“ဒါပေါ့၊ လီဗာပူးကို ကျနော်တို့အနိုင်ယူရမှာပေါ့။” ဒီရာသီ ချန်ပီယံလိဂ်မှာ နှစ်သင်းဆုံကြသည်ရှိသော် ဘိုင်ယန်မြူးနစ်တို့နဲ့အတူ အသင်းဟောင်းလီဗာပူးတို့ကို အနိုင်ယူဖို့ ဆာဒီယိုမာနေးက ကြံစည်နေပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ ရနိုင်သမျှဖလားအားလုံးကို သူပစ်မှတ်ထားနေတယ်လို့ ပေါင် ၃၄ သန်းတန် တိုက်စစ်ကစားသမားကပြောပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ဘိုင်ယန်တို့ဆုံကြရင် ဘိုင်ယန်တို့က လီဗာပူးကိုအနိုင်ရဖို့ဘက်မှာ မာနေးက ရပ်တည်လိုက်ပါတယ်။ မာနေးဟာ အန်ဖီးလ်က ၆ နှစ်တာကိုရပ်ဆိုင်းလိုက်ပြီး ဇွန်လတုန်းက တပတ်ပေါင်နှစ်သိန်းခွဲတန် သုံးနှစ်စာချုပ်နဲ့ အေလိယန့်အရီးနားကို ကူးပြောင်းလာခဲ့ပါတယ်။

ဆီနီဂေါစတားက လီဗာပူးကကာလတွေကို ချစ်မြတ်နိုးစွာနဲ့ လည်ပြန်ကြည့်ပါတယ်၊ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဒီနှစ်ဆုံကြရင်တော့ အသင်းဟောင်းကို ညှာမှာမဟုတ်ဘူးလို့ အခိုင်အမာဆိုပါတယ်။ ၂၀၁၉ တုန်းက ဘိုင်ယန်မြူးနစ်တို့ကို သူသွင်းခဲ့တဲ့ဂိုးဟာ သူ့ရဲ့ထာဝရဖေးဘရိတ်ဂိုးလားလို့ မေးခွန်းမေးခံရတဲ့အခါ မှန်ပါတယ်လို့ မာနေးက ဟာသနှောပြီးပြောပါတယ်။ ဒါပေမဲ့ ဒီစကားကို အမြန်ပြန်နောက်ဆုတ်ပြီး နောက်တခါသာ ဘိုင်ယန်နဲ့လီဗာပူးတို့ဆုံကြရင် ဒီတခါ ဘိုင်ယန်ကနိုင်မှာပါလို့ သူကပြောပါတယ်။ ဘွန်းဒက်စ်လီဂါရဲ့ တရားဝင်သတင်းစာလွှာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မာနေးက အခုလိုပြောပါတယ်။

“အဲဒီဂိုးက ကျနော့်ဖေးဘရိတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ ဒုတိယဖေးဘရိတ်ဂိုးလို့ပဲ ကျနော်ပြောမှာပါ၊ ကျနော့်ရဲ့ပထမဂိုးမဟုတ်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ သူက ကျနော့်ရဲ့အသင်းဖော်ဖြစ်နေပြီလေ။ နိုး၊ ကျနော်နောက်တာပါ၊ ဒါပေါ့၊ အဲဒါက ကောင်းမွန်တဲ့ဂိုးတဂိုးလို့ ထင်ပါတယ်၊ ကောင်းတဲ့ဂိုးအမျိုးအစားပေါ့။ ကျနော်တို့ ပွဲကောင်းတပွဲရခဲ့တယ်။ ဒါက ကျနော်တို့နောက်မှာကျန်ခဲ့ပါပြီ။ ကျနော်တို့တွေ နောက်တခါထပ်တွေ့ကြရင်တော့၊ ဒါပေါ့၊ ကျနော်တို့ ဘိုင်ယန်မြူးနစ်က လီဗာပူးတို့ကို အနိုင်ရမှာပါ။”

လို့ သူကဆိုပါတယ်။ ၂၀၁၆ မှာ ပေါင် ၃၄ သန်းနဲ့ ဆောက်သမ်ပ်တန်ကနေ လီဗာပူးကိုရောက်လာတဲ့မာနေးဟာ ရက်ဒ်တို့အတွက် သူ့ရဲ့နောက်ဆုံးပွဲကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကစားခဲ့ပါတယ်။ ကလပ်ကနေထွက်ခွာနိုင်တာကို ပါရီက ဒီပွဲမတိုင်ခင်ကတည်းက အရိပ်အမြွက်ပြောထားခဲ့ပြီး ပွဲအပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ကလပ်ကထွက်ခွာချင်တဲ့သူ့ရည်ရွယ်ချက်ကို မာနေးက အတည်ပြုခဲ့ပါတယ်။ လီဗာပူးတို့နဲ့ ယာဂင်ကလော့ရဲ့အောင်မြင်မှုမှာ အဓိကကျခဲ့သူဖြစ်တာကြောင့် သူထွက်ခွာမယ့်သတင်းက လီဗာပူးဖန်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

မာနေးကတော့ ဘိုင်ယန်မှာလည်း အလားတူအောင်မြင်မှုမျိုး ထပ်မံဖန်တီးဖို့ ကြိုးစားနေပြီး သူ့ရဲ့လမ်းကြောင်းပေါ်မှာ လီဗာပူးတို့တားဆီးနေမှာကို ခွင့်ပြုဖို့ ရည်ရွယ်ချက်မရှိပါဘူး။ မာနေးပြောတဲ့ဂိုးကတော့ ၂၀၁၉ မှာ လီဗာပူးတို့ ချန်ပီယံလိဂ်ဖလားရခဲ့စဉ်က ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့၊ ဘိုင်ယန်ကွင်းမှာ ဂိုးသမားမန်နျူယယ်နျူအာကို ကျော်ဖြတ်ပြီးသွင်းခဲ့တဲ့ဂိုးဖြစ်ပြီး လီဗာပူးတို့က ၃-၁ နဲ့နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ မာနေးက ချန်ပီယံလိဂ် ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းခဲ့ပါတယ်။ အဲဒီဂိုးက လူပြောများတဲ့ဂိုးဖြစ်သလို မာနေးအတွက်လည်း မမေ့နိုင်တဲ့ဂိုးဖြစ်မှာပါ။

ဒါပေမဲ့ ဒီတခါခံစားရသူက လီဗာပူးတို့ဖြစ်စေဖို့ မာနေးကမျှော်လင့်နေပါတယ်။ ဘိုင်ယန်မှာ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးကြတဲ့အခါ မာနေးက “ချန်ပီယံလိဂ်ကိုအနိုင်ရဖို့က လွယ်တယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်က ပိုရှင်းရှင်းလင်းလင်းဖြစ်ချင်ပါတယ်။ ဘိုင်ယန်မြူးနစ်တို့အတွက် ခင်ဗျားကစားတယ်ဆိုရင်၊ ကျနော်ကတော့ ဖြစ်နိုင်သမျှပွဲအားလုံးကိုအနိုင်ရဖို့ ဒီကိုလာခဲ့တာပါ။ ဒါပေါ့၊ ဖလားအားလုံးအနိုင်ရဖို့လေ။ ဒါပေါ့၊ ရာသီစတင်ခြင်းမတိုင်ခင်မှာ ကျနော်တို့ရဲ့ပစ်မှတ်ကတော့ ရနိုင်သမျှဖလားအားလုံး အနိုင်ရဖို့ဖြစ်ပါတယ်။ ကျနော့်အသင်းဖော်တွေကိုကူညီဖို့နဲ့ ကိုယ့်အိပ်မက်တွေရရှိဖို့ ကျနော်ဒီမှာရှိနေတာပါ။” လို့ သူကဆိုပါတယ်။

ZAWGYI: “ဒါပေါ့၊ လီဗာပူးကို ကျနော်တို့အနိုင်ယူရမှာပေါ့။” ဒီရာသီ ချန်ပီယံလိဂ်မှာ နှစ်သင်းဆုံကြသည်ရှိသော် ဘိုင်ယန်မြူးနစ်တို့နဲ့အတူ အသင်းဟောင်းလီဗာပူးတို့ကို အနိုင်ယူဖို့ ဆာဒီယိုမာနေးက ကြံစည်နေပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ ရနိုင်သမျှဖလားအားလုံးကို သူပစ်မှတ်ထားနေတယ်လို့ ပေါင် ၃၄ သန်းတန် တိုက်စစ်ကစားသမားကပြောပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ဘိုင်ယန်တို့ဆုံကြရင် ဘိုင်ယန်တို့က လီဗာပူးကိုအနိုင်ရဖို့ဘက်မှာ မာနေးက ရပ်တည်လိုက်ပါတယ်။ မာနေးဟာ အန်ဖီးလ်က ၆ နှစ်တာကိုရပ်ဆိုင်းလိုက်ပြီး ဇွန်လတုန်းက တပတ်ပေါင်နှစ်သိန်းခွဲတန် သုံးနှစ်စာချုပ်နဲ့ အေလိယန့်အရီးနားကို ကူးပြောင်းလာခဲ့ပါတယ်။