ဘာစီလိုနာ အသင်းဟာ အာဂျင်တီးနား ဝါရင့် ကွင်းလယ် ကစားသမားကြီး အန်ဟဲ ဒီမာရီယာ ကို ခေါ်ယူဖို့ ချိတ်ဆက် နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။ ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ အာဂျင်တိုင်းသားကြီးဟာ ပြင်သစ် ကလပ် PSG ကနေ စာချုပ်ပြည့်လို့ ထွက်ခွာလာသူ ဖြစ်ပြီး စီးရီးအေ ကလပ် အင်တာမီလန် က ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ် ။

ဒါပေမယ့် အခုအချိန် မှာတော့ ဘာစီလိုနာ နဲ့ သတင်း ထွက်လာ အပြီးမှာတော့ ဒီမာရီယာ ဟာ တချိန်က သူ အောင်မြင်ခဲ့တဲ့ စပိန်မြေကို ပြန်သွားဖို့ အလားအလာ များလာခဲ့ပါပြီ ။ ဘာစီလိုနာ နည်းပြ ဇာဗီ နဲ့ အသင်းက တာဝန်ရှိသူတွေဟာ အလုပ်များတဲ့ နွေရာသီကို ဖြတ်သန်းနေပါတယ် ။ ဘဏ္ဍာရေး ဟန်ချက်ညီမှု မရှိတဲ့ အသင်းရဲ့ ငွေကြေးအင်အား ကို ထိန်းညှိဖို့ ကစားသမားတွေကို ရောင်းထုတ်တာ ၊ လုပ်ခ လျော့ယူဖို့ တိုက်တွန်းတာ ၊ လစာနည်းနည်းနဲ့ စာချုပ်တာတွေကို လုပ်ဆောင် နေရပါတယ် ။

တဘက်မှာလည်း အသင်းကို ဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်း တသင်း ဖြစ်လာစေဖို့ အတွက် ပြန်လည် တည်ဆောက် နေပြီး ပြောင်းရွှေ့ကြေး များများ သုံးစရာမလိုတဲ့ ကစားသမားတွေကိုသာ ပစ်မှတ်ထား ခေါ်ယူ နေခဲ့ပါတယ် ။ လက်ရှိ မှာတော့ ချဲလ်ဆီး က ဒိန်းမတ် နောက်ခံလူ ခရစ်ရှန်ဆန် ၊ အေစီမီလန် ကွင်းလယ်လူ ဖရန့် ကတ်ဆီ တို့ကို အလွတ်တွေနဲ့ ခေါ်ယူထားနိုင်ပြီး လုပ်ခလစာ စည်းမျဉ်းနဲ့ မကိုက်ညီသေးတာကြောင့် စာရင်းမသွင်းရ သေးဘဲ ဖြစ်နေပါတယ် ။

ဇာဗီ ဟာ တိုက်စစ်ကိုလည်း ပိုမို အားဖြည့်သွားလိုပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ ဒမ်ဘီလီ ရဲ့ နေရာ အတွက် လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ကို စိတ်ဝင်စားခဲ့ ပါတယ် ။ ဒါပေမယ့် လိဒ် က ဘရာဇီးသား အတွက် သတ်မှတ်ထားတဲ့ ဈေးဟာ ဘာစီလိုနာ ကို ချိတုန်ချတုန် ဖြစ်နေ စေပြီး အခြားပြိုင်ဘက် အသင်းတွေလည်း ရှိနေတာကြောင့် ဈေးချပေးဖို့ မျှော်လင့်ချက် နည်းပါးနေပါတယ် ။

ဒီလို အခြေအနေမှာ ဒီမာရီယာ ဟာ ဘာစီလိုနာ အတွက် တန်ဖိုးနည်းပါးပြီး အကျိုးပြုနိုင်တဲ့ ခေါ်ယူမှု တခု အဖြစ် ထွက်ပေါ်လာခဲ့ ပါတယ် ။ စပိန် သတင်းစာ Marca ရဲ့ အဆိုအရ ဘာစီလိုနာ ဒါရိုက်တာ အလီမာနီ ဟာ ဒီမာရီယာ နဲ့ ဗီဒီယို ဖုန်း ခေါ်ဆို ပြောဆို ထားပြီးပြီလို့ သိရပြီး အာဂျင်တိုင်းသားရဲ့ မိသားစု ကလည်း နယ်မြေသစ် အီတလီထက် စပိန်ကို ပြန်သွားဖို့ ဆန္ဒ ရှိနေတယ်လို့ သိရှိရ ပါတယ် ။

ဒါပေမယ့် Goal သတင်းစာရဲ့ ဖော်ပြချက် အရ ဒီမာရီယာ ဟာ နူးကမ့်မှာ အကြာကြီး နေဖို့ စိတ်ကူး မရှိဘဲ ၁ နှစ်သာ စာချုပ် ချုပ်သွားဖို့ အလားအလာ များတယ်လို့ သိရှိရ ပါတယ် ။ ၃၄ နှစ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမားကြီး ဟာ လာမယ့် ရာသီ အပြီးမှာ မိခင် နိုင်ငံ အာဂျင်တီးနား ကို ပြန်ကာ အနားမယူခင်အထိ ဘောလုံး ကစားသွားဖို့ ဆန္ဒ ရှိနေတာကြောင့် ယူဗင်တပ် ဖြစ်စေ ၊ အင်တာမီလန် ဖြစ်စေ ၊ ဘာစီလိုနာ မှာ ဖြစ်စေ ၁ ရာသီထက် ပိုမနေဖို့ စိတ်ကူး ထားတယ်လို့ သိရပါတယ် ။

ဒီမာရီယာ နဲ့ ဘာစီလိုနာ တို့ရဲ့ သတင်းဟာ လာလီဂါ ပြိုင်ဘက် ဖြစ်တဲ့ ရီးရဲမက်ဒရစ် ပရိသတ်တွေကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ ပါတယ် ။ ဒီမာရီယာ ဟာ ၂၀၁၅ ခုနှစ် တုန်းက ရီးရဲ ကို ဘင်ဖီကာ ကနေ ပြောင်းရွှေ့ လာခဲ့ပြီး ၂၀၁၆ ချန်ပီယံလိဂ် ဖိုင်နယ် မှာ အကောင်းဆုံး ကစားပြသွား နိုင်ခဲ့သူ တယောက် ဖြစ်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာ ဒီမာရီယာ ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ ခဲ့ပြီး စိတ်ပျက်စရာ ကောင်းတဲ့ တရာသီ အပြီးမှာတော့ ပြင်သစ် ကလပ် PSG ထံ ရောင်းထုတ် ခံခဲ့ရ ပါတယ် ။ ပြင်သစ် ကလပ်မှာတော့ အာဂျင်တိုင်းသား ဟာ ပုံစံကောင်းတွေ ပြန်ရခဲ့ပြီး ၂၉၅ ပွဲ ကစားပေးရာမှာ ၉၂ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး အမှတ်ပေး ဖလား ၅ ကြိမ် ၊ ရှုံးထွက် ဖလား ၉ ကြိမ် ကို ဆွတ်ခူး ရရှိခဲ့ ပါတယ် ။

ZAWGYI: ဘာစီလိုနာ အသင်းဟာ အာဂျင်တီးနား ဝါရင့် ကွင်းလယ် ကစားသမားကြီး အန်ဟဲ ဒီမာရီယာ ကို ခေါ်ယူဖို့ ချိတ်ဆက် နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။ ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ အာဂျင်တိုင်းသားကြီးဟာ ပြင်သစ် ကလပ် PSG ကနေ စာချုပ်ပြည့်လို့ ထွက်ခွာလာသူ ဖြစ်ပြီး စီးရီးအေ ကလပ် အင်တာမီလန် က ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ် ။