ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွါဖို့ရှိနေတဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်း ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်ဆုံးက ရေပန်းစားနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီကို ချိတ်ဆက်နေခဲ့တဲ့ အချိန်ကာလတစ်ခုထိ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ဒမ်ဘီလီနဲ့ ဒေါ့မွန်မှာတုန်းက တစ်ရာသီကြာလက်တွဲခဲ့ဖူးတဲ့ လက်ရှိချဲလ်ဆီးအသင်းမန်နေဂျာ သောမက်စ် တူဟယ်လ်ကလည်း တပည့်ဟောင်းနဲ့ ပြန်လည်ပူးပေါင်းလိုနေတာဖြစ်ပါတယ်။

talkSPORT အစီအစဉ်တစ်ခုမှာ ဖော်ပြချက်အရတော့ ဒမ်ဘီလီအနေနဲ့ ကာတာလန်ဒေသ အခြေစိုက်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပျက်ပြယ်သွားခဲ့ပြီး နူးကမ့်ကနေ ထွက်ခွါတော့မှာဖြစ်သလို ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ချိန်မှာ ပြင်သစ်သားကတော့ တော့ဒ် ဘိုးလီရဲ့ ခေတ်သစ်ချဲလ်ဆီးအတွက် ပထမဆုံးခေါ်ယူမှု ဖြစ်လာနိုင်တာပါ။ ဒမ်ဘီလီအနေနဲ့ ရင်းနေးအသင်းမှာ ကြီးမားတဲ့ အလားအလာကောင်းတွေကို ပြသနိုင်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ပြီး တူဟယ်လ်ရဲ့ လက်အောက်မှာ အစွမ်းကုန်တောက်ပလာခဲ့တဲ့သူ့ကို ဘာစီလိုနာအသင်းက ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၂၆ သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အဆိုပါနွေရာသီမှာတင် ဘာစီလိုနာအသင်းကို စွန့်ခွါသွားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး နေမာရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားလို့ သုံးသပ်ခံခဲ့ရပေမယ့်လည်း အဆိုပါနေရာကို ဖြည့်တင်းဖို့အတွက် ဒမ်ဘီလီအဖို့တော့ ကြီးမားလွန်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့တာပါ။ အကြောင်းကတော့ ဒမ်ဘီလီအနေနဲ့ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့ခြင်း မရှိတော့သလို သူ့ရဲ့တိုးတက်မှုကလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

စပိန်မှာ ၅ နှစ်ကြာ ကစားခဲ့ပြီးနောက် ဒမ်ဘီလီအနေနဲ့ ပွဲပေါင်း ၁၅၀ မှာ သွင်းဂိုး ၃၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်ရယူနိုင်ခဲ့သလို ကိုပါဒယ်ရေးဖလား ၂ ကြိမ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားသမားတစ်ဦးအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ ရိုမဲလူ လူကာကူး၊ ခရစ္စတီယန် ပူလီဆစ်ချ်၊ တီမို ဗာနာ၊ ဟာကင်မ် ဇီးယက်ရှ်နဲ့ ကိုင် ဟားဗက်ဇ်တို့လို့ ကစားသမားတွေ အများအပြား ရှိနေပေမယ့်လည်း ဂိုးပုံမှန်သွင်းပေးနိုင်မယ့် သွင်းဂိုးအာမခံချက်ရှိတဲ့ ကစားသမားတော့ မရှိပါဘူး။

ဒမ်ဘီလီအနေနဲ့ စာရွက်ပေါ်က လူစာရင်းအရတော့ အဆိုပါကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လာလီဂါသွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် ကောင်းမွန်တဲ့ အခွင့်အရေးဖန်တီးမှုတွေကိုတော့ ဂိုးဖန်တီးမှု ၁၃ ကြိမ်နဲ့အတူ ပြသထားနိုင်ခဲ့တာပါ။ သူ့အနေနဲ့ ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ ကုန်ကျစေမှာမဟုတ်ချိန်မှာ မြင့်မားလှတဲ့ လစာငွေကိုတော့ လိုချင်နေပြီး အဆိုပါအချက်က ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တွေအတွက် ခေါင်းစားစေမှာဖြစ်ပေမယ့် တစ်ဖက်မှာတော့ အင်တာမီလန်အသင်းဘက်က လူကာကူးကို အငှါးနဲ့ခေါ်ယူလိုနေတာကြောင့် ပြင်သစ်သားရဲ့လစာငွေအတွက် နေရာလွတ်ပြန်လည်ရှာဖွေပြီးသား ဖြစ်နိုင်တဲ့တစ်ချက်ကတော့ အခွင့်ကောင်း ဖြစ်နေစေပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွါဖို့ရှိနေတဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်း ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်ဆုံးက ရေပန်းစားနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီကို ချိတ်ဆက်နေခဲ့တဲ့ အချိန်ကာလတစ်ခုထိ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ဒမ်ဘီလီနဲ့ ဒေါ့မွန်မှာတုန်းက တစ်ရာသီကြာလက်တွဲခဲ့ဖူးတဲ့ လက်ရှိချဲလ်ဆီးအသင်းမန်နေဂျာ သောမက်စ် တူဟယ်လ်ကလည်း တပည့်ဟောင်းနဲ့ ပြန်လည်ပူးပေါင်းလိုနေတာဖြစ်ပါတယ်။