အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ခ် ဝီလ်ရှီးယားအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွါလာတော့မယ့် ဝေးလ်လက်ရွေးစင်တိုက်စစ်မှူး ဂါရက်သ် ဘေးလ်က အာဆင်နယ်အသင်းမှာ ပွဲတစ်ပွဲကစားရဖို့အတွက်တောင် လုံလုံလောက်လောက်မကောင်းမွန်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွါလာခဲ့ပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်စီးတီးကလပ်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဘေးလ်အနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာတုန်းက ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၈၅.၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝီလ်ရှီးယားကတော့ ဘေးလ်ရဲ့ အကောင်းဆုံးနေ့ရက်တွေက သူ့နောက်မှာ ကျန်ခဲ့တယ်လို့သာ ယုံကြည်နေပြီး မီခဲလ် အာတီတာရဲ့အသင်းမှာဆိုရင် ပွဲကစားခွင့်ရဖို့တောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

talkSPORT နဲ့ အစီအစဉ်တစ်ခုမှာ သူသာဆိုရင် ဘေးလ်ကို အာဆင်နယ်မှာ ခေါ်ထားမှာလားလို့ အမေးခံရတုန်းမှာ ဝီလ်ရှီးယားက “မခေါ်ပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး သူက “အဲဒီနေရာမှာ ကစားမယ့် ကစားသမားတွေကို ကျွန်တော်ကြည့်လိုက်ပါတယ်။ ပြီးတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ကြတဲ့ လူငယ်ကစားသမားတွေပါ”

“ဒီတော့ ဒီတစ်ယောက်(ဘေးလ်)ကိုတော့ ကျွန်တော်ထင်တာပေါ့လေ။ သူ ပွဲကစားရမယ်လို့ မထင်ဘူး။ ပြီးတော့ တကယ်လို့များ သူလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ ဒီကစားသမားတွေထဲက တစ်ယောက်ကို ဖယ်ပြီး ပွဲကစားခွင့်ယူရမှာပဲ”လို့ ပြောလာခဲ့ပါတယ်။ ကာဒစ်ဖ်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ကိစ္စက လက်တွေ့ဆန်သလားဆိုတဲ့အမေးကို ဘေးလ်က “ကျွန်တော့်အနေနဲ့ တကယ့်ကိုမပြောနိုင်သေးပါဘူး”လို့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ တကယ့်ကို အများကြီးတွေးမနေခဲ့ဘူး။ စံနှုန်းတွေ၊ အဆင့်အတန်းတွေတော့ ကွာခြားလွန်းနေသလားဆိုတာတော့ ကျွန်တော်လည်း မသိဘူးလေ။ ဘောလုံးပွဲတစ်ပွဲက ဘောလုံးပွဲတစ်ပွဲပါပဲ။ ကျွန်တော့်အနေနဲ့ ဘောလုံးအရည်အသွေးကို ဘယ်တော့မှ ဆုံးရှုံးတော့မှာမဟုတ်ဘူးလို့ ခံစားရပါတယ်။ စကားပြောဆိုမှုတွေရှိလိမ့်မယ်လို့တော့ ကျွန်တော်ခန့်မှန်းရတာပါပဲလေ”

“ကျွန်တော့်အနေနဲ့ ပွဲတွေကစားနေပြီး တတ်နို်ငသမျှ ကြံ့ခိုင်မှုရှိနေဖို့တော့ လိုအပ်ပါတယ်။ ဒါက လုံးဝကြီးကို အရေးကြီးပါလိမ့်မယ်။ ဒီလေ့ကျင့်ရေးကွင်းကို ဝင်လာတော့ ကျွန်တော့်အနေနဲ့ အလုံးစုံကြံ့ခိုင်နေတာတော့ မဟုတ်ဘူး။ ကျွန်တော့်မှာ ပြောရရင် ပွဲကစားခွင့်လည်း သိပ်မရှိခဲ့ဘူးလေ။ တစ်ခါတစ်ရံမှာတော့ ဒါတွေကနေ ထွက်ပြေးနိုင်တယ်။ တွေးကြည့်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားကို သွားပြီး ပွဲတွေ ကစားချင်သလို ကြံ့ခိုင်နိုင်သလောက် ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကြာနိုင်သမျှ ကြာကြာနေချင်ပါတယ်”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ခ် ဝီလ်ရှီးယားအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွါလာတော့မယ့် ဝေးလ်လက်ရွေးစင်တိုက်စစ်မှူး ဂါရက်သ် ဘေးလ်က အာဆင်နယ်အသင်းမှာ ပွဲတစ်ပွဲကစားရဖို့အတွက်တောင် လုံလုံလောက်လောက်မကောင်းမွန်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွါလာခဲ့ပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်စီးတီးကလပ်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။