ဖရန်ကီဒီဂျောင်က ယူနိုက်တက်အသင်းဟာ သူ့ကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့အနေနဲ့ သိရှိထားတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် သူဟာ အဲရစ်တန်ဟဂ်နဲ့ စကားပြောဆိုထားခြင်း မရှိသေးဘူးလို့ ဒီဂျောင်က ငြင်းဆိုပါတယ်။ ယူနိုက်တက်ကတော့ တန်ဟဂ်ကို နည်းပြသစ်ခန့်အပ်ပြီးနောက် ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

တန်ဟဂ်နဲ့ အသက် ၂၅ နှစ်သားတို့ဟာ အိုင်းယက်စ်မှာ အလုပ်တွဲလုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။ ၂၀၁၉ က အိုင်းယက်စ်အသင်းက ပေါင် ၆၅ သန်းနဲ့ နူးကမ့်ပ်ကို ရောက်ရှိလာတဲ့ ဒတ်ချ်လက်ရွေးစင်ဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။

ဘာစီလိုနာဟာ ကွင်းလယ်ပိုင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂါဗီနဲ့ ပက်ဒရီတို့ကို အားဖြည့်နိုင်ခဲ့ပြီဖြစ်သလို စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရတာကြောင့် ဒီဂျောင်ကို ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ လက်ရှိမှာတော့ ဒီဂျောင်ဟာ နိုင်ငံအသင်းပွဲစဥ်တွေကစားဖို့ နယ်သာလန်အသင်းနဲ့ ပူးပေါင်းနေပါတယ်။

သူက “ဟုတ်ပါတယ် မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် ကြားမိပါတယ်။” လို့ ADSportwereld သို့ ပြောပါတယ်။ “ဒါပေမယ့် အသင်း (ဘာကာ) မှာရှိတဲ့သူတွေက ဒီအကြောင်း ကျွန်တော့်ကို ဘာမှလာမပြောပါဘူး။ ဒီတော့ သဘောတူညီမှု မရသေးဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ထူးခြားမှုမရှိဘူးပေါ့။ ဒီအတွက် ကျွန်တော် စိတ်မပူပါဘူး။”

“ကျွန်တော် တန်ဟဂ်နဲ့ အဆက်အသွယ်ရှိလား? ဒါကို ကျွန်တော် မပြောနိုင်ပါဘူး။ ဒီအကြောင်းကို ဘာကြောင့် မပြောနိုင်တာလဲဆိုတော့ တခြားအသင်းကနည်းပြ ဒါမှမဟုတ် တခြားအသင်းအကြောင်းဖြစ်နေလို့ပါ။ ဇာဗီနဲ့တော့ လာမယ့်ရာသီအကြောင်း ပြောဖြစ်ပါတယ်။ ဘောလုံးအကြောင်း၊ အသင်းအကြောင်း၊ တိုးတက်ဖို့ဘာလုပ်ရမလဲဆိုတဲ့အကြောင်း ပြောဖြစ်ပါတယ်။”

ဘာစီလိုနာဟာ စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရတာကြောင့် အသင်းက ကစားသမားတွေကို ရောင်းချနိုင်ပေမယ့် ဒီဂျောင်က သူဟာ အသင်းမှာ ပျော်နေတယ်လို့ ဆိုပါတယ်။ ယခုလအတွင်း သူ့ကို အသင်းက ရောင်းချနိုင်သလားမေးတဲ့အပေါ် ဒီဂျောင်က “ကျွန်တော် ဒါကို နားလည်ပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော့်ကို ဘာမှ လာမပြောပါဘူး။”

“သူတို့က ကျွန်တော့်ကို ဘာမှကို လာမပြောတာပါ။ ဒါ့ကြောင့် ထူးခြားမှုမရှိဘူးပေါ့လို့ပဲ ဆက်ပြောပါရစေ။” လို့ ဆက် ပြောပါတယ်။ “ကျွန်တော် ဘာစီလိုနာကိုရွေးမိလို့ ဘယ်တော့မှ နောင်တမရပါဘူး။ လုံးဝကို မရတာပါ။ ဘာစီလိုနာဆိုတာ ကျွန်တော် ကလေးဘဝကတည်းက ကျွန်တော့်ရဲ့ အိမ်မက်အသင်းပါ။”

ZAWGYI: ဖရန်ကီဒီဂျောင်က ယူနိုက်တက်အသင်းဟာ သူ့ကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့အနေနဲ့ သိရှိထားတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် သူဟာ အဲရစ်တန်ဟဂ်နဲ့ စကားပြောဆိုထားခြင်း မရှိသေးဘူးလို့ ဒီဂျောင်က ငြင်းဆိုပါတယ်။ ယူနိုက်တက်ကတော့ တန်ဟဂ်ကို နည်းပြသစ်ခန့်အပ်ပြီးနောက် ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။