ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုးကြီး ကာရင် ဘန်ဇီးမားက ဘလွန်းဒီအော် ၇ဆုရှင် မက်ဆီရဲ့ မကြာသေးမှီက ချီးကျူး စကားကြောင့် ကျေနပ် ပျော်ရွှင်ရတယ်လို့ ထုတ်ပြော လိုက်ပါတယ်။ မကြာသေးမှီက ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး လီယို မက်ဆီက ဒီရာသီ ရီးရဲမက်ဒရစ် အသင်း ချန်ပီယံလိဂ် ဖလား ရယူရာမှာ အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ပြိုင်ဖက်ဟောင်း ဘန်ဇီးမားရဲ့ ခြေစွမ်းတွေက အသိမှတ် ပြုရလောက်အောင် ကောင်းမွန်ခဲ့ပြီး ဘလွန်းဒီအော် ဆုနဲ့ ထိုက်တန်နေပြီလို့ ထုတ်ပြော ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီဟာ ဘန်ဇီးမား တယောက် အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ ကာလတခုလို့ ဆိုရမှာ ဖြစ်ပြီး လက်ရှိ ဘလွန်းဒီအော် ပိုင်ရှင် မက်ဆီကိုယ်တိုင်က ဒီတကြိမ်တော့ ဘန်ဇီးမား အတွက် ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေး ချီးကျူးခဲ့ပါတယ်။ ” ကာရင် ဘန်ဇီမာက သိပ်ကို အံ့ဩစရာ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဘလွန်းဒီအော်ဆုဟာ သူ့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ကတော့ ယုံကြည်တယ်။”

“သူဟာ ဒီနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၁၆သင်းအဆင့် ပွဲစဉ်ကစပြီး၊ နောက်ဆုံး ဗိုလ်လုပွဲအထိ မရှိမဖြစ် အရေးပါတဲ့ ကစားသမား အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ သွင်းဂိုးတွေက ရီးရဲလ်မက်ဒရစ် အသင်း ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ရာမှာ အဆုံးအဖြတ် ပေးနိုင်ခဲ့တာကြောင့်၊ ဘလွန်းဒီအော် ဆုပေးပွဲမှာ ဘန်ဇီမာ အောင်ပွဲခံသွားလိမ့်မယ် ဆိုတာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်တာပါ။” လို့ မက်ဆီက ထုတ်ပြောခဲ့ပါတယ်။

မက်ဆီ ပြောခဲ့ သလိုပဲ ဘန်ဇီမာ တယောက် ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲ တလျောက် သူရဲကောင်း ဖြစ်ခဲ့ပြီး၊ သူဟာ ဒီပြိုင်ပွဲတလျှောက် ၁၅ဂိုးသွင်းယူကာ ဒီရာသီ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒီပြင်သစ်သားဟာ ပီအက်စ်ဂျီ အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်၊ ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တို့မှာ ထူးထူးခြားခြား ဟက်ထရစ် ၂ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်ဇီမာဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုး၂၇ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ လာလီဂါ ချန်ပီယံဆုကို ကိုင်မြှောက် နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ၄၆ပွဲ ကစားကာ ၄၄ဂိုးသွင်းယူ နိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ဘလွန်းဒီအော် ဆုအတွက် ရေပန်းအစားဆုံး ကစားသမား အဖြစ် သတ်မှတ် ခံတေရတာ ဖြစ်ပါတယ်။

ဘလွန်းဒီအော် ဆုနဲ့ ထိုက်တန်တယ် ဆိုတဲ့ စကားတွေကို ကြားနေရတယ်လို့ ဆိုခဲ့ပြီး မက်ဆီလို ကစားသမား တယောက်ဆီကပါ ထုတ်ပြောတာ ခံခဲ့ရပြီး နောက်မှာတော့ အလွန် ကျေနပ်ပျော်ရွှင်ရတယ်လို့ ဘန်ဇီးမားက ထုတ်ပြော ခဲ့ပါတယ်။ ” ကျွန်တော် မက်ဆီ ပြောခဲ့တာကို ကြားခဲ့ပါတယ်။ ကျေနပ်ဖို့ ကောင်းပါတယ်။ တကယ်ပြောတာပါ။ မက်ဆီလို ကစားသမားဆီက ဒီလို စကားမျိုး ကြားရတာ ဘယ်လောက် ကျေနပ်ဖို့ ကောင်းလိုက်လဲ။” ဆိုပြီး ဘန်ဇီးမားက ဆိုသွားခဲ့ပါတယ်။

ဥရောပ ချန်ပီယံလိဂ်၊ လာလီဂါ ဖလားတွေကို ရယူခဲ့ခြင်းနဲ့ အတူ ဘန်ဇီးမားကို နာမည်ကျော် အမြားအပြားက ဘလွန်းဒီအော်ဆုကို ရသင့်တယ်ဆိုတဲ့ ထောက်ခံမှုတွေ မြင့်တက် လာခဲ့ပါတယ်။ တချို့ ဆိုရင် ဒီပြင်သစ် လက်ရွေးစင် အတွက် ဘလွန်းဒီအော်ဆုကို ချက်ခြင်း ပေးလိုက်ပါတော့ ဆိုတဲ့ တောင်းဆိုမှုတွေတောင် ရှိနေပါတယ်။ ဒီဆုအတွက် ဇကာတင် စာရင်းကို လာမယ့် ဩဂုတ်လ ၁၂ရက်နေ့မှာ ထုတ်ပြန်ဖို့ ရှိနေပြီး ပြိုင်ဖက်တွေ အဖြစ် ဘာပေ၊ လီဝမ်ဒေါစကီး၊ မာနေး၊ ဆာလက်တို့နဲ့ ယှဉ်လုရဖို့ ရှိနေပါတယ်။

ZAWGYI: ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုးကြီး ကာရင် ဘန်ဇီးမားက ဘလွန်းဒီအော် ၇ဆုရှင် မက်ဆီရဲ့ မကြာသေးမှီက ချီးကျူး စကားကြောင့် ကျေနပ် ပျော်ရွှင်ရတယ်လို့ ထုတ်ပြော လိုက်ပါတယ်။ မကြာသေးမှီက ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး လီယို မက်ဆီက ဒီရာသီ ရီးရဲမက်ဒရစ် အသင်း ချန်ပီယံလိဂ် ဖလား ရယူရာမှာ အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ပြိုင်ဖက်ဟောင်း ဘန်ဇီးမားရဲ့ ခြေစွမ်းတွေက အသိမှတ် ပြုရလောက်အောင် ကောင်းမွန်ခဲ့ပြီး ဘလွန်းဒီအော် ဆုနဲ့ ထိုက်တန်နေပြီလို့ ထုတ်ပြော ခဲ့ပါတယ်။