ယူနိုက်တက်နည်းပြသစ် တန်ဟက်က နောက်ခံလူ မက်ဂွါရီဟာ တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် လာမယ့်ရာသီ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဖို့ကိုတော့ အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ်က လာမယ့်ရာသီအသင်းနည်းပြသစ်ဖြစ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းပွဲပြုလုပ်ကာ စကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရာသီပိတ်နောက်ဆုံးပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲကို ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြ ရန်နစ်နေရာမှာ အစားထိုးဝင်ရောက်လာပြီးနောက် မီဒီယာကိုလည်း ဖြေကြားခဲ့ပါတယ်။ အခုရာသီမှာ ဆိုးဝါးတဲ့အမှားတွေကျူးလွန်ခဲ့ပြီးနော် တန်ဟက်ကို သတင်းထောက်တွေက မက်ဂွါရီ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာလားလို့ မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါမေးမြန်းမှုကို တန်ဟက်က “ကျွန်တော်ထပ်ပြောပါမယ်။ လာမယ့်ရာသီက မတူညီတဲ့ ရာသီတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူအကောင်းဆုံးလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ပြီးတော့ အောင်မြင်မှုတွေအများကြီးလည်းရယူထားနိုင်ခဲ့သလို အသင်းကိုလည်း အများကြီးအကူအညီပေးခဲ့ပါတယ်။ ကျွန်တော်သူနဲ့အလုပ်အတူတူတွဲလုပ်ချင်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက်က တိုက်စစ်မှူး ရော်နယ်ဒိုဟာ မိမိရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ အတည်ပြုခဲ့ပြီး သူ့နည်းစနစ်နဲ့အံမဝင်လောက်ဘူူးဆိုတဲ့သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။ အေဂျက်နည်းပြဟောင်းက ရော်နယ်ဒိုဟာ လာမယ့်ရာသီ မိမိနဲ့အတူတူရှိနေမှာဖြစ်သလို သွင်းဂိုးတွေရအောင်လည်း ကူညီပေးသွားမယ်လို့ဆိုခဲ့ပါတယ်။

ZAWGYI: ယူနိုက်တက်နည်းပြသစ် တန်ဟက်က နောက်ခံလူ မက်ဂွါရီဟာ တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် လာမယ့်ရာသီ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဖို့ကိုတော့ အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။