးခဲ့ကြတယ်။ ကျနော်တို့လုပ်နိုင်တဲ့အနိမ့်ဆုံးအရာကတော့ သူတို့တွေဂုဏ်ယူနိုင်အောင် ကြိုးစားပေးဖို့ပါ။”

“(ချန်ပီယံလုပွဲနဲ့ပတ်သတ်ပြီး) ကျနော်တို့ကို လူတွေက မေးခွန်းတွေမေးကြတာကို ကျနော်တို့မထိန်းချုပ်နိုင်ပါဘူး။ ကိုယ်တတ်နိုင်သမျှအကောင်းဆုံးနည်းလမ်းနဲ့ ပြင်ဆင်ကြဖို့အပေါ်မှာပဲ ကျနော်တို့အာရုံစိုက်ထားရမှာဖြစ်ပါတယ်။ ကစားဖို့အတွက် သုံးမှတ်ရှိနေပါတယ်။” လို့ ဘီဘီစီကို ဂျာရတ်ကဖြေခဲ့ပါတယ်။ နောက်ဆုံးနေ့လွဲချော်မှုဆီ မန်စီးတီးတို့ကို ဂျာရတ်ရဲ့ဗီလာကတွန်းပို့နိုင်ခဲ့ရင်တော့ အန်ဖီးလ်က စတီဗင်ဂျာရတ်ရဲ့ လက်ဂျန်ဒရီဂုဏ်ပုဒ်ဟာ ယခင်ကြီးကျယ်ခမ်းနားတာထက်ကို အဆပေါင်းများစွာမြင့်တက်သွားတော့မှာဖြစ်ပါတယ်။

ZAWGYI: တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးကို သူ့အသင်းခရီးသွားတဲ့အခါ သူ့ရဲ့ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ပတ်သတ်ပြီး ဖန်တွေပူပန်စရာမရှိကြောင်း အက်စ်တန်ဗီလာဘော့စ်စတီဗင်ဂျာရတ်က ဖန်တွေကို ထပ်လောင်းအာမခံလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဇယားအလယ်မှာ နေရာအနည်းငယ်မြင့်တက်သွားဖို့ နိုင်ပွဲတပွဲကလုပ်ပေးနိုင်မယ်ဆိုတာသိထားရင်းနဲ့ မန်ချက်စတာကို ဗီလာတို့ခရီးသွားကြမှာဖြစ်ပါတယ်။ ဂျာရတ်ရဲ့အသင်းက ဂွာဒီယိုလာရဲ့အသင်းကိုအသာရခဲ့ရင် ဂျာရတ်ရဲ့အသင်းဟောင်း လီဗာပူးတို့ကို သုံးရာသီအတွင်း ဒုတိယမြောက်ပရီးမီးယားလိဂ်သရဖူယူပေးဖို့လည်း ကူညီပေးနိုင်ပါတယ်။