လီဗာပူးစတား ဆာဒီယိုမာနေးက ဘာကြောင့်သူအန်ဖီးလ်ကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ရသလဲဆိုတဲ့မေးခွန်းအပေါ် ပွင့်ပွင့်လင်းလင်းပဲဖြေကြားလိုက်ပြီး သူ့ရဲ့အပြောင်းအရွှေ့အပေါ် တိတ်ဆိတ်နေမှုကိုဖြိုခွဲလိုက်ပါတယ်။ ဆီနီဂေါမီဂါစတား မာနေးဟာ လီဗာပူးတို့နဲ့စာချုပ်သစ်ချုပ်ဆိုခြင်းအတွက် ဆွေးနွေးဖို့အတွက် ငြင်းပယ်ခဲ့ပြီးနောက် အသင်းပြောင်းဖို့အတွက်ပဲဆုံးဖြတ်ခဲ့သူဖြစ်ပြီး အနာဂတ်အကြောင်းတွေကို ချန်ပီယံလိဂ်ဖိုင်နယ်ပြီးမှစဉ်းစားမယ်လို့ဆိုထားခဲ့သူဖြစ်ပါတယ်။

အဆိုပါအချိန်ကတည်းကနေ အခုအချိန်အထိ တိတ်ဆိတ်နေခဲ့တဲ့ ဆာဒီယိုမာနေးဟာ မက်ဒရစ်နဲ့ဖိုင်နယ်ပွဲအပြီးမှာလဲအင်တာဗျူးမပေးခဲ့ပဲ အခုတော့ ဘီနင်နဲ့ အာဖရိကဖလားအတွက် ခြေစစ်ပွဲကစားဖို့လက်ရွေးစင်အသင်းကိုပြန်ရောက်နေချိန်မှာတော့ ဒေသတွင်းမီဒီယာတွေကိုအခုလိုပြောလိုက်ပါတယ်။ “အခြားလူတိုင်းလိုပါပဲ ကျနော်လဲ လူမှုကွန်ယက်ပေါ်မှာရှိနေပြီး ဝင်ရေးကြတဲ့မှတ်ချက်ကွန်းမန့်တွေကိုကျနော်မြင်တွေ့နေတာပါပဲ။ ဆီနီဂေါလူမျိုး ၆၀ကနေ၇၀ ရာခိုင်နှုန်းလောက်က ကျနော့်ကို လီဗာပူးကနေထွက်ခွာစေချင်နေကြတာမလား?”

” သူတို့ဖြစ်စေချင်တာကို ကျနော်လုပ်ပေးမှာဖြစ်ပါတယ်။ ကျနော်တို့ မကြာမီကြည့်ကြသေးတာပေါ့။ အရမ်းမလောကြပါနဲ့ဦး။ ဘာလို့လဲဆိုတော့ မကြာခင်မှာ ကျနော်တို့ ဒါကိုအတူတကွမြင်ကြရမှာပါ။ အနာဂတ်က ကျနော်တို့ကိုစကားပြောသွားပါလိမ့်မယ်။” လို့မာနေးက လီဗာပူးကနေပြောင်းမယ်ဆိုတာကိုအတည်ပြုပြီး ဘာကြောင့်ပြောင်းရသလဲဆိုတာကိုပါရှင်းပြလိုက်ကာ ပြောင်းမဲ့အသင်းကိုတော့ပြောမသွားခဲ့သေးပါဘူး။

မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ရာသီနှောင်းပိုင်းကာလတွေမှာ သတင်းထွက်ခဲ့ပေမဲ့ အခုတော့ အင်္ဂလိပ်မီဒီယာတွေရဲ့အဆိုအရ ၁၂လစာချုပ်ကျန် ဆီနီဂေါစတားအတွက် ဈေးဆစ်နေတဲ့ဂျာမန်ကလပ်ကြောင့် ပေါင်၄၂သန်းခွဲပမာဏကိုပေးချေနိုင်မဲ့ကလပ်နှစ်ခုဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့PSGတို့ပါ ဒီပြိုင်ပွဲထဲကိုဝင်ရောက်လာခဲ့ပြီလို့ ဆိုထားကြပါတယ်။

ZAWGYI: လီဗာပူးစတား ဆာဒီယိုမာနေးက ဘာကြောင့်သူအန်ဖီးလ်ကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ရသလဲဆိုတဲ့မေးခွန်းအပေါ် ပွင့်ပွင့်လင်းလင်းပဲဖြေကြားလိုက်ပြီး သူ့ရဲ့အပြောင်းအရွှေ့အပေါ် တိတ်ဆိတ်နေမှုကိုဖြိုခွဲလိုက်ပါတယ်။ ဆီနီဂေါမီဂါစတား မာနေးဟာ လီဗာပူးတို့နဲ့စာချုပ်သစ်ချုပ်ဆိုခြင်းအတွက် ဆွေးနွေးဖို့အတွက် ငြင်းပယ်ခဲ့ပြီးနောက် အသင်းပြောင်းဖို့အတွက်ပဲဆုံးဖြတ်ခဲ့သူဖြစ်ပြီး အနာဂတ်အကြောင်းတွေကို ချန်ပီယံလိဂ်ဖိုင်နယ်ပြီးမှစဉ်းစားမယ်လို့ဆိုထားခဲ့သူဖြစ်ပါတယ်။