ဘိုင်ယန်မြူးနစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူရေး ကိစ္စအပေါ် ဘာကြောင့် စိတ်ဝင်စားမှု လျော့ကျသွားနိုင်လဲ ဆိုတာ ဘန်လေ တိုက်စစ်မှူးဟောင်း ဂျန်အေ့ဂ်ျ ဂျော့တော့ဖ်က ရှင်းပြလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပေမယ့် သူဟာ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောထားပြီး၊ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပါတယ်။

အလားတူပဲ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ သရဲနီတို့နဲ့ စာချုပ်သက်တမ်း တနှစ် ကျန်ရှိနေသေးပေမယ့်၊ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ အနာဂတ် ဆက်ရှိနေဖို့ စိုးရိမ်စရာ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒီပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ယခုနှစ် နွေရာသီမှာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့မယ်ဆိုရင် သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တာဝန်ရှိသူတွေထံ တောင်းဆိုမှု ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝမ်ဒေါစကီးရဲ့ အနာဂတ် မသေချာ မရေရာသေးတဲ့ အနေအထားကြောင့် အသက် ၃၇နှစ်အရွယ် ယူနိုက်တက် တိုက်စစ်မှူးရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ်ဟာ ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သဘောမျိုး တရားဝင် ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် လီဝမ်ဒေါစကီးရဲ့ အနာဂတ်ဟာ ဘာတခုမှ မသေချာသေးပဲ အလွတ်သဘော ပြောဆိုမှုတွေသာ ရှိနေပါသေးတယ်။

ဒီလို အခြေအနေတွေကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ ဘလွန်းဒီအော် ၅ဆုရှင်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာ ဖြစ်နိုင်ကြောင်းနဲ့၊ တကယ်လို့ လီဝမ်ဒေါစကီးသာ ထွက်ခွာခဲ့ရင် သူ့နေရာမှာ ရော်နယ်လ်ဒိုနဲ့ အစားထိုးသင့်တယ်လို့ ဂျော့တော့ဖ်က အခုလို ပြောလိုက်ပါတယ်။ “တကယ်လို့ ဘိုင်ယန်မြူးနစ် အသင်းက လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ လက်လွှတ်လိုက်ရမယ်ဆိုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူတို့အတွက် ပြီးပြည့်စုံတဲ့ ကာလတို အနေနဲ့ အစားထိုးစရာ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။”

“ရော်နယ်လ်ဒိုဟာ ဘွန်ဒက်စ်လီဂါမှာ ကစားရရင် တရာသီကို လိဂ်သွင်းဂိုး အရေအတွက် ဂိုး၃၀နဲ့အထက် သွင်းယူ နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပွဲကြီးတွေမှာ ပြသခဲ့တဲ့ လီဝမ်ဒေါစကီးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး၊ သူတို့က ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားတာမျိုး ဖြစ်နိုင်ပါတယ်။” ရော်နယ်လ်ဒိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ် အသင်းအပြင်၊ စီးရီးအေ ထိပ်သီးကလပ် နာပိုလီ အသင်းလည်း ပါဝင်နေတယ်လို့ သိရပြီး၊ ချဲလ်ဆီး အသင်းကလည်း အဆိုပါ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းကို ဒီနွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါ့ကြောင် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးရဲ့ အနာဂတ်ဟာ ဘယ်အသင်းမှာ ဆက်ရှိသွားမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး၊ သူဟာ ယူနိုက်တက်ကနေ အချိန်မရွေး ထွက်ခွာသွား နိုင်ပေမယ့်၊ သရဲနီတို့ဟာ လက်ရှိအချိန်ထိ သူ့ရဲ့နေရာကို အစားထိုးဖို့ အစီအစဉ်တွေ ရှိမနေသေးတာ တွေ့ရပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲအရပ်ရပ် ၃၈ပွဲကစားပေးခဲ့ပြီး ၂၄ဂိုးသွင်းယူ ပေးနိုင်ခဲ့တဲ့အပြင် အသင်းဖော်တွေ အတွက်လည်း ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သရဲနီတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူးရဲ့ အနာဂတ်က သံသယဝင်စရာ ဖြစ်လာခဲ့ပြီး၊ ယခု နွေရာသီ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင်မှာ ကစားသမားကို စိတ်ပြောင်းဖို့ စည်းရုံးနိုင်မလား ဆိုတာ မသေချာသေးပါဘူး။

ZAWGYI: ဘိုင်ယန်မြူးနစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူရေး ကိစ္စအပေါ် ဘာကြောင့် စိတ်ဝင်စားမှု လျော့ကျသွားနိုင်လဲ ဆိုတာ ဘန်လေ တိုက်စစ်မှူးဟောင်း ဂျန်အေ့ဂ်ျ ဂျော့တော့ဖ်က ရှင်းပြလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပေမယ့် သူဟာ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောထားပြီး၊ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပါတယ်။