ပေါင် ၅၁ သန်းတန်စာချုပ်ဖျက်သိမ်းကြေးသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးခေါ်ထားတဲ့ ဘိုရပ်ရှားဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို တရားဝင်လက်မှတ်ထိုးပြီးခဲ့ပြီဖြစ်ကြောင်း မန်ချက်စတာစီးတီးတို့က ကြေညာလိုက်ပါတယ်။ ဒေါ့မွန်တို့ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းတည်းပေးရတာဖြစ်ပေမဲ့ အေးဂျင့်ခ၊ ကစားသမားကိုပေးရတဲ့ လက်မှတ်ထိုးကြေးဘောနပ်စ်နဲ့ အခြားအထွေထွေကုန်ကျစရိတ်များပေါင်းပြီး အက်ဒ်အွန်မပါသေးတဲ့ ကနဦးကုန်ကျစရိတ် ပေါင် ၈၅.၅ သန်းကုန်ကျတယ်လို့ တွက်ချက်သိရှိထားပါတယ်။

နော်ဝေးတိုက်စစ်မှူးက တပတ်လုပ်ခလစာ ပေါင်လေးသိန်းနဲ့ မန်စီးတီးတို့နဲ့ ၅ နှစ်စာချုပ်လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ဟာ ကျနော်နဲ့ ကျနော့်မိသားစုအတွက် ဂုဏ်ယူရတဲ့နေ့တနေ့ဖြစ်ပါတယ်။” လို့ သူ့ရဲ့အပြောင်းအရွှေ့ပြီးစီးချိန်မှာ မန်စီးတီးဒေါ့ကွန်းကို ဟာလန်းကပြောပါတယ်။ “စီးတီးတို့ကို ကျနော်အမြဲတမ်းကြည့်နေခဲ့တာဖြစ်ပြီး လတ်တလောရာသီတွေမှာလည်း အဲဒီလိုကြည့်နေခဲ့ရတာကို သဘောကျခဲ့ပါတယ်။ သူတို့ရဲ့ကစားပုံစတိုင်ကို ခင်ဗျားမကြိုက်ဘဲမနေနိုင်ဘူးလေ၊ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး သူတို့က အခွင့်အရေးတွေ အများကြီးဖန်တီးပါတယ၊ ဒါဟာ ကျနော့်လိုကစားသမားတယောက်အတွက် အပြည့်စုံဆုံးပါပဲ။”

“ဒီလူစာရင်းထဲမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အရမ်းကိုအများကြီးရှိနေပြီး ပက်ဟာ ထာဝရအကြီးကျယ်ဆုံးမန်နေဂျာများထဲက တဦးဖြစ်ပါတယ်၊ ဒီတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းဖို့ မှန်ကန်တဲ့နေရာမှာ ကျနော်ရှိနေတာလို့ ယုံကြည်ပါတယ်။ ကျေနာ် ဂိုးတွေသွင်းချင်တယ်၊ ဆုဖလားတွေ အနိုင်ရချင်တယ်၊ ကစားသမားတယောက်အနေနဲ့ တိုးတက်ချင်ပါတယ်၊ ဒါကို ဒီမှာ ကျနော်လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။ ဒါက ကျနော့်အတွက် ကြီးကျယ်တဲ့အရွှေ့တခုဖြစ်ပြီး ရာသီကြိုစတင်ဖို့ မစောင့်နိုင်လောက်အောင်ပါပဲ။”

လို့ ဟာလန်းကပြောပါတယ်။ ၂၀၂၀၊ ဇန်နဝါရီမှာ အာဘီဆော့လ်ဘာ့ဂ်ကနေ ဒေါ့မွန်ကိုပြောင်းလာပြီးချိန်ကစလို့ ပွဲပေါင်း ၈၉ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၈၆ ဂိုးသွင်းခဲ့ပါတယ်။ မန်စီးတီးဘောလုံးဒါရိုက်တာ ချီကီဘက်ဂီရီစတိန်းကလည်း “အခုဆိုရင် ဟာလန်းကို ကျနော်တို့စောင့်ကြည့်လာတာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ၊ ဒီတော့ ဒီမှာ မန်ချက်စတာစီးတီးဆီ သူ့ကိုခေါ်လာနိုင်လို့ ကျနော်တို့ဝမ်းမြောက်နေပါတယ်။”

“သူက ကြီးမားတဲ့ပါရမီရှင်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ဥရောပတလွှား အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဂိုးသွင်းမှတ်တမ်းက သာမန်ထက်ထူးကဲသာလွန်ပြီး အမြင့်ဆုံးလယ်ဗယ်မှာ သူအောင်မြင်နိုင်တယ်ဆိုတာကို ဘိုရပ်ရှားဒေါ့မွန်နဲ့ အထူးသဖြင့် ချန်ပီယံလိဂ်မှာ သူ့ရဲ့ပါဖောမန့်တွေက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ တိုက်စစ်မှူးတယောက်ဆီမှာ ကျနော်တို့လိုချင်တာတွေအားလုံး အာလင်းဆီမှာရှိနေပြီး ဒီလူစာရင်းနဲ့ ဒီစစ်စတမ်မှာ သူကအကောင်းဆုံးဖြစ်လာမယ်လို့ ကျနော်တို့ သေချာပါတယ်။”

“သူ့ရဲ့မြင့်တက်မှုက သတိပြုမိဖွယ်ဖြစ်ပါတယ်၊ ဒါပေမဲ့ သူက အခုမှ ၂၁ နှစ်တည်းရှိသေးတာပါ။ သူ့ရဲ့အကောင်းဆုံးနှစ်တွေ သူ့ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပက်နဲ့အလုပ်လုပ်ပြီး သူပိုတောင်ကောင်းလာနိုင်တယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျနော်တို့ကလပ်အတွက် ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့လက်မှတ်ထိုးမှုတခုဖြစ်ပြီး ဒီအသင်းမှာ အာလင်းကစားတာကိုကြည့်ပြီး ကျနော်တို့ဖန်တွေ ကျေနပ်ကြမယ်ဆိုတာ သေချာပါတယ်။” လို့ ဆိုပါတယ်။

ZAWGYI: ပေါင် ၅၁ သန်းတန်စာချုပ်ဖျက်သိမ်းကြေးသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးခေါ်ထားတဲ့ ဘိုရပ်ရှားဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို တရားဝင်လက်မှတ်ထိုးပြီးခဲ့ပြီဖြစ်ကြောင်း မန်ချက်စတာစီးတီးတို့က ကြေညာလိုက်ပါတယ်။ ဒေါ့မွန်တို့ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းတည်းပေးရတာဖြစ်ပေမဲ့ အေးဂျင့်ခ၊ ကစားသမားကိုပေးရတဲ့ လက်မှတ်ထိုးကြေးဘောနပ်စ်နဲ့ အခြားအထွေထွေကုန်ကျစရိတ်များပေါင်းပြီး အက်ဒ်အွန်မပါသေးတဲ့ ကနဦးကုန်ကျစရိတ် ပေါင် ၈၅.၅ သန်းကုန်ကျတယ်လို့ တွက်ချက်သိရှိထားပါတယ်။