လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ဆယ်စုနှစ် တခုကျော်ကြာ ဘောလုံးလောကကို လွှမ်းမိုးလာခဲ့သူတွေ ဖြစ်ပြီး၊ သူတို့ နှစ်ဦးစလုံးဟာ မရေမတွက်နိုင်တဲ့ စံချိန် မှတ်တမ်းပေါင်း များစွာကို ချိုးဖျက်ပြ နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် အများက လက်ခံထားကြပြီး၊ သူတို့ နှစ်ဦးကြား ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုတွေဟာ ယခုအချိန်ထိ တိကျသေချာတဲ့ အဖြေတခု ထွက်မလာသေးပါဘူး။

ဒီလို ဆွေးနွှေး ငြင်းခုံမှုတွေထဲမှာ မက်ဆီရဲ့ အသင်းဖော်ဟောင်း လက်ရှိ ဘာစီလိုနာ နည်းပြ ဇာဗီလည်း ပါဝင်ခဲ့ပြီး၊ မက်ဆီဟာ ပွဲအပေါ် လွှမ်းမိုးနိုင်မှုရှိတဲ့ အချက်ကြောင့် ရော်နယ်လ်ဒိုထက် ပိုကောင်းတယ်လို့ ခံစားရကြောင်း သူက ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြား နှိုင်းယှဉ်ပြခဲ့တဲ့ ဇာဗီရဲ့ မှတ်ချက်တွေဟာ ယခုအခါ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး၊ ဘလွန်းဒီအော်ဆု ၇ကြိမ်ရယူထားတဲ့ မက်ဆီဟာ ရော်နယ်လ်ဒိုထက် ဘာကြောင့် ပိုကောင်းသလဲ ဆိုတာကို ဇာဗီက အခုလို ရှင်းပြခဲ့ပါတယ်။

“မက်ဆီက ရော်နယ်လ်ဒိုထက် နှိုင်းယှဉ်လိုက်ရင် ကွင်းထဲမှာ အများကြီး လုပ်ပြနိုင်တဲ့သူ ဖြစ်ပြီး၊ သူ့က ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ထင်နေရင်လည်း အဲဒါက ပြဿနာမရှိပါဘူး။ ဒါပေမယ့် မက်ဆီ လေ့ကျင့်နေတာတွေကို မြင်ခဲ့ရတဲ့ ကျွန်တော်တို့ အတွက်ကတော့ သူနဲ့ နှိုင်းယှဉ်စရာ ကစားသမား မရှိဘူးလို့ပဲ မြင်မိပါတယ်။ ဟုတ်ပါတယ် မက်ဆီဟာ ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားပါ။”

“ကျွန်တော်တို့မှာ မက်ဆီနဲ့ ပတ်သက်ပြီး အဲလို မှတ်ချက်မျိုး ပေးတာကလွဲရင် အခြားပြောစရာ မရှိပါဘူး။ သူက ပွဲတပွဲအတွင်း ခြားနားမှုတွေ ဖန်တီးနိုင်တဲ့သူ ဖြစ်လို့ သူ့အတွက် နေရာလွတ် ရနေတာနဲ့ သူ့ဆီကို ဘောလုံးပေးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မက်ဆီရဲ့ ခြေထောက်ထဲမှာ ဘောလုံး ရှိနေတယ်ဆိုရင် ပြိုင်ဘက် ကစားသမားတွေ ဟန်ချက်ပျက်သွားတယ်လေ။ သူက ကျွန်တော် တွေ့ဖူးသမျှ ကမ္ဘာပေါ်က ဘောလုံးသမား တွေထဲမှာ အထူးခြားဆုံး ဖြစ်ပြီး၊ အဲဒါက အရမ်းကို သိသာထင်ရှားပါတယ်။”

ဇာဗီဟာ ကစားသမား ဘဝမှာ လီယွန်နယ် မက်ဆီနဲ့အတူ တွဲကစားကာ ဘာစီလိုနာ အသင်းအတွက် ဆုဖလားများစွာ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ မက်ဆီဟာ ရော်နယ်လ်ဒိုထက် ပိုကောင်းတယ်လို့ ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် နယ်မြေသစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၃၄ပွဲကစားခဲ့ရာမှာ ၁၁ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် အသက် ၃၅နှစ်အရွယ် အာဂျင်တီးနား စူပါစတားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှောင်းပိုင်းမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည်ရရှိဖို့ မျှော်မှန်းထားတယ်လို့ ပြောခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ဘလွန်းဒီအော် ၇ဆုရှင်ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ အခြားတဖက်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး၊ ပေါ်တူဂီ တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၃၈ပွဲကစားခဲ့ရာ ၂၄ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ရော်နယ်လ်ဒိုရဲ့ အနာဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ မသေချာတော့ပဲ၊ ဒီပေါ်တူဂီသားဟာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့မယ်ဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ZAWGYI: လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ဆယ်စုနှစ် တခုကျော်ကြာ ဘောလုံးလောကကို လွှမ်းမိုးလာခဲ့သူတွေ ဖြစ်ပြီး၊ သူတို့ နှစ်ဦးစလုံးဟာ မရေမတွက်နိုင်တဲ့ စံချိန် မှတ်တမ်းပေါင်း များစွာကို ချိုးဖျက်ပြ နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် အများက လက်ခံထားကြပြီး၊ သူတို့ နှစ်ဦးကြား ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုတွေဟာ ယခုအချိန်ထိ တိကျသေချာတဲ့ အဖြေတခု ထွက်မလာသေးပါဘူး။