ဆာဒီယိုမာနေးက ဘာကြောင့် သူ့အနေနဲ့ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွေ့ရန် ရွေးချယ်မှု ပြုလုပ်ခဲ့သလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ လီဗာပူးဟာ အသက် ၃၀ အရွယ် တိုက်စစ်မှုးကို ဘိုင်ယန်မြူးနစ် အသင်းထံ ပေါင် ၃၅ သန်းနဲ့ ရောင်းချဖို့ အတွက် သဘောတူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မာနေးဟာ လီဗာပူးနဲ့ ၆ နှစ်ကြာ လက်တွဲခဲ့မှုကို အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။ မာနေးဟာ မနေ့က ဘွန်ဒက်လီဂါ ချန်ပီယံ ကလပ်နဲ့ ဆေးစစ်မှုတွေ ခံယူသွားဖို့ အတွက် မြူးနစ်ကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက် ဆိုရှယ်မီဒီယာတွေမှာ ဆီနီဂေါစတားရဲ့ ဘိုင်ယန်မြူးနစ် Training Gear ကို ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မာနေးကို ခေါ်ယူနိုင်ခဲ့ကြောင်း ယနေ့မှာ တရား၀င် ကြေငြာသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ ဘိုင်ယန်ကို ပြောင်းရွေ့ခဲ့တာနဲ့ ပက်သက်ပြီး မာနေးရဲ့ အင်တာဗျူး ကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ မာနေးက သူ့အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စိတ်၀င်စားမှုကို ကြားခဲ့ရတာနဲ့ တစ်ပြိုင်နက် ချက်ချင်း စိတ်လှုပ်ရှားမိခဲ့တယ်လို့ ၀န်ခံခဲ့ပြီး အဲဒီနောက် မြူးနစ်ကို ပြောင်းရွေ့ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ ထုတ်ဖော်လိုက် ပါတယ်။

မာနေးက “ဘိုင်ယန်ရဲ့ စိတ်၀င်စားမှုကို ရနေကြောင်း ကျွန်တော့်ရဲ့ အေးဂျင့်က ပထမဦးဆုံး ပြောလာခဲ့တဲ့ အချိန်မှာ ကျွန်တော် ချက်ချင်း စိတ်လှုပ်ရှားသွား ခဲ့ပါတယ်။ ကျွန်တော် အဲဒီမှာ ကစားနိုင်လိမ့်မယ်လို့လည်း ကိုယ့်ကိုကိုယ် မြင်ခဲ့မိပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးကြယ်ဆုံး ကလပ်တွေ ထဲက တစ်ခု ဖြစ်ပြီး ဘိုင်ယန်ဟာ အမြဲတမ်း ဆုဖလားတိုင်း အတွက် တိုက်ပွဲ၀င်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒ့ါကြောင့် အဲဒီကို ပြောင်းရွေ့တာဟာ ကျွန်တော့် အတွက် အရမ်းကို ကောင်းမွန်တဲ့ အိုင်ဒီယာ နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အေးဂျင့်က အခြား ကလပ်တွေ ကလည်း ကျွန်တော်နဲ့ ပက်သက်ပြီး စုံစမ်းမှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ business ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် ဘိုင်ယန် ဘက်က ကျွန်တော့်ကို သူတို့ရဲ့ အစီအစဉ် ချပြလိုက်ချိန်မှာ ကျွန်တော် ချက်ချင်းဆိုသလို feeling ရသွားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အခြား အသင်းတွေထက် စာရင် ဘိုင်ယန်ရဲ့ plan ကို သဘောကျဆုံး ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။ မာနေးဟာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ၃ ကြိမ် တက်ရောက်နိုင်ခဲ့ကာ ၁ ကြိမ် ဗိုလ်စွဲထားခဲ့သူ ဖြစ်ပြီး ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အရေးနဲ့ ပက်သက်ပြီးလည်း မေးမြန်းမှု ခံခဲ့ရပါတယ်။

မာနေးက “ကျွန်တော် no လို့ မပြောချင်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘောလုံးသမားတိုင်းဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးချင်ကြပါတယ်။ ကျွန်တော်ဟာ အခုဆိုရင် ဒီဆုဖလားကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ကလပ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ် အကြောင်း ပြောဖို့ဆိုတာ တအား စောနေပါသေးတယ်။ ကျွန်တော်တို့ တစ်ပွဲတောင် အတူ ကစားရခြင်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမှာပါ။”

ZAWGYI: ဆာဒီယိုမာနေးက ဘာကြောင့် သူ့အနေနဲ့ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွေ့ရန် ရွေးချယ်မှု ပြုလုပ်ခဲ့သလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ လီဗာပူးဟာ အသက် ၃၀ အရွယ် တိုက်စစ်မှုးကို ဘိုင်ယန်မြူးနစ် အသင်းထံ ပေါင် ၃၅ သန်းနဲ့ ရောင်းချဖို့ အတွက် သဘောတူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မာနေးဟာ လီဗာပူးနဲ့ ၆ နှစ်ကြာ လက်တွဲခဲ့မှုကို အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။ မာနေးဟာ မနေ့က ဘွန်ဒက်လီဂါ ချန်ပီယံ ကလပ်နဲ့ ဆေးစစ်မှုတွေ ခံယူသွားဖို့ အတွက် မြူးနစ်ကို ရောက်ရှိလာခဲ့ပါတယ်။