ချဲလ်ဆီးအသင်းရဲ့ နည်းပြတူချယ်ကတော့ လာမယ့်ရာသီအတွက် ကစားသမားများစွာကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အဓိကပစ်မှတ်ကတော့ နောက်ခံလူနေရာအတွက်ပဲ ဖြစ်ပါတယ်။ နောက်ခံလူတွေအပြင် တူချယ်က ဖန်တီးမှုကောင်းတဲ့ တိုက်စစ်ကစားသမား အလိုရှိနေပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေ ဖြစ်နေတဲ့ ဒမ်ဘီလီကို ခေါ်ယူချင်နေကြောင်းသိရှိရပါတယ်။

ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တူချယ်နဲ့ ဒမ်ဘီလီတို့ဟာ ချဲလ်ဆီးအသင်းမှာ ပြန်လည် လက်တွဲမလားစိတ်ဝင်စားစရာပါပဲ။ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို ၂၀၁၇ခု နှစ်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒဏ်ရာကြောင့် ပွဲကစားခွင့်တွေနည်းပါးနေခဲ့တာပါ။ ဒီရာသီမှာတော့ ဒမ်ဘီလီဟာ ပွဲကစားခွင့် ၁၉ ပွဲသာကစားပေးထားရပါသေးတယ်။ လက်ရှိမှာတော့ ဒဏ်ရာ ပြသနာတွေနဲ့ ကင်းဝေးနေပြီး ခြေစွမ်းပြန်လည်ပြသထားပါတယ်။

အသက် ၂၄နှစ်သာရှိသေးတဲ့ ဒမ်ဘီလီကတော့ ၂၀၂၂ ဂျွန်လမှာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဲဖြုတ်ရမှာဖြစ်ပြီး ယနေ့အချိန်အထိတော့ စာချုပ်သစ်မတိုးနိုင်သေးပါဘူး။ အကယ်၍ ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ခေါ်ယူခဲ့ပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်မှာပါ။ လက်ရှိချဲလ်ဆီး တိုက်စစ်ပိုင်းမှာတော့ လိုအပ်ချက်တွေရှိနေသေးပြီး သွင်းဂိုးတွေရရှိဖို့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒီပြသနာတွေကို ဒမ်ဘီလီတစ်ယောက် ဖြေရှင်းပေးသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာပါ။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဝါနာ အသင်းပြောင်းရွှေ့ရေးအတွက် ၎င်း၏အေးဂျင့်ဖြစ်သူသည် စီးရီးအေကလပ်အသင်း ၃ သင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့သိရပါတယ်။ အေစီမီလန်၊ ယူဗင်တပ်စ်နှင် အတ္တလန္တာ အသင်းတို့သည် ဝါနာ၏ အေးဂျင့်ဖြစ်သူ စထရုနှင့် တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း အီတလီမီဒီယာများက ဖော်ပြထားပါတယ်။

ဂျာမနီအခြေစိုက် လိုက်ပ်ဇစ်အသင်းတွင် ခြေစွမ်းပြပြီးနောက် ၂၀၂၀ တွင် ချဲလ်ဆီးသို့ရောက်ရှိလာသော ဝါနာသည် ပရီးမီးယားလိဂ်တွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင် ဖြစ်နေပါတယ်၊ဝါနာသည် ချဲလ်ဆီးအတွက် ၈၁ ပွဲကစားရာတွင် ၁၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဝါနာသည် ချဲလ်ဆီးတွင် ခြေစွမ်းမပြနိုင်သော်လည်း ဂျာမနီအသင်းတွင် ခြေစွမ်းပြနေပြီး ၎င်းအသင်း ပြောင်းမည်ဆိုပါက ခေါ်ယူလိုသော အသင်းများစွာရှိနေပါတယ်၊

ဒါပေမယ့် ဝါနာ၏ မြင့်မားသော လစာနှင့် ချဲလ်ဆီးအသင်း ကစားသမားအပြောင်းအရွှေ့ အပိတ်ခံထားရခြင်းများက ဝါနာ၏ အပြောင်းအရွှေ့ကို ဒုက္ခပေးဖွယ်ရှိပါတယ်။ ချဲလ်ဆီး၏ ရှေ့တန်းတွင် အသက် ၂၆ နှစ်အရွယ်ရှိ ဝါနာက ရုန်းကန်နေရသလို လူကာကူကလည်း ပုံမှန်ခြေစွမ်းမပြနိုင်ခြင်းများကြောင့် အသင်းမန်နေဂျာ တူချယ်သည် ယုံကြည်ရသော တိုက်စစ်မှူး မရှိသည့် ပြဿနာကို ရင်ဆိုင်နေရပါတယ်၊လက်ရှိ ချဲလ်ဆီးအသင်း၏ တိုက်စစ်မှူးနေရာတွင် ဟာဗက်ဇ်က ကစားနေပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းရဲ့ နည်းပြတူချယ်ကတော့ လာမယ့်ရာသီအတွက် ကစားသမားများစွာကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အဓိကပစ်မှတ်ကတော့ နောက်ခံလူနေရာအတွက်ပဲ ဖြစ်ပါတယ်။ နောက်ခံလူတွေအပြင် တူချယ်က ဖန်တီးမှုကောင်းတဲ့ တိုက်စစ်ကစားသမား အလိုရှိနေပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေ ဖြစ်နေတဲ့ ဒမ်ဘီလီကို ခေါ်ယူချင်နေကြောင်းသိရှိရပါတယ်။