ဘာစီလိုနာ အသင်းရဲ့ ဂန္ဓဝင် ကစားသမားကြီး ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ အသင်းဟောင်းကို လိဒ်ယူနိုက်တက် တိုက်စစ်ကစားသမား ရာဖင်ဟာကို မြန်မြန်ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၂၅)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ လိဒ်ယူနိုက်တက် တိုက်စစ် ကစားသမား ရာဖင်ဟာ ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့လို ထိပ်တန်း အသင်းတွေနဲ့ သတင်းတွေ ကျယ်ကျယ် ပြန်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ နောက်ဆုံး ဘောလုံးရာသီ နှစ်ခု အတွင်း ထိပ်တန်း အဆင့် ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီးတဲ့ နောက် ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျ ခြင်းကို ခံနေရတဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရာဖင်ဟာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀)နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်တယ်လို့ နာမည်ကြီး သတင်းထောက် ဖေဘရီဇီယို ရိုမန်နိုက အတည်ပြုပြောကြားခဲ့ပေမဲ့ ဘာစီလိုနာက ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ဟာ နဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့ နောက် ဘာစီလိုနာ ဂန္ဓဝင် ကစားသမားကြီး ရော်နယ်ဒင်ဟိုက ” ဘာစီလိုနာ အနေနဲ့ ရာဖင်ဟာကို ခေါ်ယူစေချင်ပါတယ်၊ သူ့မှာ အရည်အသွေးကောင်းတွေ အများကြီး ရှိနေပါတယ်၊ သူက ဘာစီလိုနာနဲ့ အသားကျပါလိမ့်မယ် ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိရာဖင်ဟာရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့သူဟာ ချဲလ်ဆီးနဲ့ဘာစီလိုနာ တို့ရဲ့ ကစားသမား ဟောင်း ဒေကိုပဲ ဖြစ်ပါတယ်။

ဒေကို အနေနဲ့ ချဲလ်ဆီး သဘောတူညီမှု တွေရရှိလာခဲ့ပြီးတဲ့နောက် ဘာစီလိုနာထံမှ ရာဖင်ဟာကို စိတ်ဝင်စားမှုတွေ ပြလာချိန်မှာ စပိန်ကို ပြောင်းရွှေ့ဖို့ ထပ်မံကြိုး စားလာခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ဟာ ဟာ လက်ရှိမှာ လိဒ်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိဒ်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၃၅)ပွဲမှာ သွင်းဂိုး (၁၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ရာဖင်ဟာ အနေနဲ့ သူ့ရဲ့ သွင်းဂိုးတွေနဲ့ လိဒ်ယူနိုက်တက်ကို တန်းဆင်းရမယ့် အခြေအနေတွေကနေ လွတ်မြောက်အောင် ကယ်တင်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်မှာ ကစားနေရပေမဲ့ ရာဖင်ဟာရဲ့ ခြေစွမ်းတွေက အဆင့်တစ်ခုမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အပြောင်းအရွှေ့ ဈေးကွက်ဖွင့် ပြီဆိုတာနဲ့ ထိပ်တန်း အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ အပြိုင်လု ခြင်းကို ခံနေရခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်က ရာဖင်ဟာကို အရင်ဆုံး စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ ထက် ပိုပြီးတော့ နီးစပ်တဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး အသင်းထံကနေ စိတ်ဝင်စားမှုတွေကို ရရှိလာခဲ့ပြီးတဲ့နောက် ရာဖင်ဟာ ဟာ ချဲလ်ဆီးထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားခဲ့ပြီး ပြောင်းရွှေ့ကြေးက အစ ပေါင်သန်း (၆၀)နဲ့ ချဲလ်ဆီးနဲ့ လိဒ်ယူနိုက်တက်တို့ကြား သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း အပြောင်းအလဲ မြန်တတ်တဲ့ ရာဖင်ဟာတစ်ယောက် ဘာစီလိုနာ ထံကနေ စိတ်ဝင်စားမှုတွေရှိနေခဲ့တယ်ဆိုတာကို သိလာခဲ့ရပြီးတဲ့နောက်မှာတော့ ဘာစီလိုနာကိုပဲ ပြန် ပြောင်းရွှေ့ဖို့ စိတ်ပါလာခဲ့ ပြန်တာ ဖြစ်ပါတယ်။ ဆိုတော့ ရာဖင်ဟာ ရဲ့ လက်ရှိ အနေအထားဟာ အာဆင်နယ်၊ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ (၃) သင်းထဲက ဘယ်အသင်းကို ရောက်ရှိမယ်ဆိုတာ တပ်အပ်ပြောလို့ မရသေးတဲ့ အခြေအနေတွေ ရောက်ရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI: ဘာစီလိုနာ အသင်းရဲ့ ဂန္ဓဝင် ကစားသမားကြီး ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ အသင်းဟောင်းကို လိဒ်ယူနိုက်တက် တိုက်စစ်ကစားသမား ရာဖင်ဟာကို မြန်မြန်ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၂၅)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ လိဒ်ယူနိုက်တက် တိုက်စစ် ကစားသမား ရာဖင်ဟာ ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့လို ထိပ်တန်း အသင်းတွေနဲ့ သတင်းတွေ ကျယ်ကျယ် ပြန်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။