မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် အာလင်းဟာလန်းကတော့ လာမယ့် ဘောလုံးရာသီသစ်မှာ ပရီးမီးယားလိဂ် ကလပ် အသင်းတွေထဲမှာ ရင်အဆိုင် ချင်ဆုံးပြိုင်ဘက် အသင်းကတော့ မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ပဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်ရဲ့ အပြင်ဘက်မှာ ကျင်းပခဲ့တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲမှာ ဟာလန်းက ပရိသတ်တွေမေးလာတဲ့ မေးခွန်းတွေကို ဖြေကြားရင် အခုလို ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက လာမယ့်ဘောလုံးရာသီမှာ ဘယ်အသင်းနဲ့ ရင်ဆိုင်ဖို့ စိတ်အားအထက်သန်ဆုံး ဖြစ်မလဲဆိုပြီးတော့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမေးခွန်းအပေါ်မှာ ဟာလန်းကတော့ မဆိုင်းမတွပဲ ပြန်လည်ဖြေကြား ပေးသွားခဲ့ပါတယ်။ ဟာလန်းက ” ကျွန်တော် စကားတွေ အများကြီးပြောရတာ မကြိုက်ပါဘူး၊ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အတွေ့ချင်ဆုံးပါပဲ ” လို့ ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၁)နှစ် သာရှိနေသေးတဲ့ ဟာလန်းဟာ အာဆင်နယ်အသင်းထံသို့ ဂျီးဆပ်စ် ပြောင်းရွှေ့ သွားခဲ့ပြီးတဲ့နောက်မှာ လစ်လပ်သွားတဲ့ ကျောနံပါတ်(၉)ကို လာမယ့်ဘောလုံး ရာသီသစ်မှာ ဝတ်ဆင် ကစားသွားမှာပဲ ဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးဘောလုံးရာသီ (၅)ခုမှာ (၄)ကြိမ်အထိ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးရဲ့ တိုက်စစ်ကို ရာသီသစ်မှာ ဦးဆောင်လာဖို့ ရှိနေပြီးတော့ အသင်းပရိသတ်တွေ အများကြီး မျှော်လင့်ထားကြတဲ့ သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အင်အားကြီး တောက်ပလာခဲ့ကာ အောင်မြင်မှုတွေ တောက်လျှောက် ရရှိလာခဲ့ပေမဲ့ ချန်ပီယံလိဂ်မှာတော့ ဒီနေ့ အချိန်အထိ အောင်မြင်မှု မရသေးဘူးလို့ ဆိုရမှာပါ။

ဒီနေရာမှာ ဟာလန်းဟာ အာဘီလိုက်ဇစ်၊ ဒေါ့မွန်တို့လို အသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တောက်ပလာခဲ့ကာ ကမ္ဘာ့ ဘောလုံးစင်မြင့်ပေါ် တက်ရောက်လာနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာဟာ မန်စီးတီးတို့ အတွက် လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရဖို့ ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာ လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

ဟာလန်းကိုခေါ်ယူဖို့ လာလီဂါ ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း ဒေါ့မွန်အသင်းထံ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမဲ့ ဟာလန်းကတော့ မန်စီးတီးကို သာ ရွေးချယ် ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဟာလန်းရဲ့ ဖခင် ဖြစ်သူဟာလည်း မန်စီးတီးအတွက် (၂၀၀၀)ခုနှစ်နဲ့ (၂၀၀၃)ခုနှစ်ကြားကာလတွေမှာ ကစားပေးခဲ့တဲ့ သူဖြစ်ပြီး ဟာလန်း အနေနဲ့ မန်စီးတီးကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အခုလိုပဲ ရှင်းပြ သွားခဲ့ပါတယ်။

ဟာလန်းက ” ကျွန်တော် ဒီနေရာမှာ စတင်ဖို့အတွက် (၅)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်၊ ကျွန်တော့်ရင်ထဲမှာ မန်စီးတီးတို့ ကစားတဲ့ နည်းလမ်းတွေနဲ့ မန်စီးတီးအတွက် ကစားမယ်ဆိုတဲ့ ခံစားချက်တွေပဲ ရှိနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်က ကျွန်တော် သူတို့နဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်၊ ဒါကတီဗွီမှာ သူတို့ ကစားတာကို ကြည့်နေခဲ့ရတာနဲ့ တော်တော်လေးကို ကွဲပြားပါတယ်၊ ကျွန်တော် (၂၅)မိနစ်လောက် ဘောလုံး မထိခဲ့ရပါဘူး၊ ဂန်ဒိုဂန်ကိုတောင် မင်းတို့ တီကီတာကာ ကစားနေတာကို ကျေးဇူးပြုပြီး ရပ်လိုက်ပါလို့တောင် ပြောခဲ့ရပါတယ်၊ သူတို့ရဲ့ ကစားဟန်က ကွဲပြားခြားနားတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့တာပါ၊ ဒါက မန်စီးတီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရချင်တဲ့ ကျွန်တော့်ရဲ့ အကြောင်းပြချက် တစ်ခုပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။

ZAWGYI:မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် အာလင်းဟာလန်းကတော့ လာမယ့် ဘောလုံးရာသီသစ်မှာ ပရီးမီးယားလိဂ် ကလပ် အသင်းတွေထဲမှာ ရင်အဆိုင် ချင်ဆုံးပြိုင်ဘက် အသင်းကတော့ မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ပဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်ရဲ့ အပြင်ဘက်မှာ ကျင်းပခဲ့တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲမှာ ဟာလန်းက ပရိသတ်တွေမေးလာတဲ့ မေးခွန်းတွေကို ဖြေကြားရင် အခုလို ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။