၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ဆိုတာ မက်ဆီနဲ့ အာဂျင်တီးနား အသင်းအတွက် ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီးတွေကို ရင်ဆိုင် ကျော်ဖြတ်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ခရိတ်ဘာလီက ပြောလိုက်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မယုံနိုင်လောက်အောင် ပုံစံကောင်းတွေ ပြသနေတာ တွေ့ရပြီး၊ သူတို့ဟာ လက်ရှိ အချိန်ထိ ၃၂ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတခုကို ရရှိထားပါတယ်။

ဒီလို ပုံစံကောင်းတွေ ပြသနေတာကြောင့် မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ယခုနှစ် နှောင်းပိုင်းမှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူဟောင်း ခရိတ်ဘာလီက အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အားနည်းချက်တွေ ရှိနေခဲ့တာ အချိန် အတော်ကြာနေခဲ့ပြီ ဖြစ်တာကြောင့် အောင်မြင်မှုရလိမ့်မယ်လို့ မထင်မိကြောင်း ပြောလိုက်ပါတယ်။

“ဟုတ်ပါတယ် လီယွန်နယ် မက်ဆီတယောက် ကလပ်အသင်း အဆင့်မှာ ဂိုးတွေ အများကြီး သွင်းယူနေချိန်ကတောင် လက်ရွေးစင် အသင်းအတွက် အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ၊ ဒီအချိန်မှာ ပိုလို့တောင် ခက်ခဲသွားပြီလို့ ခရိတ်ဘာလီက အခုလို ထောက်ပြခဲ့တာပါ။ “မက်ဆီက အာဂျင်တီးနား အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ် ထင်လို့လား?။ သူက တနှစ်ကို ဂိုး၅၀လောက် သွင်းယူနေချိန်မှာတောင် အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အားနည်းချက်တွေ ရှိနေခဲ့တာလေ။”

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ လတ်တလောမှာပဲ ပီအက်စ်ဂျီ အသင်းနဲ့ သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ သူ့အတွက် အဆိုးရွားဆုံး ဘောလုံးရာသီတခု ကြုံခဲ့ရပြီး၊ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၄ပွဲကစားခဲ့ရာ ၁၁ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒဏ်ရာ ပြဿနာတွေနဲ့ အသင်းသစ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့ရပေမယ့်၊ ဂိုးဖန်တီးမှု ၁၅ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည် ကျဆင်းလာခဲ့တာဟာ မက်ဆီရဲ့ အသက်အရွယ် ကြီးမြင့်လာမှုကြောင့် ဖြစ်လိမ့်မယ်လို့ ခရိတ်ဘာလီက ယုံကြည်နေပြီး၊ သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ အာဂျင်တီးနား အသင်းကို ဦးဆောင်နိုင်ဖို့ဆိုတာ သံသယဝင်မိတယ်လို့ အခုလို ထပ်ပြောထားပါတယ်။ “မက်ဆီက ကလပ်အသင်းမှာတောင် ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်ဆိုရင် လက်ရွေးစင် အသင်းကို ဦးဆောင်ပြီး အောင်မြင်မှု ရဖို့ဆိုတာ ပိုခက်မယ်ထင်ပါတယ်။”

“ကျွန်တော် ဆိုလိုတာက အာဂျင်တီးနား အသင်းကို သူ့အနေနဲ့ အောင်မြင်မှုရအောင် မလုပ်နိုင်ဘူးလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ အရင်ကထက် အများကြီး ပိုခက်ခဲလာလိမ့်မယ်လို့ ပြောချင်တာပါ။” မက်ဆီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက အာဂျင်တီးနားနဲ့ အီတလီ အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပြီး၊ သူ့ရဲ့ အသင်းဟာ အဆိုပါပွဲမှာ အီတလီ အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ဒီဆုဖလားဟာ ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနား အသင်းနဲ့အတူ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရခဲ့ပြီးနောက် သူ့အတွက် နိုင်ငံ လက်ရွေးစင် အသင်းနဲ့ ရရှိခဲ့တဲ့ ဒုတိယမြောက် ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။

ZAWGYI: ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ဆိုတာ မက်ဆီနဲ့ အာဂျင်တီးနား အသင်းအတွက် ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီးတွေကို ရင်ဆိုင် ကျော်ဖြတ်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ခရိတ်ဘာလီက ပြောလိုက်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မယုံနိုင်လောက်အောင် ပုံစံကောင်းတွေ ပြသနေတာ တွေ့ရပြီး၊ သူတို့ဟာ လက်ရှိ အချိန်ထိ ၃၂ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတခုကို ရရှိထားပါတယ်။

ဒီလို ပုံစံကောင်းတွေ ပြသနေတာကြောင့် မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ယခုနှစ် နှောင်းပိုင်းမှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူဟောင်း ခရိတ်ဘာလီက အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အားနည်းချက်တွေ ရှိနေခဲ့တာ အချိန် အတော်ကြာနေခဲ့ပြီ ဖြစ်တာကြောင့် အောင်မြင်မှုရလိမ့်မယ်လို့ မထင်မိကြောင်း ပြောလိုက်ပါတယ်။

ဟုတ်ပါတယ် လီယွန်နယ် မက်ဆီတယောက် ကလပ်အသင်း အဆင့်မှာ ဂိုးတွေ အများကြီး သွင်းယူနေချိန်ကတောင် လက်ရွေးစင် အသင်းအတွက် အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ၊ ဒီအချိန်မှာ ပိုလို့တောင် ခက်ခဲသွားပြီလို့ ခရိတ်ဘာလီက အခုလို ထောက်ပြခဲ့တာပါ။ “မက်ဆီက အာဂျင်တီးနား အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ် ထင်လို့လား?။ သူက တနှစ်ကို ဂိုး၅၀လောက် သွင်းယူနေချိန်မှာတောင် အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အားနည်းချက်တွေ ရှိနေခဲ့တာလေ။”