ဘာစီလိုနာ နဲ့ နယ်သာလန် လက်ရွေးစင် အသင်းတွေရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဖရန်ကီ ဒီဂျောင် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချိတ်ဆက််မှု အကြောင်း အမေးခံလိုက်ရချိန်မှာတော့ ရယ်မောပြီး အဖြေပြန်ပေးခဲ့လိုက်ပါတယ် ။

ဒီနေ့ နံနက် နယ်သာလန်တို့ ပိုလန် လက်ရွေးစင် အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ ဒီဂျောင်ဟာ ပွဲထွက် ကစားသမား အဖြစ် ပြန်လည် ပါဝင်ခွင့် ရရှိခဲ့ပြီး ပွဲချိန် မိနစ် 90 အပြည့် ကစားခွင့် ရရှိသွားခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ကွင်းလယ် ကစားသမား တစ်ဦးကို အမိအရ ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ အဲရစ် တန်ဟတ် ရဲ့ တပည့်ဟောင်းဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ပေါင် 75 သန်း အထိ သုံးစွဲသွားဖွယ် ရှိနေပါတယ် ။

ဒါ့အပြင် အခြားတဖက်မှာ ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဖြစ်သူ ဇာဗီ က ဒီဂျောင်ကို နှစ်သက်ကြောင်း ပြောခဲ့ပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အတွက်် နယ်သာလန်သားကို ရောင်းထုတ်သွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်နေခဲ့ပါတယ် ။

ကစားသမား ကိုယ်တိုင်ကတော့ ဘာစီလိုနာ အသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပေမဲ့ သူ့ရဲ့ ဘဝကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြဟောင်း တန်ဟတ် ၊ အသင်းဖော်ဟောင်း ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ ပြန်လည် ပေါင်းထုတ် သွားနိုင်ခြေ ရှိနေခဲ့ပါတယ် ။

ဒါပေမဲ့ ပိုလန် နဲ့ ပွဲစဥ် အပြီး သတင်းထောက် ဖြစ်သူက ကတ်တလန် ဒေသ ရဲ့ ကမ်းခြေတွေကနေ မန်ချက်စတာရဲ့ အေးခဲမှုတွေဆီ သွားရောက်လိုနေသလားလို့ အမေးခံလိုက်ရချိန်မှာတော့ ဒီဂျောင် က အားရပါးရ ရယ်မောခဲ့လိုက်ပြီး ‘ နိုး ၊ ဒါကို မဖြေနိုင်သေးဘူး ‘ ပြန်ပြာခဲ့လိုက်ပါတယ် ။

သတင်းထောက် : ” မင်းအနေနဲ့ ကတ်တလန် ဒေသရဲ့ ကမ်းခြေတွေမှသည် မန်ချက်စတာရဲ့ အေးခဲမှုတွေဆီ သွားရောက်လိုသလား ” လို့ မေးခဲ့တဲ့ အခါမှာတော့ … ဒီဂျောင် : ” ငါ မဖြေနိုင်ဘူး ၊ ငါ ဘာကိုမှ မဖြေနိုင်သေးပါဘူး ” လို့ ရယ်မောရင်း ပြန်လည် ဖြေကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ဟာ အခုတစ်ပါတ် သောကြာနေ့မှာ တရားဝင် ဖွင့်လှစ်သွားဖို့ ရှိနေပါတယ် ။ ဖရန်ကီ ဒီဂျောင် ကတော့ ဘာစီလိုနာ အသင်းနဲ့ 2026 ထိ စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ် ။

ZAWGYI: ဘာစီလိုနာ နဲ့ နယ်သာလန် လက်ရွေးစင် အသင်းတွေရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဖရန်ကီ ဒီဂျောင် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချိတ်ဆက််မှု အကြောင်း အမေးခံလိုက်ရချိန်မှာတော့ ရယ်မောပြီး အဖြေပြန်ပေးခဲ့လိုက်ပါတယ် ။