ဘာစီလိုနာအသင်းကတော့ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးကို လာမယ့်စျေးကွက်အတွင်းမှာ အရခေါ်ယူနိုင်ဖို့အတွက် အပီအပြင် ကြိုးပမ်းလျက်ရှိနေပြီး အသင်းဘက်ကနေ ပြောင်းရွှေ့ကြေးသီးသန့်နဲ့ ကမ်းလှမ်းချက်တွေကို ဘိုင်ယန်မြူးနစ်ဘက်က ငြင်းဆန်လာခဲ့မယ်ဆိုပါက အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းအသုံးပြုသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက ဘိုင်ယန်နဲ့ ဝုလ်ဖ်ဘတ်အသင်းတို့ရဲ့ ဘွန်ဒစ်လီဂါပွဲစဉ်က သူရဲ့ဘိုင်ယန်ကစားသမားဘဝ နောက်ဆုံးသောပွဲစဉ် ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလာခဲ့ပြီးနောက်မှာ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ (၃)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီချက် ရယူနိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီချက် ရယူထားနိုင်ပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဘိုင်ယန်နဲ့ ဆက်လက်ဆွေးနွေးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ဘိုင်ယန်ဘက်ကလည်း လီဝန်ဒေါစကီးကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် လီဝန်ဒေါစကီးကတော့ ဘိုင်ယန်နဲ့ ထပ်မံသက်တမ်းမတိုးချင်တော့သလို အသင်းနဲ့လည်း လက်တွဲဖြုတ်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ လီဝန်ဒေါစကီးကို ချယ်လ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကပါ ပစ်မှတ်ထားနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ စပိန်လာလီဂါမှာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းလိုတာကြောင့် ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာကလည်း လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းချင်နေသလို ယူရို(၃၅)သန်းထိ ထပ်တိုးကမ်းလှမ်းသွားဖို့လည်း အစီအစဉ် ရှိနေပေမယ့် ဒီကမ်းလှမ်းမှုက ပယ်ချခံရဦးမယ်ဆိုရင်တော့ တိုက်စစ်ကစားသမား ဒီပိုင်းကိုပါ ထည့်သွင်းကမ်းလှမ်းသွားဖို့အထိ အစီအစဉ် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေစျေးကွက်ထဲမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ ဆီဇာအက်ဇ်ပီလီကွယ်တာတို့ နှစ်ဦးစလုံးကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းဆောင်ရွှက်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွှ့ယ် စပိန်ဘယ်နောက်ခံကစားသမား အလွန်ဆိုဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်မှ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ကာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ယူရိုပါလိဂ် အပါအဝင် ဆုဖလားတွေများစွာ ပိုင်ဆိုင်ထားခဲ့ပါတယ်။ အလွန်ဆိုဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် အလွန်ဆိုကိုယ်တိုင်က ချယ်လ်ဆီးက ထွက်ခွာချင်နေပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ဘာစီလိုနာကလည်း အလွန်ဆိုကို ခေါ်ယူချင်နေတဲ့အတွက် အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးပိုင်းသာ ကျန်ရှိနေပါတော့တယ်။ အလွန်ဆိုရဲ့ အသင်းဖော် ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကလည်း ချယ်လ်ဆီးနဲ့ တစ်နှစ်ထပ်တိုးတာကြောင့် ၂၀၂၃ခုနှစ်မှသာ သူရဲ့စာချုပ်က သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘာစီလိုနာဘက်ကတော့ အက်ဇ်ပီလီကွယ်တာကို အလိုရှိနေပြီး (၂)နှစ်စာချုပ်နဲ့ပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အက်ဇ်ပီလီကွယ်တာဟာ ချယ်လ်ဆီးရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်နေပေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံပြီး သူရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချဖို့အတွက် စောင့်ဆိုင်းလျက် ရှိနေကာ ဒီကစားသမားတွေ မတိုင်ခင်မှာလည်း ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကပါ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါသေးတယ်။ လက်ရှိအခြေအနေအရ ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးနောက်ခံလူတွေဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ အလွန်ဆိုတို့နှစ်ဦးကို သေချာပေါက် ခေါ်ယူနိုင်ဖွယ် ရှိနေပြီး အက်ဇ်ပီလီကွယ်တာကလည်း ကစားသမားဘဝက အနားမယူခင်မှာ စပိန်နိုင်ငံကို ပြန်သွားနိုင်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားဖွယ် ရှိနေပါတယ်။

ZAWGYI: ဘာစီလိုနာအသင်းကတော့ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးကို လာမယ့်စျေးကွက်အတွင်းမှာ အရခေါ်ယူနိုင်ဖို့အတွက် အပီအပြင် ကြိုးပမ်းလျက်ရှိနေပြီး အသင်းဘက်ကနေ ပြောင်းရွှေ့ကြေးသီးသန့်နဲ့ ကမ်းလှမ်းချက်တွေကို ဘိုင်ယန်မြူးနစ်ဘက်က ငြင်းဆန်လာခဲ့မယ်ဆိုပါက အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းအသုံးပြုသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။