မန်ယူနိုက်တက်ကို ကျော်ပြီး ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီးအသင်းကို ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကေတော့ စကားတစ်ခွန်းထဲနဲ့ ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။ ဒီဂျောင်ကိုခေါ်ယူဖို့ မန်ယူအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ပြီဆိုကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်အထိတော့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နိုင်ခြင်းမရှိသေးပဲ ကြန့်ကြာလျက် ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ဒီဂျောင်အနေနဲ့ မန်ယူနိုက်တက်ဆီ ရောက်ရှိဖို့ကိုတော့ တဖြည်းဖြည်း နီးစပ်လာလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ကြား အပြီးသတ် သဘောတူညီမှု ရရှိဖို့ ကြန့်ကြာနေတဲ့ အခြေအနေမှာ ချဲလ်ဆီးကလည်း ဒီဂျောင်ကိုခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဘိုလေးဟာ ဒီဂျောင်ကို ကြားဖြတ်ခေါ်ယူဖို့ အတွက် အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂျောင်ကတော့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး နှစ်သင်းထဲက တစ်သင်းကို ရွေးရမယ်ဆိုရင် ဘယ်အသင်းကိုရွေးမလဲဆိုတာ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။

ဒီဂျောင် အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာခဲ့မယ်ဆိုရင် ချဲလ်ဆီးထက် မန်ယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ဖို့ အလိုရှိနေတယ်ဆိုတဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဂျောင် အနေနဲ့ ချဲလ်ဆီးထက် မန်ယူနိုက်တက်ဆီကို ပြောင်းရွှေ့ဖို့ ပိုပြီး အလေးသာရတဲ့ အဓိက အကြောင်းပြချက်ကတော့ လက်ရှိ မန်ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟတ်ကြောင့် ဖြစ်နိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ တန်ဟတ်နဲ့ ဒီဂျောင်တို့ဟာ အေဂျက်အသင်းမှာ အချိန်အတော်ကြာ လက်တွဲခဲ့ကြတဲ့ သူတွေ ဖြစ်ပြီး တန်ဟတ်ဟာ ဒီဂျောင်ရဲ့ ဆရာဖြစ်သူလည်း ဖြစ်ပါတယ်။

တန်ဟတ် အနေနဲ့ အပြောင်းအရွှေ့ကို မြန်မြန် အပြီးသတ်ဖို့ အလိုရှိနေပေမဲ့ လက်ရှိ အခြေအနေအရတော့ ဒီဂျောင်တစ်ယောက် မန်ယူနိုက်တက်ကို ဘယ်အချိန်ရောက်မလဲဆိုတာက တော်တော်လေးပြောရခက်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီဂျောင်ကို လစာကြွေး ပေါင်(၁၇)သန်းခန့် ပေးချေဖို့ ကျန်ရှိနေတာ ဖြစ်ပြီး အပြောင်းအရွှေ့ ပြီးမြောက်ဖို့အတွက် ဘာစီလိုနာရဲ့ ဒီဂျောင် အပေါ် တင်ရှိနေတဲ့ အကြွေး (၁၇)သန်း ပြဿနာ တစ်ရပ် ဖြစ်နေတာပါ။

ဒါ့ အပြင် ဘာစီလိုနာ၊ ဒီဂျောင်နဲ့ မန်ယူနိုက်တက်တို့ကြားထဲက အခြေအနေတွေက ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာမှာ ကစားရတာက သူ့ရဲ့ ငယ်ဘ၀ အိပ်မက်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ ဘာစီလိုနာကနေ မထွက်ခွာချင်တဲ့ သူရဲ့ ဆန္ဒကို တိတိကျကျ ထုတ်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘာစီလိုနာမှာ ဆက်နေမယ်ဆိုရင် ဒီဂျောင်အနေနဲ့ လစာတွေ အများကြီး လျှော့ယူရမှာပါ။

ဘာစီလိုနာဘက်ကလည်း ဒီဂျောင်ကို အသင်းမှာဆက်ထိန်းထားဖို့ အလိုရှိနေပေမဲ့ ဒီဂျောင်ရဲ့ လုပ်ခလစာကို အပြည့်အ၀ ပေးချေနိုင်တဲ့ အင်အား မရှိ ဖြစ်နေတာပါ။ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကိုယ်တိုင် က အခြားရွေးချယ်စရာ မရှိရင်တောင် ဒီဂျောင်ကို မရောင်းချင်ဘူးလို့ ပြောကြားခဲ့တာပါ။ ဒီတော့ ဘာစီလိုနာ၊ မန်ယူနိုက်တက်နဲ့ ဒီဂျောင်တို့ရဲ့ အပြောင်းအရွှေ့ အခြေအနေက ခန့်မှန်းရခက်တဲ့ အနေအထားတစ်ခုမှာ ရှိနေပြီး ချဲလ်ဆီးကပါ အပြောင်းအရွှေ့ ဇာတ်လမ်းထဲ ပါဝင်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရုံပဲ ရှိတော့တာ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ကို ကျော်ပြီး ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီးအသင်းကို ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကေတော့ စကားတစ်ခွန်းထဲနဲ့ ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။ ဒီဂျောင်ကိုခေါ်ယူဖို့ မန်ယူအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ပြီဆိုကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်အထိတော့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နိုင်ခြင်းမရှိသေးပဲ ကြန့်ကြာလျက် ရှိနေခဲ့ပါတယ်။