ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့နဲ့အတူ တောက်ပခဲ့တဲ့ လူငယ် ညာနောက်ခံလူ ဒီဂျက်ကို စပန့်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင် လူငယ် ညာနောက်ခံလူ ဒီဂျက် စပန့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာ နော်တင်ဟမ် ဖော်ရက်စ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်သလို နော်တင်ဟမ် ဖောရက်စ်ရဲ့ ပရီးမီးယားလိဂ်ဆီ ပြန်တက်လာနိုင်တဲ့ ခရီးကြမ်းမှာ အဓိကကျခဲ့တဲ့ ကစားသမား အနည်းစုထဲမှာလည်း ပါဝင်ပါသေးတယ်။

ဖူလ်ဟမ် အကယ်ဒမီထွက် လူငယ် ညာနောက်ခံလူ စပန့်စ်က ညာနောက်ခံလူ တဦး အဖြစ် ကစားပေမယ့် သူ့ရဲ့ တိုးအား ၊ ရုန်းအားနဲ့ အတိုးအလှုပ်တွေကြောင့် ပြိုင်ဘက်တွေရဲ့ ခံစစ်ပိုင်းကို အတော်လေး ဒုက္ခပေးနိုင်သူ တဦး ဖြစ်သလို တဖက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေကိုလည်း လှုပ်မရအောင် ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၃-၅-၂ ကစားကွက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တဲ့ စပါးနည်းပြ ကွန်တီက စပန့်စ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေတာ ဖြစ်ပြီး စပန့်စ်ကို မရရအောင် ခေါ်ယူပေးဖို့လည်း အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ စပါးရဲ့ တာဝန်ရှိသူတွေက စပန့်စ်ရဲ့ အပြောင်းအရွှေ့ အတွက် မစ်ဒယ်ဘရော့နဲ့ တိုက်ရိုက် ချိတ်ဆက်ကာ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး စပါးရဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၂၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို မစ်ဒယ်ဘရော့ဘက်က လက်ခံဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျက် စပန့်စ်ကို ခေါ်ယူဖို့ အတွက် နော်တင်ဟမ် ဖောရက်စ်နဲ့ စပါးတို့ နှစ်သင်းက အပြိုင်အဆိုင် ကြိုးပမ်းနေရာ စပါးက စပန့်စ်အတွက် ပြောင်းရွှေ့ကြေးကို နော်တင်ဟမ် ဖောရက်စ်ထက် ပိုပေးနေသလို စပန့်စ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ စပါးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန် အသင်းနဲ့ သက်တမ်းထပ်မတိုးတော့ပဲ အသင်းဟောင်း လိုင်ယွန်အသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်က သူအနေနဲ့ အာဆင်နယ်ကို စွန့်ခွာပြီး လိုင်ယွန်ကို ပြန်လာခဲ့ခြင်းဟာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ လီဂူးကလပ် လိုင်ယွန်အသင်းမှာ လူငယ်ကစားသမားဘဝရော စီနီယာ ကစားသမားဘဝကိုပါ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ (၅)ရာသီကြာ ကျင်လည်ခဲ့တဲ့ လာကာဇက်ဟာ အသင်းနဲ့အတူ အက်အေဖလား ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပွဲပေါင်း(၂၀၆)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး(၇၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူခဲ့ရသေးတဲ့ လာကာဇက်ဟာ အသင်းနဲ့ (၅)နှစ်စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာတော့ ထပ်မံ သက်တမ်းတိုးခြင်း မရှိတော့ပဲ အသင်းဟောင်း လိုင်ယွန်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လာကာဇက်က “ကျွန်တော် ဒီနေရာကို ပြန်လာတော့မယ်ဆိုတာ မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာ သိသိသာသာ ဖြစ်လာခဲ့ရပါတယ်။ ဥရောပပြိုင်ပွဲတွေ မရှိရင်တောင်မှ အသင်းရဲ့ ပရောဂျက်တွေက အရေးကြီးပါတယ်။ အဝတ်လဲခန်းအတွင်းနဲ့ ကွင်းထဲမှာ ကျွန်တော်က အသုံးဝင်နိုင်လိမ့်မယ်လို့ ခံစားမိရတယ်။ ဒါကပဲ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် အကောင်းဆုံးအရာ ဖြစ်စေခဲ့တယ်။”

“ကျွန်တော့်ဘက်က ဆုံးဖြတ်ချက်ချဖို့ အချိန်တစ်ခု ယူခဲ့ရပါတယ်။ ဘောလုံးဆိုတာက လှပတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုပါ။ လိုင်ယွန်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီက ရှုပ်ထွေးမှုတွေ ရှိခဲ့ရတယ်။ အဲ့ဒီလို အချိန်ကာလတွေကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့တွေ ကြီးကျယ်ခမ်းနားတဲ့ လိုင်ယွန်အသင်းတစ်သင်းကို ပြန်လည်ရှာတွေ့့နိုင်ဖို့ မျှော်လင့်ပါတယ်။ ဥရောပဝင်ခွင့်တွေ ပြန်လည်ရရှိဖို့ အမှတ်ပေးဇယားမှာ အမြင့်တစ်နေရာ ပြန်တတ်လာနိုင်ဖို့တွေကိုတော့ အရာအားလုံးထက် ဦးစားပေးပြီး ကူညီပေးသွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့နဲ့အတူ တောက်ပခဲ့တဲ့ လူငယ် ညာနောက်ခံလူ ဒီဂျက်ကို စပန့်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင် လူငယ် ညာနောက်ခံလူ ဒီဂျက် စပန့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာ နော်တင်ဟမ် ဖော်ရက်စ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်သလို နော်တင်ဟမ် ဖောရက်စ်ရဲ့ ပရီးမီးယားလိဂ်ဆီ ပြန်တက်လာနိုင်တဲ့ ခရီးကြမ်းမှာ အဓိကကျခဲ့တဲ့ ကစားသမား အနည်းစုထဲမှာလည်း ပါဝင်ပါသေးတယ်။