စတင်ခြင်းဆိုတာ ရှိရင် အဆုံးသတ်ခြင်းဆိုတာလည်း ရှိပါတယ်။ ဘယ်အရာကမှ ဒီကမ္ဘာမှာ မတည်မြဲတာ အမြဲ မှန်နေခဲ့တဲ့ လောကနိယာမတစ်ခုပါပဲ။ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော အချိန်တန်ပြီဆိုတဲ့ အချိန်ကို ရောက်လာရင်တော့ လမ်းခွဲသွားကြရတာ ချည်းပါပဲ။ တည်မြဲခြင်းဆိုတဲ့ စကားလုံးဟာ ထာဝရကို မဆိုလိုပါဘူး။ တည်မြဲခြင်းမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိပါတယ်။ အဲ့ဒီသက်တမ်းကုန်ဆုံး ရက်ကို ရောက်လာခဲ့ကြပြီဆိုရင်တော့ ဝမ်းနည်းစရာ အခိုက်အတန့်တွေ၊ လွမ်းမောစရာ အခိုက်အတန့်တွေကို ရောက်ရှိလာခဲ့မှာ ဖြစ်ပါတယ်။

ဘောလုံးလောကမှာလည်း ဒီတိုင်းပါပဲ။ အချိန်တွေရဲ့ တဖြည်းဖြည်းတိုက်စားမှုတွေနဲ့ အတူ စပိန်မြေက မက်ဒရစ်မြို့မှာ ခေတ်တခေတ်ဟာ ကုန်ဆုံးချိန်ကို စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလို့ လာခဲ့ပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီနွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ မာဆယ်လိုတို့ရဲ့ လမ်းခွဲတဲ့ နွေပဲဖြစ်ပါတယ်။ တနင်္လာနေ့က ရီးရဲလ်မက်ဒရစ်တို့ဟာ အသင်းကနေ ထွက်ခွာတော့မယ့် ဘယ်နောက်ခံ ကစားသမား မာဆယ်လိုအတွက် နှုတ်ဆက်ပွဲ တစ်ခု ပြုလုပ်ပေးသွားခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်လာခဲ့တဲ့ မာဆယ်လိုအတွက် ရီးရလ်တို့ ပြုလုပ်ပေးခဲ့တဲ့ နှုတ်ဆက်ပွဲမှာ မာဆယ်လိုတစ်ယောက် ရီးရဲလ်မှာ ဘယ်လောက် အထိ ချစ်မြတ်နိုးခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ဖွင့်ဟပြောဆိုခွင့်ရခဲ့ပါတယ်။ အဲ့ဒီနှုတ်ဆက်ပွဲက မာဆယ်လိုရဲ့ မျက်ရည်တွေကို ကြည့်ရင် သူဘယ်လောက် အထိနာကျင်ဝမ်းနည်းနေမလဲဆိုတာ မြင်သာနိုင်ပါတယ်။

လက်ရှိ အသက်(၃၄)နှစ်ရှိနေပြီဖြစ်တဲ့ မာဆယ်လို တစ်ယောက် ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာတဲ့ အချိန်က ကတုံးဆံပင်ပေါက်စတိုင်နဲ့ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ချာတိတ်လေးဘဝပဲ ရှိပါသေးတယ်။ ရီးရဲလ်မက်ဒရစ်မှာ (၁၆)နှစ်တာ ပေးဆပ်ကစားခဲ့ပြီးတဲ့နောက် အသင်းသမိုင်းမှာ ဆုဖလား အောင်မြင်မှု အများဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အသင်းရဲ့ ဂန္ဓဝင် ကစားသမားတစ်ယောက်လည်းပဲ ဖြစ်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အတူ ကစားသမားဘ၀ (၁၆)နှစ်တာ အတွင်းမှာ လာလီဂါအမှတ်ပေးဖလား (၆)ကြိမ်၊ ကိုပါဒယ်ရေးဖလား (၂)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၅)ကြိမ်နဲ့ ယူအီးအက်ဖ်အေစူပါဖလား (၃)ကြိမ်၊ ဖီဖာ ကမ္ဘာ့ကလပ်များဖလား (၄)ကြိမ်တို့ကို ရရှိ အောင်မြင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် (၁၆)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံ (၅၄၆)ပွဲ အထိပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၃၈)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဘယ်နောက်ခံ ကစားသမားတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ နှုတ်ဆက်ပွဲမှာတော့ မာဆယ်လိုက ” ကျွန်တော် ဒီနေရာကနေ ခေါင်းကိုမော့ထားပြီး ထွက်သွားနိုင်ခဲ့ပါတယ်၊ ကျွန်တော့် မိသားစုကလည်း ကျွန်တော့်အတွက် ဂုဏ်ယူနေရပါတယ်၊ ကျွန်တော် အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်၊ ကျွန်တော့်ဘဝမှာ ရှိခဲ့တဲ့ အရာရာတိုင်းက အလုပ်တွေ လုပ်နေခဲ့တာပါပဲ၊ ဒါပေမဲ့ ကျွန်တော့်ဘေးမှာရှိခဲ့တဲ့ လူတွေကြောင့် ကျွန်တော်ကံကောင်းခဲ့ရပါတယ်၊ အဲ့ဒီအတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်၊

ဒါက နှုတ်ဆက်ခြင်းတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော် ရီးရဲလ်ကနေ ထွက်သွားရတယ်လို့ မခံစားရပါဘူး၊ အသင်းရဲ့ အနာဂတ်ဆိုတာ ကျွန်တော့်ရဲ့ သားအပါအဝင် အသင်းရဲ့ အကယ်ဒမီမှာ ရှိနေတဲ့ လူငယ်ကစားသမားတွေနဲ့ အတူ ပြုစုပျိုးထောင်ပေးဖို့ပါပဲ၊ ကလေးတစ်ယောက်အဖြစ်နဲ့ ဒီအသင်းကို ရောက်လာတယ်၊ လူကြီး တစ်ယောက်အဖြစ် ကျွန်တော် ထွက်ခွာခဲ့ပါပြီ ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မာဆယ်လို အနေနဲ့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာ သွားတော့မှာ ဖြစ်ပေမဲ့ ဘောလုံးလောကကနေ အနားယူဦးမှာ မဟုတ်သေးကြောင့်နဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြိုင်ဘက် အဖြစ် ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ” ကျွန်တော် အနားယူဦးမှာ မဟုတ်ပါဘူး၊ ကျွန်တော် ကစာနိုင်နေသေးတယ်လို့ ခံစားရပါတယ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်ရင်ဆိုင်ရတာက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး၊ ကျွန်တော့်ဟာ ရီးရဲလက်မက်ဒရစ်ရဲ့ ပရိသတ်စစ်စစ်တယောက် ဖြစ်သလို ကျွန်တော်က အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ သူလည်းပဲ ဖြစ်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: စတင်ခြင်းဆိုတာ ရှိရင် အဆုံးသတ်ခြင်းဆိုတာလည်း ရှိပါတယ်။ ဘယ်အရာကမှ ဒီကမ္ဘာမှာ မတည်မြဲတာ အမြဲ မှန်နေခဲ့တဲ့ လောကနိယာမတစ်ခုပါပဲ။ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော အချိန်တန်ပြီဆိုတဲ့ အချိန်ကို ရောက်လာရင်တော့ လမ်းခွဲသွားကြရတာ ချည်းပါပဲ။ တည်မြဲခြင်းဆိုတဲ့ စကားလုံးဟာ ထာဝရကို မဆိုလိုပါဘူး။ တည်မြဲခြင်းမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိပါတယ်။ အဲ့ဒီသက်တမ်းကုန်ဆုံး ရက်ကို ရောက်လာခဲ့ကြပြီဆိုရင်တော့ ဝမ်းနည်းစရာ အခိုက်အတန့်တွေ၊ လွမ်းမောစရာ အခိုက်အတန့်တွေကို ရောက်ရှိလာခဲ့မှာ ဖြစ်ပါတယ်။