မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ လီလ်ခံစစ်မှူး ဆဗန် ဘို့ထ်မန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှု အဆင်မပြေဖြစ်နေတာကို အခွင့်ကောင်းယူကာ အသင်းရဲ့ခံစစ်မှူး အဲရစ် ဘိုင်ယီကို ခေါ်ယူဖို့ ငှက်ကြားတွေကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ သိသာတဲ့လှုပ်ရှားမှုတွေကို အပြောင်းအရွှေ့ဈေးကွက်အတွင်း ပြုလုပ်ဖို့အတွက် မျှော်မှန်းထားရပေမယ့် အခုထိ မလုပ်နိုင်သေးဘဲ ဒီနှစ်အစောပိုင်းက ရာသီဝက်အငှါးနဲ့ ခေါ်ယူခဲ့တဲ့ အက်စ်တန်ဗီလာအသင်းရဲ့နောက်ခံလူ မက်ထ် တားဂက်ထ်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘို့ထ်မန်းအနေနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပေမယ့် အေစီမီလန်အသင်းကလည်း ဒတ်ချ်ခံစစ်မှူးကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး စီးရီးအေလက်ရှိချန်ပီယံတွေကို ပြောင်းရွှေ့ဖို့အတွက်က ငှက်ကြားတို့ဆီ ပြောင်းရွှေ့ဖို့ထက် ပိုပြီးစိတ်ပါစရာဖြစ်နေတာပါ။ The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိအခြေအနေကို အသုံးချဖို့အတွက် စီစဉ်နေပြီး အသင်းမှာ အသုံးမပြုတော့တဲ့ ကစားသမားတစ်ဦးကို အင်မတန်ချမ်းသာပါတယ်ဆိုတဲ့ ပိုင်ရှင်တွေ ပိုင်ဆိုင်ထားတဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ထိုးရောင်းဖို့ စီစဉ်လာတာဖြစ်ပါတယ်။

ဘိုင်ယီအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ အလေးပေးမခံရတော့တာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး အသင်းရဲ့မန်နေဂျာသစ်ဖြစ်လာတဲ့ အဲရစ် တန်ဟာ့ဂ်ကလည်း သူတင်မဟုတ်ဘဲ ဘယ်ခံစစ်မှူးကိုမှ အသင်းမှာ ပြန်လည်အသုံးပြုဖို့အတွက် အပိုင်တစ်နေရာမပေးနိုင်သေးတာလည်းဖြစ်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ခံစစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပုံစံကောင်းပျောက်ဆုံးနေတာကြောင့်အပြင် ဒဏ်ရာပြဿနာလည်း ကြုံရတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲသာ ကစားခဲ့ရပြီး ၂၀၁၆ ခုနှစ်တုန်းက ဗီလာရီးရဲလ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပွဲပေါင်း ၇၀ သာ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။

The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ သရဲနီတို့အနေနဲ့ အသက် ၂၈ နှစ်အရွယ်ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈.၅ သန်းလောက်ကိုတောင် လက်ခံသွားဖို့ရှိနေပေမယ့် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ နဲ့ နီးနိုင်သမျှ နီးမယ့်ပမာဏတစ်ခုအထိတော့ လိုချင်နေတာဖြစ်ပါတယ်။ ဘိုင်ယီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး

၂၀၂၁ ခုနှစ်တုန်းက ရောင်းထုတ်ခံရမယ်ထင်ခဲ့ရပေမယ့် အံ့အားသင့်ဖွယ်ရာ ဖြစ်လောက်အောင် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်သလို အဆိုပါစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ဟာရီ မက်ဂွိုင်းယား၊ ရာဖဲလ် ဗာရန်း၊ ဗစ်တာ လင်ဒီလော့ဖ်တို့ရဲ့နောက်မှာသာ ရှိနိုင်ဖွယ်ရှိပြီး ဖီးလ်ဂျုံးစ်ရဲ့နောက်မှာတောင် ဦးစားပေးသတ်မှတ်ခံရမယ့်အဆင့်က ရောက်နိုင်တာကြောင့် အသင်းက ထွက်ခွါတာက အကောင်းဆုံးရွေးချယ်မှုတစ်ရပ် ဖြစ်စေမှာပါ။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ လီလ်ခံစစ်မှူး ဆဗန် ဘို့ထ်မန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှု အဆင်မပြေဖြစ်နေတာကို အခွင့်ကောင်းယူကာ အသင်းရဲ့ခံစစ်မှူး အဲရစ် ဘိုင်ယီကို ခေါ်ယူဖို့ ငှက်ကြားတွေကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ သိသာတဲ့လှုပ်ရှားမှုတွေကို အပြောင်းအရွှေ့ဈေးကွက်အတွင်း ပြုလုပ်ဖို့အတွက် မျှော်မှန်းထားရပေမယ့် အခုထိ မလုပ်နိုင်သေးဘဲ ဒီနှစ်အစောပိုင်းက ရာသီဝက်အငှါးနဲ့ ခေါ်ယူခဲ့တဲ့ အက်စ်တန်ဗီလာအသင်းရဲ့နောက်ခံလူ မက်ထ် တားဂက်ထ်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။