စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂါဗီကို စာချုပ်ပါလျော်ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂.၂ သန်း) ပေးချေကာ ခေါ်ယူသွားဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ မန်နေဂျာ ယာဂင်မ် ကလော့ပ်အနေနဲ့ အသင်းရဲ့ကွင်းလယ်အင်အားကို လာမယ့်နွေမှာ ဖြည့်တင်းဖို့အတွက် စောင့်ကြည့်နေပြီး မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား အော်ဟီလီယန် ချွာမန်နီကလည်း အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လာခဲ့တဲ့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အနေနဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့် အဆိုပါကွင်းလယ်လူရဲ့ ဦးစားပေးပြောင်းရွှေ့ချင်တဲ့ အသင်းက ရီးရဲလ်မက်ဒရစ်အသင်းသာ ဖြစ်နေခဲ့တာပါ။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ချွာမန်နီကို လက်လျှော့ဖိုအ့တွက် ပြင်ဆင်နေပြီး ဂါဗီကို နွေရာသီပစ်မှတ်ကစားသမားအဖြစ် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အဆိုပါဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ဂါဗီကို “ဈေးကွက်ထဲမှာ ကောင်းမွန်တဲ့ အခွင့်အရေး”လို့ ရှုမြင်နေပြီး ဂါဗီရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရိုသန်း ၅၀ (ပေါင် ၄၂.၂ သန်း)ကို ပေးချေဖို့အတွက် ပြင်ဆင်နေကြောင်း သိရပါတယ်။ ကလော့ပ်အနေနဲ့ ဘာဆာအသင်းအတွက် ဂါဗီစွမ်းဆောင်ခဲ့တာတွေအပေါ်မှာ အထင်ကြီးနေပြီး လီဗာပူးလ်အသင်းရဲ့ ကင်းထောက်ဌာနချုပ်ကလည်း အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ ရုတ်ချည်းတိုးတက်လာမှုကို အနီးကပ်စောင့်ကြည့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဂါဗီကို စာချုပ်သစ်ကမ်းလှမ်းထားပြီး သူ့ရဲ့ လက်ရှိစာချုပ်က နောက်နှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်အစောပိုင်းတုန်းက ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ယိုအန် လာပေါ်တာအနေနဲ့ ဂါဗီအနေနဲ့ စာချုပ်သစ်ကို သဘောတူညီချက်မရှိသေးတာအပေါ်မှာ စိုးရိမ်နေခဲ့ရကြောင်း ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

L’Esportiu သတင်းဌာနနဲ့ အစီအစဉ်တစ်ခုမှာ လာပေါ်တာက “သူ့ကိုယ်စားလှယ်တွေအနေနဲ့ အချိန်အကြာကြီးကြာတဲ့အထိ စားပွဲပေါ်မှာ စာချုပ်သက်တမ်းတိုးဖို့အတွက် စာချုပ်သစ် ရှိနေခဲ့ပြီးပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ဒါကို လက်ခံခဲ့တယ်ဆိုတဲ့ သတင်းမျိုးတော့ ကျွန်တော်တို့မှာ မရှိသေးဘူး”လို့ ပြောလာခဲ့ပါတယ်။ ဂါဗီအနေနဲ့ ကမ်းလှမ်းချက်ကို ငြင်းပါယ်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အသင်းဘက်က စိုးရိမ်နေသလားဆိုတဲ့အမေးမှာ လာပေါ်တာက “ဒါပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း နားမလည်နိုင်သေးဘူး”

“သူက ကျွန်တော်တို့အားလုံးကြိုက်တဲ့ ကစားသမားမျိုးပါပဲ။ သူက ၁၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ သူက လက်ရှိမှာရော ဘာစီလိုနာအသင်းနဲ့ ကြီးကျယ်တဲ့ အနာဂါတ်ပါ ရှိနေတဲ့ ကစားသမားမျိုးပါ။ ပြီးတော့ သူ့ရဲ့ ကိုယ်စားလှယ်တွေက ဘာကြောင့် ကစားပြီး နှိုင်းယှဉ်တာတွေ လုပ်နေမှန်းကို နားမလည်ပါဘူး။ ကျွန်တော်ထင်တာတော့ အသင်းရဲ့ ကမ်းလှမ်းမှုမျိုးပါပဲ။ ကျွန်တော်တို့ပေးတဲ့ လစာအဆင့်ကလည်း လက်ခံနိုင်တာထက်တောင် ပိုပါတယ်”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂါဗီကို စာချုပ်ပါလျော်ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂.၂ သန်း) ပေးချေကာ ခေါ်ယူသွားဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ မန်နေဂျာ ယာဂင်မ် ကလော့ပ်အနေနဲ့ အသင်းရဲ့ကွင်းလယ်အင်အားကို လာမယ့်နွေမှာ ဖြည့်တင်းဖို့အတွက် စောင့်ကြည့်နေပြီး မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား အော်ဟီလီယန် ချွာမန်နီကလည်း အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။