စီရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မန်ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေး ကွင်းကို ပြန်လည်ရောက်ရရှိလာခဲ့ပြီး၊ အသင်းကနေ ထွက်ခွာဖို့ ကိစ္စကို အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အတွက်တော်တော်လေးကို စိတ်ဆန္ဒပြင်းပြလျက် ရှိနေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အဓိက အကြောင်းတရားကတော့ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှုပဲ ဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက အဆင့်(၆)နဲ့သာ ရာသီသိမ်းခဲ့တာကြောင့် မန်ယူနိုက်တက်အနေနဲ့ မကြာမီစတင်တော့မယ့် ဘောလုံးရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ လက်ရှိ ဂိုးသွင်းစံချိန်ကို ထပ်မံ မြင့်တင်ဖို့ အလို ရှိနေပြီး အထူးသဖြင့် ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို ထပ်မံ မြင့်တင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက်(၃၇)နှစ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး (၁၄၀)အထိ သွင်းယူပေးထားခဲ့ပြီး ချန်ပီယံလိဂ် သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့နေက်မှာတော့ သူ့ထက် (၂)နှစ် ပိုငယ်တဲ့ မက်ဆီက (၁၂၅) ဂိုးနဲ့ ဒုတိယ ဂိုး သွင်းအများဆုံး ကစားသမား အဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ လာမယ့်ရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပြီး၊ စီရော်နယ်ဒိုရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို မီဖို့ သွင်းဂိုး (၁၅)ဂိုးသာ လိုအပ်နေတော့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေက စီရော်နယ်ဒိုကို ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့အတွက် တွန်းအားတစ်ခု ဖြစ်နေစေပြီးတော့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြတ်ပြတ်သားသား တောင်းဆိုလာရတဲ့ အဓိက အကြောင်းပြချက် တစ်ခုလည်းပဲ ဖြစ်ခဲ့ပါတယ်။ မက်ဆီ အနေနဲ့ စီရော်နယ်ဒိုထက် (၂) ငယ်ရွယ်နေသလို အသက်(၃၇)နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒို အနေနဲ့လည်း ဘောလုံးလောကကနေ မက်ဆီ ပိုပြီး စောစီးစွာ အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စီရော်နယ်ဒိုဟာ သူ့ရဲ့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို မက်ဆီထံကို လွှဲပြောင်းပေးလိုက်ရဖို့ အလိုမရှိ ဖြစ်နေတာကြောင့် ချန်ပီယံလိဂ် ကစားခွင့်ရမယ့် ထိပ်တန်း ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းက (၁)နှစ် ကျန်ရှိနေသေးပေမဲ့ စီရော်နယ်ဒိုကတော့ အဆိုပါ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း (၁)နှစ်ကို ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ရက်က တွေ့ဆုံမှုမှာ မန်ယူနိုက်တက် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက် တာဝန်ရှိသူတွေကတော့ စီရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ အသင်းတွေလည်း မရှိသေးဘူးဆိုပြီး စီရော်နယ်ဒိုရဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်သွားခဲ့ပါတယ်။ ဆိုတော့ စီရော်နယ်ဒိုရဲ့ မက်ဆီကို အနိုင်လိုချင်တဲ့ အတ္တတွေက မန်ယူနိုက်တက် ပရိသတ်တွေရဲ့ သူ့အပေါ်ချစ်မြတ်နိုးတဲ့ စိတ်တွေကို ပျက်ယွင်းသွားစေနိုင်တဲ့အထိ ဖြစ်လာနေပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: စီရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မန်ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေး ကွင်းကို ပြန်လည်ရောက်ရရှိလာခဲ့ပြီး၊ အသင်းကနေ ထွက်ခွာဖို့ ကိစ္စကို အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အတွက်တော်တော်လေးကို စိတ်ဆန္ဒပြင်းပြလျက် ရှိနေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အဓိက အကြောင်းတရားကတော့ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှုပဲ ဖြစ်နေခဲ့တာပါ။